အိမ္ျခံေျမတိုက္ခန္း ေပါင္နွံျခင္းကို ေရာင္းခ်ျခင္းစာခ်ဳပ္အျဖစ္ခ်ဳပ္ဆိုႏိုင္ပါသလား

အိမ္ျခံေျမတိုက္ခန္း ေပါင္နွံျခင္းကို ေရာင္းခ်ျခင္းစာခ်ဳပ္အျဖစ္ခ်ဳပ္ဆိုႏိုင္ပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
5 Jul 2019 1:02 pm တွင် တင်ခဲ့သည်
6428 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

“ ျပီးခဲ့တဲ့ ရက္တစ္ပတ္က ဆရာရွင္းျပလို႕ အေပါင္ကတိစာခ်ဳပ္ခ်ဳပ္ဆိုပးတာ အဆင္ေျပသြားတယ္ဆရာ ” ဟု တပည့္ျဖစ္သူကကန္ေတာ့ေငြနွင့္အတူ စာေရးသူထံ ေရာက္လာပါသည္။

“ ဝမ္းသာပါတယ္ကြယ္ ”

“ ကၽြန္ေတာ္နားမလည္တာတစ္ခုေမးခ်င္လို႕ပါ။ အေပါင္ပစၥည္းမပါဘဲ ေငြေခ်တဲ့သေဘာေပါင္နွံထားလို႕ရပါသလားဆရာ ”

“ ေငြေခ်းတာနဲ႕ ေပါင္နွံတာက ေရာေထြးလို႕မရဘူး။ေငြေခ်းတယ္ဆိုတာ အတိုးႏႈန္းတစ္စံုတစ္ခုသတ္မွတ္ျပီး အေပါင္ပစၥည္းမပါဘဲ ေငြသားသက္သက္ေခ်းတာျဖစ္တယ္ ” “ ေငြေခ်းလို႕ သတ္မွတ္ရက္မေပးဆပ္ရင္ ဘယ္လိုျဖစ္ႏိုင္သလဲ ”

“ တရားစြဲဆိုေတာင္းခံတာမ်ိဳးေဆာင္ရြက္ရပါတယ္။ တရားရုံးက ေခ်းေငြေပးဆပ္ဖို႕ အႏိုင္ဒီကရီရရင္ တရားရုံးရဲ႕ အမိန္႕အရ ေခ်းေငြကို ရယူထားသူက ျပန္လည္ေပးဆပ္ရမွာျဖစ္တယ္ ”

“ အမွန္တကယ္ေပးဆပ္ဖို႕ ေငြေၾကးမရွိပါဘူးဆိုျပီး တရားရုံးရဲ႕ အမိန္႕ဒီကရီကို မလိုက္နာရင္ ဘယ္လိုျဖစ္ႏိုင္ပါသလဲ ”

“ ေခ်းေငြရယူထားတဲ့သူရဲ႕ ပိုင္ဆိုင္သည့္ပစၥည္းမ်ားအေပၚ ဝရမ္းကပ္ျပီး ေလလံတင္ေရာင္းခ်ကာ ေခ်းေငြကို ရယူခြင့္ရွိပါတယ္”

“ တရားရုံးက သင့္ေတာ္တဲ့ကာလအထိ တရားမ ေထာင္တြင္ ေနရန္ ေထာင္ဒဏ္ခ်မွတ္ခြင့္ရွိပါတယ္ ”

“ အေပါင္ပစၥည္းမပါဘဲ ေပါင္နွံတာက ဘယ္လိုလဲဆရာ”

“ အေပါင္းပစၥည္းမပါဘဲ ေပါင္နွံျခင္းကိုလက္မဲ့ေပါင္နွံျခင္း Simple Mortgage လို႕ေခၚတယ္။အေပါင္ပစၥည္းကို အေပါင္ခံသူထံလက္ေရာက္အပ္နွံျခင္းမရွိဘဲ ေပါင္နွံသူကအေပါင္နွင့္ေခ်းယူမည့္ေငြကို မည္သည့္အခ်ိန္ကာလအတြင္း ေပးဆပ္ပါမည္ဟု ကိုယ္တိုင္ဝန္ခံ၍ ေပါင္နွံျခင္းစာခ်ဳပ္ကို ခ်ဳပ္ဆိုရပါမယ္ ”

“ မွတ္ပံုတင္စာခ်ဳပ္စာတမ္းအျဖစ္ မွတ္ပံုတင္ျပဳလုပ္ဖို႕လိုပါသလားဆရာ ”

“ တန္ဖိုးေငြက်ပ္ တစ္သိန္းနွင့္အထက္ရွိ ပစၥည္းေပါင္နံျခင္းျဖစ္ရင္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ဥပေဒအရ ေပါင္နွံျခင္း စာခ်ဳပ္တြင္ ေပါင္နံသူလက္မွတ္ေရးထိုးျပီး အနည္းဆံုး အသိသက္ေသနွစ္ဦးက မွန္ကန္ေၾကာင္း ဝန္ခံလက္မွတ္ေရးထိုးရမွာျဖစ္ပါတယ္။ လိုအပ္ရင္ အေပါင္ခံသူကိုယ္တိုင္လက္မွတ္ေရးထိုးခ်ဳပ္ဆိုရမွာျဖစ္ပါတယ္ ” “ အကယ္၍ ေပါင္နံသူက သတ္မွတ္ရက္အတြင္းေငြမေပးဆပ္ရင္ ဘယ္လိုေဆာင္ရြက္ႏိုင္ပါသလဲ ”

“ ေပါင္နံွျခင္းစာခ်ဳပ္မွာ ေပါင္နံွသူက သတ္မွတ္ရက္အတိုင္း မေပးဆပ္ပ်က္ကြက္ခဲ့လွ်င္ အေပါင္ခံသူက ထိုအေပါင္ထားသည့္ ေငြကို တရားရုံး၌ တရားစြဲဆိုျပီး တရားရုံး၏အမိန္႕အရ ထိုအေပါင္ပစၥည္းကို တရားရုံးမွ ဝရမ္းကပ္ေရာင္းခ်ႏိုင္ခြင့္ရွိရမည္ဟု ေပါင္နွံသူက ကတိဝန္ခံခ်က္ လက္မွတ္ေရးထိုးမွတ္ပံုတင္ခ်ဳပ္ဆိုရမွာျဖစ္ပါတယ္ ” “ ဟုတ္ကဲ့ပါဆရာ။အခ်ိဳ႕ကေတာ့ ေရာင္းေပါင္သေဘာမ်ိဳး အိမ္ေျမတိုက္ခန္းကို ကတိစာခ်ဳပ္ခ်ဳပ္ဆိုၾကတယ္လို႕ သိရတယ္။အဲဒီလို ကိစၥမ်ိဳးက ဘယ္လိုပါလဲဆရာ”

“ အဲဒါကေတာ့ စည္းကမ္းခ်က္ထား၍ ေရာင္းခ်ျခင္းျဖင့္ ေပါင္ႏွံျခင္း Mortgage by Conditional Sale လို႕ ေခၚပါတယ္ ”

“ ဟန္ေဆာင္စာခ်ဳပ္ေပါ့ေနာ္ ”

“ ဟန္ေဆာင္စာခ်ဳပ္သေဘာမ်ိဳး မဟုတ္ဘူး။ဥပေဒနဲ႕ အညီတရားဝင္ခ်ဳပ္ဆိုနိုင္တဲ့ စာခ်ဳပ္အမ်ိဳးအစားျဖစ္တယ္”

“ ဒါဆိုရင္ အဲဒီလိုကိစၥမ်ိဳးေပါင္နွံျခင္းစာခ်ဳပ္ကို စာခ်ဳပ္စာတမ္းရုံးမွာ မွတ္ပံုတင္ျပဳလုပ္ခ်ဳပ္ဆိုရမွာေပါ့ေနာ္ ”

“ မွန္ပါတယ္။အေပါင္ပစၥည္းရဲ႕ ပိုင္ဆိုင္ခြင့္စာရြတ္စာတမ္းမ်ားကို ေပးအပ္ေပါင္နွံတဲ့ ကိစၥက လြဲျပီး က်န္တဲ့ ေပါင္နွံျခင္းအမ်ိဳးအစားမ်ားမွာ တန္ဖိုးက်ပ္တစ္သိန္းနွင့္ အထက္ရွိတဲ့ ပစၥည္းေပါင္နံျခင္းျဖစ္တယ္ဆိုရင္ မွတ္ပံုတင္စာခ်ဳပ္စာတမ္းဥပေဒအရ မျဖစ္မေန မွတ္ပံုတင္ျပဳလုပ္ခ်ဳပ္ဆိုရမွာျဖစ္တယ္ ”

“ အေပါင္စာခ်ဳပ္မွာ ဘယ္လိုအေၾကာင္းအခ်က္ေတြထည့္ျပီး ခ်ဳပ္ဆိုဖို႕လိုအပ္ပါသလဲ ”

“ အေပါင္စာခ်ဳပ္မွာ အေပါင္နွင့္ ေခ်းယူေငြကို မည္သည့္ေန႕ရက္တြင္ မပးဆပ္ဘဲပ်က္ကြက္ခဲ့လွ်င္ ေရာင္းခ်ျခင္းသည္အျပီးအျပတ္ျဖစ္ေစရမည္ဟု စည္းကမ္းခ်က္နွင့္ျဖစ္ေစဆိုခဲ့သည့္ ေခ်းေငြကို ခ်ိန္းဆိုသည့္ ေန႕ရက္တြင္ ေပးဆပ္ပါက ေရာင္းခ်ျခင္းသည္ပ်က္ျပယ္ေစရမည့္ စည္းကမ္းခ်က္နွင့္ျဖစ္ေစ ၊ ေဖာ္ျပ၍ တိက်ေသာ စည္းကမ္းခ်က္မ်ားနွင့္အတူ ခ်ဳပ္ခဆိုထားတဲ့ အေပါင္စာခ်ဳပ္ျဖစ္ပါတယ္ ”

“ ဒါဆိုရင္ ေပါင္နံွျခင္းကို အတိအက်ေဖာ္ထုတ္ေရးသားႏိုင္တဲ့ သေဘာမ်ိဳးေပါ့။အေရာင္းစာခ်ဳပ္တစ္ခုအျဖစ္ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မဟုတ္ေတာ့ဘူး ”

“ မွန္ပါတယ္။သတ္မွတ္ရက္အတြင္းေပါင္နွံေခ်းေငြ မေပးဆပ္ႏိုင္ပါက အေရာင္းအဝယ္လို႕ သတ္မွတ္ျပီး အေပါင္ခံသူက ရယူပိုင္ဆိုင္ခြင့္ရွိမွာျဖစ္တယ္”

“ ကိစၥေတြမွာ အေပါင္စာခ်ဳပ္ကို မွတ္ပံုတင္ခ်ဳပ္ဆိုၾကျခင္းမရွိဘဲ အေရာင္းကတိစာခ်ဳပ္အျဖစ္ တိုက္ရုိက္ခ်ဳပ္ဆိုေနၾကတာကိုေတြ႕ေနရပါတယ္”

“ ေပါင္နွံျခင္းကို အတိအလင္းေဖာ္ျပခ်ဳပ္ဆိုျခင္းမရွိဘဲ အိမ္ျခံေျမတိုက္ခန္းတုိ႕အေပၚအေရာင္းစာခ်ဳပ္အျဖစ္ တိုက္ရုိက္ခ်ဳပ္ဆိုၾကျခင္းမွာ ဥပေဒသေဘာတရားအရ “ ဟန္ေဆာင္စာခ်ဳပ္ ” လို႕ အသိအမွတ္ျပဳထားၾကပါတယ္ ”

“ အဲဒီလို အေရာင္းစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုတဲ့အခါမွာ အေပါင္ပစၥည္းကို အေပါင္ခံသူထံ လက္ေရာက္ေပးအပ္ရပါသလား ”

“ ဥပေဒအရေတာ့ အေပါင္ပစၥည္းကို အေပါင္ခံသူတုိ႕ လက္ေရာက္ေပးအပ္ရန္ မလိုအပ္ပါ။ ေပါင္နံသူ၏ လက္ဝယ္ထားရွိ၍ စည္းကမ္းခ်က္နွင့္ေရာင္းခ်ျခင္းမ်ိဳးျဖစ္ပါတယ္ ”

“ ေရြးႏႈတ္ပိုင္ခြင့္ရွိပါသလား”

“ ေရြးႏႈတ္ပိုင္ခြင့္ရွိပါတယ္။အေပါင္စာခ်ဳပ္ထဲမွာ အကယ္၍ သတ္မွတ္သည့္ ရက္ခ်ိန္းတြင္ ယူထားသည့္ အရင္းအတိုးေငြမ်ားကို ေပးဆပ္လွ်င္ ေရာင္းခ်ျခင္းပ်က္ျပယ္သည္ဆိုတဲ့အခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုရမွာျဖစ္ပါတယ္ ”

“ ေပါင္ႏွံသူက သတ္မွတ္တဲ့ရက္အတြင္းမွာ အရင္းအတိုးေငြမ်ား မေပးဆပ္ႏိုင္ပါက ေရာင္းခ်ျခင္းသေဘာသက္ေရာက္သြားျပီး အေပါင္ပစၥည္းကို ေရြးႏႈတ္ခြင့္ရမွာ မဟုတ္ေတာ့ပါဘူး ”

“ အခ်ိဳ႕အမႈအခင္းေတြမွာ အေပါင္ပစၥည္းေရြးႏႈတ္ခြင့္ကို ပိတ္ပင္၍ ပစၥည္းပိုင္ဆိုင္ေၾကာင္း ျမြက္ဟေၾကညာသည့္ အမႈမ်ိဳးကိုေတြ႕ရပါတယ္ ”

“ ဟုတ္ပါတယ္။ဒါေၾကာင့္ ယခုအခါ ေပါင္ခံသူေတြအေနနဲ႕ မွတ္ပံုတင္အေပါင္စာခ်ဳပ္ကို မခ်ဳပ္ၾကေတာ့ဘဲ အေရာင္းစာခ်ဳပ္ကိုသာ ကတိစာခ်ဳပ္အျဖစ္ တိုက္ရုိက္ခ်ဳပ္ဆိုကာ ပစၥည္းကို လက္ေရာက္ရယူထားၾကပါတယ္ ”

“ ပစၥည္းလက္ေရာက္ယူထားတဲ့အတြက္ အေရာင္းအျဖစ္ အတိအက် ေျပာခြင့္ရွိလာႏိုင္တာေပါ့ဆရာ”

“ ဒါေပမဲ့ အေပါင္စာခ်ဳပ္ကို ဟန္ေဆာင္ျပီးအေရာင္းစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုေၾကာင္းတရားရုံးမွာ သက္ေသျပခြင့္ကိုေတာ့ ပိတ္ပင္ခြင့္မရွိတဲ့အတြက္ သတိျပဳခ်ဳပ္ဆိုၾကဖို႕လိုတယ္ ” ဟု အၾကံျပဳေဆြးေႏြးလိုက္ပါသည္။

Credit: ထီယု(ဥပေဒအတိုင္ပင္ခံ)

 

### Unicode Version ###

“ ပြီးခဲ့တဲ့ ရက်တစ်ပတ်က ဆရာရှင်းပြလို့ အပေါင်ကတိစာချုပ်ချုပ်ဆိုပးတာ အဆင်ပြေသွားတယ်ဆရာ ” ဟု တပည့်ဖြစ်သူကကန်တော့ငွေနှင့်အတူ စာရေးသူထံ ရောက်လာပါသည်။

“ ဝမ်းသာပါတယ်ကွယ် ”

“ ကျွန်တော်နားမလည်တာတစ်ခုမေးချင်လို့ပါ။ အပေါင်ပစ္စည်းမပါဘဲ ငွေချေတဲ့သဘောပေါင်နှံထားလို့ရပါသလားဆရာ ”

“ ငွေချေးတာနဲ့ ပေါင်နှံတာက ရောထွေးလို့မရဘူး။ငွေချေးတယ်ဆိုတာ အတိုးနှုန်းတစ်စုံတစ်ခုသတ်မှတ်ပြီး အပေါင်ပစ္စည်းမပါဘဲ ငွေသားသက်သက်ချေးတာဖြစ်တယ် ” “ ငွေချေးလို့ သတ်မှတ်ရက်မပေးဆပ်ရင် ဘယ်လိုဖြစ်နိုင်သလဲ ”

“ တရားစွဲဆိုတောင်းခံတာမျိုးဆောင်ရွက်ရပါတယ်။ တရားရုံးက ချေးငွေပေးဆပ်ဖို့ အနိုင်ဒီကရီရရင် တရားရုံးရဲ့ အမိန့်အရ ချေးငွေကို ရယူထားသူက ပြန်လည်ပေးဆပ်ရမှာဖြစ်တယ် ”

“ အမှန်တကယ်ပေးဆပ်ဖို့ ငွေကြေးမရှိပါဘူးဆိုပြီး တရားရုံးရဲ့ အမိန့်ဒီကရီကို မလိုက်နာရင် ဘယ်လိုဖြစ်နိုင်ပါသလဲ ”

“ ချေးငွေရယူထားတဲ့သူရဲ့ ပိုင်ဆိုင်သည့်ပစ္စည်းများအပေါ် ဝရမ်းကပ်ပြီး လေလံတင်ရောင်းချကာ ချေးငွေကို ရယူခွင့်ရှိပါတယ်”

“ တရားရုံးက သင့်တော်တဲ့ကာလအထိ တရားမ ထောင်တွင် နေရန် ထောင်ဒဏ်ချမှတ်ခွင့်ရှိပါတယ် ”

“ အပေါင်ပစ္စည်းမပါဘဲ ပေါင်နှံတာက ဘယ်လိုလဲဆရာ”

“ အပေါင်းပစ္စည်းမပါဘဲ ပေါင်နှံခြင်းကိုလက်မဲ့ပေါင်နှံခြင်း Simple Mortgage လို့ခေါ်တယ်။အပေါင်ပစ္စည်းကို အပေါင်ခံသူထံလက်ရောက်အပ်နှံခြင်းမရှိဘဲ ပေါင်နှံသူကအပေါင်နှင့်ချေးယူမည့်ငွေကို မည်သည့်အချိန်ကာလအတွင်း ပေးဆပ်ပါမည်ဟု ကိုယ်တိုင်ဝန်ခံ၍ ပေါင်နှံခြင်းစာချုပ်ကို ချုပ်ဆိုရပါမယ် ”

“ မှတ်ပုံတင်စာချုပ်စာတမ်းအဖြစ် မှတ်ပုံတင်ပြုလုပ်ဖို့လိုပါသလားဆရာ ”

“ တန်ဖိုးငွေကျပ် တစ်သိန်းနှင့်အထက်ရှိ ပစ္စည်းပေါင်နံခြင်းဖြစ်ရင် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ ပေါင်နှံခြင်း စာချုပ်တွင် ပေါင်နံသူလက်မှတ်ရေးထိုးပြီး အနည်းဆုံး အသိသက်သေနှစ်ဦးက မှန်ကန်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ လိုအပ်ရင် အပေါင်ခံသူကိုယ်တိုင်လက်မှတ်ရေးထိုးချုပ်ဆိုရမှာဖြစ်ပါတယ် ” “ အကယ်၍ ပေါင်နံသူက သတ်မှတ်ရက်အတွင်းငွေမပေးဆပ်ရင် ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ ”

“ ပေါင်နံှခြင်းစာချုပ်မှာ ပေါင်နံှသူက သတ်မှတ်ရက်အတိုင်း မပေးဆပ်ပျက်ကွက်ခဲ့လျှင် အပေါင်ခံသူက ထိုအပေါင်ထားသည့် ငွေကို တရားရုံး၌ တရားစွဲဆိုပြီး တရားရုံး၏အမိန့်အရ ထိုအပေါင်ပစ္စည်းကို တရားရုံးမှ ဝရမ်းကပ်ရောင်းချနိုင်ခွင့်ရှိရမည်ဟု ပေါင်နှံသူက ကတိဝန်ခံချက် လက်မှတ်ရေးထိုးမှတ်ပုံတင်ချုပ်ဆိုရမှာဖြစ်ပါတယ် ” “ ဟုတ်ကဲ့ပါဆရာ။အချို့ကတော့ ရောင်းပေါင်သဘောမျိုး အိမ်မြေတိုက်ခန်းကို ကတိစာချုပ်ချုပ်ဆိုကြတယ်လို့ သိရတယ်။အဲဒီလို ကိစ္စမျိုးက ဘယ်လိုပါလဲဆရာ”

“ အဲဒါကတော့ စည်းကမ်းချက်ထား၍ ရောင်းချခြင်းဖြင့် ပေါင်နှံခြင်း Mortgage by Conditional Sale လို့ ခေါ်ပါတယ် ”

“ ဟန်ဆောင်စာချုပ်ပေါ့နော် ”

“ ဟန်ဆောင်စာချုပ်သဘောမျိုး မဟုတ်ဘူး။ဥပဒေနဲ့ အညီတရားဝင်ချုပ်ဆိုနိုင်တဲ့ စာချုပ်အမျိုးအစားဖြစ်တယ်”

“ ဒါဆိုရင် အဲဒီလိုကိစ္စမျိုးပေါင်နှံခြင်းစာချုပ်ကို စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုရမှာပေါ့နော် ”

“ မှန်ပါတယ်။အပေါင်ပစ္စည်းရဲ့ ပိုင်ဆိုင်ခွင့်စာရွတ်စာတမ်းများကို ပေးအပ်ပေါင်နှံတဲ့ ကိစ္စက လွဲပြီး ကျန်တဲ့ ပေါင်နှံခြင်းအမျိုးအစားများမှာ တန်ဖိုးကျပ်တစ်သိန်းနှင့် အထက်ရှိတဲ့ ပစ္စည်းပေါင်နံခြင်းဖြစ်တယ်ဆိုရင် မှတ်ပုံတင်စာချုပ်စာတမ်းဥပဒေအရ မဖြစ်မနေ မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုရမှာဖြစ်တယ် ”

“ အပေါင်စာချုပ်မှာ ဘယ်လိုအကြောင်းအချက်တွေထည့်ပြီး ချုပ်ဆိုဖို့လိုအပ်ပါသလဲ ”

“ အပေါင်စာချုပ်မှာ အပေါင်နှင့် ချေးယူငွေကို မည်သည့်နေ့ရက်တွင် မပးဆပ်ဘဲပျက်ကွက်ခဲ့လျှင် ရောင်းချခြင်းသည်အပြီးအပြတ်ဖြစ်စေရမည်ဟု စည်းကမ်းချက်နှင့်ဖြစ်စေဆိုခဲ့သည့် ချေးငွေကို ချိန်းဆိုသည့် နေ့ရက်တွင် ပေးဆပ်ပါက ရောင်းချခြင်းသည်ပျက်ပြယ်စေရမည့် စည်းကမ်းချက်နှင့်ဖြစ်စေ ၊ ဖော်ပြ၍ တိကျသော စည်းကမ်းချက်များနှင့်အတူ ချုပ်ခဆိုထားတဲ့ အပေါင်စာချုပ်ဖြစ်ပါတယ် ”

“ ဒါဆိုရင် ပေါင်နံှခြင်းကို အတိအကျဖော်ထုတ်ရေးသားနိုင်တဲ့ သဘောမျိုးပေါ့။အရောင်းစာချုပ်တစ်ခုအဖြစ် ချုပ်ဆိုထားတဲ့ စာချုပ်မဟုတ်တော့ဘူး ”

“ မှန်ပါတယ်။သတ်မှတ်ရက်အတွင်းပေါင်နှံချေးငွေ မပေးဆပ်နိုင်ပါက အရောင်းအဝယ်လို့ သတ်မှတ်ပြီး အပေါင်ခံသူက ရယူပိုင်ဆိုင်ခွင့်ရှိမှာဖြစ်တယ်”

“ ကိစ္စတွေမှာ အပေါင်စာချုပ်ကို မှတ်ပုံတင်ချုပ်ဆိုကြခြင်းမရှိဘဲ အရောင်းကတိစာချုပ်အဖြစ် တိုက်ရိုက်ချုပ်ဆိုနေကြတာကိုတွေ့နေရပါတယ်”

“ ပေါင်နှံခြင်းကို အတိအလင်းဖော်ပြချုပ်ဆိုခြင်းမရှိဘဲ အိမ်ခြံမြေတိုက်ခန်းတို့အပေါ်အရောင်းစာချုပ်အဖြစ် တိုက်ရိုက်ချုပ်ဆိုကြခြင်းမှာ ဥပဒေသဘောတရားအရ “ ဟန်ဆောင်စာချုပ် ” လို့ အသိအမှတ်ပြုထားကြပါတယ် ”

“ အဲဒီလို အရောင်းစာချုပ်အဖြစ် ချုပ်ဆိုတဲ့အခါမှာ အပေါင်ပစ္စည်းကို အပေါင်ခံသူထံ လက်ရောက်ပေးအပ်ရပါသလား ”

“ ဥပဒေအရတော့ အပေါင်ပစ္စည်းကို အပေါင်ခံသူတို့ လက်ရောက်ပေးအပ်ရန် မလိုအပ်ပါ။ ပေါင်နံသူ၏ လက်ဝယ်ထားရှိ၍ စည်းကမ်းချက်နှင့်ရောင်းချခြင်းမျိုးဖြစ်ပါတယ် ”

“ ရွေးနှုတ်ပိုင်ခွင့်ရှိပါသလား”

“ ရွေးနှုတ်ပိုင်ခွင့်ရှိပါတယ်။အပေါင်စာချုပ်ထဲမှာ အကယ်၍ သတ်မှတ်သည့် ရက်ချိန်းတွင် ယူထားသည့် အရင်းအတိုးငွေများကို ပေးဆပ်လျှင် ရောင်းချခြင်းပျက်ပြယ်သည်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုရမှာဖြစ်ပါတယ် ”

“ ပေါင်နှံသူက သတ်မှတ်တဲ့ရက်အတွင်းမှာ အရင်းအတိုးငွေများ မပေးဆပ်နိုင်ပါက ရောင်းချခြင်းသဘောသက်ရောက်သွားပြီး အပေါင်ပစ္စည်းကို ရွေးနှုတ်ခွင့်ရမှာ မဟုတ်တော့ပါဘူး ”

“ အချို့အမှုအခင်းတွေမှာ အပေါင်ပစ္စည်းရွေးနှုတ်ခွင့်ကို ပိတ်ပင်၍ ပစ္စည်းပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာသည့် အမှုမျိုးကိုတွေ့ရပါတယ် ”

“ ဟုတ်ပါတယ်။ဒါကြောင့် ယခုအခါ ပေါင်ခံသူတွေအနေနဲ့ မှတ်ပုံတင်အပေါင်စာချုပ်ကို မချုပ်ကြတော့ဘဲ အရောင်းစာချုပ်ကိုသာ ကတိစာချုပ်အဖြစ် တိုက်ရိုက်ချုပ်ဆိုကာ ပစ္စည်းကို လက်ရောက်ရယူထားကြပါတယ် ”

“ ပစ္စည်းလက်ရောက်ယူထားတဲ့အတွက် အရောင်းအဖြစ် အတိအကျ ပြောခွင့်ရှိလာနိုင်တာပေါ့ဆရာ”

“ ဒါပေမဲ့ အပေါင်စာချုပ်ကို ဟန်ဆောင်ပြီးအရောင်းစာချုပ်အဖြစ် ချုပ်ဆိုကြောင်းတရားရုံးမှာ သက်သေပြခွင့်ကိုတော့ ပိတ်ပင်ခွင့်မရှိတဲ့အတွက် သတိပြုချုပ်ဆိုကြဖို့လိုတယ် ” ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service