Hacksaw Ridge ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ သြစတေးလျသရုပ်ဆောင်မင်းသမီး ရေချယ် ဂရစ်ဖစ်က အမေရိကန်ပြည်ရှိ နေအိမ်ကို ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချရန် စီစဉ်

Hacksaw Ridge ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ သြစတေးလျသရုပ်ဆောင်မင်းသမီး ရေချယ် ဂရစ်ဖစ်က အမေရိကန်ပြည်ရှိ နေအိမ်ကို ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
25 Jun 2019 11:53 am တွင် တင်ခဲ့သည်
693 ကြိမ် ကြည့်ရှု့ပြီး

တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အင်စီနိုမြို့

ဈေးနှုန်း- ကန်ဒေါ်လာ ၁ ဒသမ ၇၄၈ သန်း

အကျယ်အဝန်း- ၂၈၄၃ စတုရန်းပေ၊ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ဒသမ ၅ ခန်း

ရေချယ် အန်းနီ ဂရစ်ဖစ်သည် သြစတေးလျ သရုပ်ဆောင်မင်းသမီး၊ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် မွေးဖွားသည်။

မဲလ်ဘုန်းမြို့တွင် ကြီးပြင်းခဲ့ပြီး သြစတေးလျ ရုပ်သံဇာတ်လမ်းတွဲဖြစ်သော Secrets တွင် စတင်သရုပ်ဆောင်ခဲ့ကာ ယင်းနောက်ပိုင်း ၁၉၉၄ ခုနှစ်တွင် ထုတ်လုပ်သည့် Muriel's Wedding ဟာသဇာတ်လမ်းတွင် ဇာတ်ပို့တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

ယင်းဇာတ်ကားတွင် ပါဝင်ခဲ့မှုအတွက် အကောင်းဆုံးဇာတ်ပို့အဖြစ် AACTA Award ရရှိခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ထုတ်လုပ်သည့် နာဒီယာတက်စ်၏ အေမီဇာတ်ကားတွင်မူ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့သည်။

ရေချယ် ဂရစ်ဖစ်သည် အမေရိကန် အချစ်ဇာတ်မြူးဖြစ်သော My Best Friend's Wedding (1997) တွင် ဂျူလီယာရောဘတ်နှင့်အတူ တွဲဖက်သရုပ်ဆောင်ရာမှ နိုင်ငံတကာတွင် လူသိများလာသည်။

၁၉၉၈ တွင် ရိုက်ကူးထုတ်လုပ်သည့် ဖြစ်ရပ်မှန်အခြေခံဇာတ်ကား Hilary and Jackie တွင် ပါဝင်ခဲ့မှုအတွက်လည်း အကောင်းဆုံးဇာတ်ပို့အဖြစ် အော်စကာဆု ဇကာတင်စာရင်းဝင်ခဲ့ဖူးသည်။

၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ HBO ၏ ဇာတ်လမ်းတွဲဖြစ်သော Six Feet Under တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုများအတွက် ၂၀၀၂ ခုနှစ်တွင် အကောင်းဆုံးသရုပ်ဆောင်မင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆု ရရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင်မူ Hacksaw Ridge အမည်ရှိ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားတွင် မဲလ်ဂစ်ဘ်ဆင်နှင့်အတူ ဇာတ်ပို့တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသေးသည်။ ယခုအခါ ရေချယ် ဂရစ်ဖစ်က ကယ်လီဖိုးနီးယားပြည်နယ်၊ အန်စီနိုမြို့ရှိ နေအိမ်ကို ရောင်းချရန် စီစဉ်လာသည်။

ရေချယ်ဂရစ်ဖစ်၏ နေအိမ်သည် အလုံးစုံအဆင့်မြှင့်တင် မွမ်းမံဆောက်လုပ်ထားပြီး ဖြစ်သည်။

ရာစုနှစ်လယ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် အဆင့်မြင့် စံအိမ်တစ်ခုဖြစ်ပြီး လော့စ်အိန်ဂျလိမြို့၊ အန်စီနိုအရပ်ရှိ တောင်ကုန်းနိမ်တစ်လုံး၏ တစ်ဖက်ပိတ်လမ်းတစ်ခုပေါ်တွင် တည်ရှိကာ ကန်ဒေါ်လာ ၁ ဒသမ ၇၅ သန်းအောက်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။

ရေချယ်ဂရစ်ဖစ်က ယခုနေအိမ်ကို ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းအောက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Rodeo Realty မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သော နစ်ကိုးလ်နက်ရှ် ဖြစ်သည်။

အကျယ်အဝန်း ၂၈၀၀ စတုရန်းပေခန့်ရှိသည့် နေအိမ်ကို ၁၉၆၀ ပြည့်လွန် အစောပိုင်းကာလများတွင် ဆောက်လုပ်ဲ့သည်။

မြေအကျယ်အဝန်း တစ်ဧက၏ သုံးပုံတစ်ပုံရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ဒသမ ၅ ခန်း ပါဝင်သည်။

နေအိမ်အတွင်း ပေါလစ်တိုက်ထားသော ကျောက်တုံးပြားများ၊ သစ်မာသား ကြမ်းခင်းပြားများဖြင့် ဆောက်လုပ်ထားသည်။

မှန်နံရံများဖြင့် ကာရံထားသော လူနေ နေရာများမှာ လေဝင်လေထွက်အလွန်ကောင်းမွန်ပြီး တစ်နေရာမှ တစ်နေရာသို့ တစ်ဆက်တစ်စပ်တည်း သွားလာနိုင်သည်။

ဧည့်ခန်းတွင် ကြီးမားသည့် မီးလင်းဖိုကြီးတစ်ခု ပါဝင်ပြီး ညစာစားခန်းတွင်မူ စပွတ်နစ်ဟန် မီးဆိုင်းကြီးတစ်ခု တပ်ဆင်ထားသည်ကို တွေ့ရသည်။

ဧည့်သည်များအတွက် အိပ်ခန်း ၃ ခန်းအနက် ၂ ခန်းတွင် အိပ်ရာများမှာ အသေထည့်သွင်းဆောက်လုပ်ထားခြင်းဖြစ်ပြီး master bedroom တွင် ခန်းလုံးပြည့် ပြတင်းများတပ်ဆင်ပေးထားရာ ဝန်းကျင်ရှိ သစ်ပင်ပန်းမာန်များ၏ ဆိတ်ငြိမ်သော မြင်ကွင်းများကို တွေ့မြင်ရမည် ဖြစ်သည်။

လော့စ်အိန်ဂျလိတွင် ခြေချပြီး ဆယ်စုနှစ် တစ်ခုခန့်အကြာတွင် ဂရစ်ဖစ်နှင့် ခင်ပွန်းဖြစ်သူ ပန်းချီဆရာ အင်ဒီတေလာတို့သည် ဂရစ်ဖစ်၏ ဇာတိမြို့ဖြစ်သော သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းသို့ ပြောင်းရွှေ့အခြေချသွားပြီဖြစ်ကြောင်း ပြီးခဲ့သောနှစ်ကုန်ပိုင်းက vogue ၏ ဝက်ဘ်ဆိုက်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
taunggyi-garden-city
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service