YOMA Land နှင့် iMyanmarHouse.com တို့ပူးပေါင်း၍ မြန်မာပြည်သူပြည်သားများ အိမ်ပိုင်ဆိုင်မှုမြင့်တက်ရန် တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲ ကျင်းပမည်
YOMA Land နှင့် iMyanmarHouse.com တို့ပူးပေါင်း၍ မြန်မာပြည်သူပြည်သားများ အိမ်ပိုင်ဆိုင်မှုမြင့်တက်ရန် တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲ ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
10 Jul 2019 3:51 pm တွင် တင်ခဲ့သည်
21934 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
အသေးစိတ် သိရှိလိုပါက
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ Yoma Land မှတည်ဆောက်နေသော City Loft တန်ဖိုးသင့်အိမ်ရာ အရောင်းပြပွဲကြီးကို ၂ဝ၁၉ ခုနှစ် ၊ ဇူလိုင်လ (၁၃) နှင့် (၁၄) ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင်၊ နံနက် (၉) နာရီ မှ ညနေ (၅)နာရီ အထိ အဆိုပါစီမံကိန်းတည်ရှိရာ ရန်ကုန်မြို့ ၊ သံလျင်အမှတ် (၁) တံတားအဆင်း Star City အိမ်ရာဝင်းအတွင်းရှိ Sales Gallery တွင်ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
မြန်မာပြည်၏ အထင်ကရ အိမ်ရာစီမံကိန်းများဖြစ်သည့် FMI အိမ်ရာ ၊ Pun Hlaing အိမ်ရာတို့ကို တည်ဆောက်ခဲ့သည့် YOMA Land မှတည်ဆောက်နေခြင်းဖြစ်၍ အဆောက်အဦး အရည်အသွေး စိတ်ချယုံကြည်ရမည်ဖြစ်သည်။
City Loft အိမ်ရာစီမံကိန်းတွင် Tower (၁၁) လုံး တည်ဆောက်လျှက်ရှိပြီး အခန်းပေါင်း ( ၁၃၅၁ ) ခန်း ပါဝင်ပါမည်။ အခန်းအမျိုးအစားများအနေဖြင့် Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အခန်းအကျယ်အဝန်း 312 sqft မှ 958 sqft အထိ ရွေးချယ်နိုင်မည်ဖြစ်သည်။ အခန်းတန်ဖိုးများမှာ ကျပ်ငွေ သိန်း(၄၀၀) ကျော်မှ (၁၄၀၀) ကျော်အထိဖြစ်ပြီး အခန်းအမျိုးအစားပေါ်မူတည်၍ လစဉ်အနည်းဆုံး (၅)သိန်းဝန်းကျင် ပေးသွင်းရုံဖြင့် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အိမ်ရာဝန်းအတွင်း Facilities များအနေဖြင့် ဂေါက်ကွင်း ၊ ရေကူးကန် ၊ ကလေးကစားကွင်း ၊ အားကစားခန်းမ ၊ ပန်းခြံစသဖြင့် ပြည့်စုံစွာပါဝင်မည့်အပြင် ပန်းလှိုင်ဆေးခန်း ၊ သွားဘက်ဆိုင်ရာ ဆေးခန်း ၊ Spa and Body Massage ၊ အလှပြင်ဆိုင် ၊ ကော်ဖီဆိုင် နှင့် အခြားစားသောက်ဆိုင်များ ၊ City Mart စူပါမားကတ် ၊ ၂၄ နာရီ City Express ၊ ဘဏ် နှင့် ATM များ ၊ Dulwich International School နှင့် ဘတ်(စ်)ကားဂိတ်တို့ ရှိနေမည်ဖြစ်သည်။
ယခုကျင်းပမည့် အရောင်းပြပွဲအတွင်းတွင် ပထမဆုံးဝယ်ယူသူ (၁၀) ဦးကို iPad mini / Beko Coffee maker နှင့် Bean bags စသည့် လက်ဆောင်များပေးမည်ဖြစ်သည်။ ဘဏ်ဖြင့်ချိတ်ဆက်၍ နှစ်ရှည်အရစ်ကျစနစ်များဖြင့်လည်း ရောင်းချပေးမည်။
“ ဒီ City Loft အိမ်ရာစီမံကိန်းဟာဆိုရင် Star City အိမ်ရာဝန်းအတွင်း တည်ရှိပြီး Star City အခန်းများထက် တဝက်ခန့် သက်သာတဲ့ ဈေးနှုန်းများနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ သိန်း ၄၀၀ ကျော်မှစတင်ဝယ်ယူနိုင်မဲ့ ဒီအိမ်ရာမှာ မယုံကြည်နိုင်အောင် များပြားတဲ့ facilities တွေပါပါတယ်။ တစ်လကို (၅) သိန်းဝန်းကျင် ပေးသွင်းရုံနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ဝင်ငွေအလယ်အလတ်ရှိတဲ့ Working Professional များအတွက် အထူးသင့်လျှော်ပါတယ်။ မိဘဆီမှ ပိုက်ဆံ ပြန်တောင်းစရာမလိုဘဲ မိမိလစာဖြင့် တနိုင်တပိုင် ဝယ်ယူနိုင်မှာပါ။ သူငယ်ချင်းနှစ်ယောက်ပေါင်း လစာဖြင့်လည်း ဝယ်ယူနိုင်ရန် ငွေပေးချေမှုပုံစံကိုလည်း အကောင်းဆုံး စီစဉ်ပေးထားပါတယ်။ " ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
" City Loft အိမ်ရာဝန်းအတွင်း ဝင်လိုက်တာနဲ့ မျက်စိတဆုံး စိမ်းလန်းတဲ့ မြက်ခင်းတွေ ရှု့မြင်နိုင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ လေကို တဝကြီး ရှုရှိုက်နိုင်မှာမို့ ဘဝအမောတွေ ပြေစေမှာပါ။ သင်္ဘောဆိပ်ကမ်းများလည်းဆောက်လုပ်နေပြီး ပန်းဆိုးတန်းဆိပ်ကမ်းသို့ မိနစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်မှာဖြစ်တဲ့အပြင် လာမည့် (၂၀၂၁) ခုနှစ်မှာ လေးလမ်းသွားတံတားအသစ် ဆောက်လုပ်မှာပါ ။ ဒါ့အပြင် အိမ်ရာဝန်းအနီးမှာ ဘတ်စ်ကားဂိတ်များလည်း စီစဉ်ပေးသွားဦးမှာ ဖြစ်ပါတယ်။ သီလဝါ စီးပွားရေးဇုန်ကလည်း တဟုန်ထိုး ဖွင့်ဖြိုးနေတာနဲ့အမျှ သန်လျင်မြို့ မြေဈေး အိမ်ဈေးများလည်း ကောင်းလာမှာဖြစ်တဲ့အတွက် City Loft မှာ အခန်းများ ဝယ်ယူထားခြင်းဟာ အကျိုးအမြတ်ရှိနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်မှာပါ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက် ပြောကြားသွားသည်။
အရောင်းပြပွဲ အသေးစိတ်အစီအစဉ်
ကျင်းပမည့်ရက် : 13 & 14 July 2019 (စနေ ၊ တနင်္ဂနွေ)
ကျင်းပမည့်အချိန် : မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ
ကျင်းပမည့်နေရာ : Star City Sales Gallery
(သံလျင်တံတားအဆင်း)
အသေးစိတ် သိရှိလိုပါက
www.imyanmarhouse.com/promo/city-loft တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး
iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
thukha-garden-residence
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service