ကမ္ဘာ့အကျဆင်းဆုံးအိမ်ဈေးများ သြစတြေးလျတွင်ရှိ

ကမ္ဘာ့အကျဆင်းဆုံးအိမ်ဈေးများ သြစတြေးလျတွင်ရှိ - Property News in Myanmar from iMyanmarHouse.com
24 Jun 2019 10:51 am တွင် တင်ခဲ့သည်
898 ကြိမ် ကြည့်ရှု့ပြီး

Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက နိုင်ငံပေါင်း ၅၆ နိုင်ငံမှ ပျမ်းမျှလူနေအိမ်ခြံမြေဈေးနှုန်းအပြောင်းအလဲများအား အချိန်ယူလေ့လာဆန်းစစ်ကာ ယခုနောက်ဆုံးထုတ်ပြန်ထားသော ၂၀၁၉ ပထမသုံးလပတ်ကမ္ဘာ့အိမ်ဈေးအညွှန်းကိန်းစာရင်းတွင် သြစတြေးလျက နောက်ပိတ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

သြစတြေးလျအိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်အောက် ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သြစတြေးလျစာရင်းအင်းဗျူရို (ABS) ၏ အချက်အလက်များအား ကိုးကား၍ ထိုကုမ္ပဏီက ဖော်ပြခဲ့သည်။

ABS မှ ဇွန် ၁၈ တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သြစတြေးလျတွင် ဒေသဆိုင်ရာမြို့တော်များအားလုံးရှိ အိမ်ဈေးများသည် ၎င်းသုံးလပတ်တွင် ကျဆင်းခဲ့ကြကြောင်း သိရသည်။ မဲလ်ဘုန်းတွင် ၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အများဆုံးကျဆင်းမှုအဖြစ် ဆစ်ဒနီတွင် ၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

အဒယ်လေ့ဒ်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၁၃ ခုနှစ် ပထသုံးလပတ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဟိုဘာ့တ်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၁၂ ခုနှစ် တတိယသုံးလပတ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ပါ့သ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ကင်ဘာရာတွင် ၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် ဒါဝင်တွင်လည်း ၁ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အသီးသီး ကျဆင်းခဲ့ပြီး ဘရစ္စဘိန်းတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ရောင်းလိုအားနည်းမှုနှင့် ရင်းနှီးမြှုပ်နှံသူနှင့် နေထိုင်ရန်ဝယ်ယူသူတို့၏ ဝယ်လိုအားလျော့နည်းမှုတို့ ဆက်လက်ဖြစ်ပေါ်ခြင်းကြောင့် ထိုကဲ့သို့အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းရခြင်းဖြစ်သည်ဟု ABS စီးပွားရေးပညာရှင်များ၏ခေါင်းဆောင် ဘရုစ်ဟော့ခ်မန်းက ပြောကြားခဲ့သည်။

၂၀၁၉ ပထမသုံးလပတ်ကမ္ဘာ့အိမ်ဈေးအညွှန်းကိန်းစာရင်းပါ နိုင်ငံများအနက် ကမ္ဘာ့အမြင့်တက်ဆုံးအိမ်ဈေးများရှိသော နိုင်ငံမှာ ဆလိုဗေးနီးယားဖြစ်သည်။

အိမ်ဈေးမြင့်တက်မှုများကြောင့် အိမ်ဈေးကွက်တည်ငြိမ်စေရေးစည်းမျဉ်းများ တင်းကျပ်ထားသည့် တရုတ်ကလည်း ထိုစာရင်းတွင် မြင့်တက်နှုန်း ၁၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တတိယနေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service