ပြပွဲ ၂ ရက်အတွင်း လုံးချင်းအိမ်များ အားလုံးကုန်အောင် ရောင်းချနိုင်ခဲ့သော ပြင်ဦးလွင်မြို့ရှိ 9th Avenue Residence လုံးချင်းအိမ်ရာ အရောင်းပြပွဲ

ပြပွဲ ၂ ရက်အတွင်း လုံးချင်းအိမ်များ အားလုံးကုန်အောင် ရောင်းချနိုင်ခဲ့သော ပြင်ဦးလွင်မြို့ရှိ 9th Avenue Residence လုံးချင်းအိမ်ရာ အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
20 Jun 2019 6:27 pm တွင် တင်ခဲ့သည်
21562 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Hillman Land ကုမ္ပဏီမှ တည်ဆောက်သော ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ၉ ၊ ဒိုးကွင်ဆည်ဘေး ၊ ဗိုလ်ချုပ်ရွာလမ်းခွဲပေါ်ရှိ 9th Avenue Residence လုံးချင်းအိမ်ရာအရောင်းပြပွဲကြီးကို၂ဝ၁၉ ခုနှစ် ၊ ဇွန်လ ( ၁၅ ၊ ၁၆ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် ရန်ကုန်မြို့ Melia Hotel ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြပွဲ (၂) ရက်အတွင်းတွင် ဝယ်ယူသူများကို အထူးသက်သာခွင့်များ နှင့်အတူ (၂) နှစ် အတိုးမဲ့အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ရာ စီမံကိန်းရှိ လုံးချင်းအိမ်များ အားလုံးကို အကုန်ကုန်အောင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

9th Avenue Residence သည် Hillman Land ကုမ္ပဏီမှ တည်ဆောက်ထားသော လုံးချင်းအိမ်ရာ စီမံကိန်းဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ပြင်ဦးလွင်မြို့အ၀င် ၁မိုင်ခန့်နှင့် မြို့လယ် မှ ၃ မိုင်ခန့် အကွာတွင် တည်ရှိပြီး မြေ (၅) ဧကပေါ်တွင် လုံးချင်းအိမ် စုစုပေါင်း (၂၇) လုံးကို ဖော်ဆောင်နေသည့် သီးသန့်အိမ်ရာ စီမံကိန်းဖြစ်ကြောင်း သိရသည်။ ဝယ်ယူသူများအတွက် ရာနှုန်းပြည့်စိတ်ချရသည့် မြေပိုင်ဆိုင်မှု ဂရန်အမည်ပေါက် ရရှိမည်ဖြစ်သည်။ အိမ်ရာ ပြုပြင်ထိန်းသိမ်းရေးအတွက် အိမ် နဲ့ ခြံ သန့်ရှင်းခြင်း ၊ Landscaping ထိန်းသိမ်းခြင်း တို့လည်း ပါဝင်မည့်အပြင်အပန်းဖြေအိမ်အနေနဲ့ ၀ယ်ယူပြီး ပြန်ငှားမည်ဆိုပါက ကုမ္ပဏီအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ 9th Avenue Residence လုံးချင်းအိမ်ယာစီမံကိန်းအတွင်းရှိ အိမ်တစ်လုံးချင်းစီတိုင်းတွင် ခြင်လုံသံစကာ နှင့် aircon တပ်ဆင်ပေးခြင်း ၊ living , dining နှင့် walkways များကို vinyl floor ခင်းပေးခြင်း ၊ bedroom & study room များကို သစ်သားပါကေး ခင်းပေးခြင်း ၊ bathrooms , kitchen & balcony များကို homogeneous ကြွေပြားများ ခင်းပေးခြင်း ၊ တံခါးများကို aluminium ဘောင်နှင့် tempered glass တပ်ဆင်ပေးခြင်း ၊ kitchen room တွင် kitchen counter , basin , stove နှင့် exhaust fan များတပ်ဆင်ပေးခြင်း စသည့် facilities အပြည့်အစုံ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ ဒီ 9th Avenue Residence ဟာ ပြင်ဦးလွင်မြို့မှာ လုံးချင်း (၂၇) လုံးပါဝင်တဲ့ လုံးချင်းအိမ်ရာ စီမံကိန်းပဲဖြစ်ပါတယ်။ ဝယ်ယူသူတွေအတွက် မြေပိုင်ဆိုင်မှုဟာဆိုရင်လည်း ဂရန်အမည်ပေါက်ရရှိမှာ ဖြစ်ပြီး နောင်တစ်ချိန်မှာ ဈေးကောင်းကောင်း နဲ့ ပြန်ရောင်းနိုင်လို့ ရင်းနှီးမြှုပ်နှံလို့ကောင်းတဲ့ နေရာတစ်ခုပါ။ မြေအကျယ်အဝန်း အနေနဲ့ကလည်း 1300 sqft မှ 5000 sqft အထိ ကျယ်တဲ့ မြေကွက်တွေ ဖြစ်ပါတယ်။ မိမိရဲ့ မိသားစုအရွယ်အစားကို လိုက်ပြီးတော့ ကိုယ်နဲ့ကိုက်ညီမယ့် အိမ်အရွယ်အစားကို ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com မှ ထူးခြားအားကောင်းတဲ့ ဈေးကွက်နည်းဗျူဟာတွေနဲ့ ရောင်းချပေးခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ပြပွဲ (၂) ရက်အတွင်းမှာပဲ ဒီအိမ်ရာစီမံကိန်းမှာရှိတဲ့ လုံးချင်းအိမ်များအားလုံး အကုန်ကုန်အောင် ရောင်းချပေးနိုင်ခဲ့တဲ့အတွက် အထူးဂုဏ်ယူမိပါတယ် ” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

Hillman Land ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးလွင်နိုင်ကျော်မှ အရောင်းပြပွဲနှင့်ပတ်သတ်၍ ယခုလိုမျိုး ပြောကြားခဲ့သည်။ “ အရောင်းပြပွဲ အခြေအနေကတော့ အားလုံးပဲ သိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ အောင်မြင်မှု၊ iMyanmarHouse ရဲ့ အောင်မြင်မှု၊ ကျွန်တော်တို့အားလုံး အတူတူကြိုးပမ်းဆောင်ရွက်မှုရဲ့  ရလဒ်တွေပါ။ ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်းအောင်မြင်တယ်လို့ ပြောရမှာပါ။ အရောင်းဖွင့်တဲ့ လုံးချင်းအိမ်အားလုံး အရောင်းပြပွဲအတွင်းမှာ ကုန်သွားတယ်။ အဲဒီဟာလေးရဲ့ အစကို ကျွန်တော်နည်းနည်းလေး ပြောချင်ပါတယ်။ ကိုနေမင်းသူနဲ့ ကျွန်တော်နဲ့စတွေ့ တာပေါ့နော်။ စတွေ့တော့ သူနဲ့အလုပ်လုပ်ဖို့ စ စကားပြောကြည့်တယ်။ ပြောကြည့်တဲ့အခါမှာ ကျွန်တော်ပြင်ဆင်ထားတဲ့ ဟာလေးတွေ Plan တွေ ပြကြည့်တယ်။ Marketing materials လေးတွေပြတယ်။ ကျွန်တော့် ရုံးမှာတကြိမ်ပေါ့နော်။ ပြီးတဲ့အချိန်မှာ ကိုနေမင်းသူကိုယ်တိုင် ပြင်ဦးလွင် site ကိုလာကြည့်တယ်။ လာကြည့်ပြီးတဲ့အခါကျတော့ သူနေရာ Location ကိုကြည့်တယ်။ ကြည့်တဲ့အချိန်မှာ ကျွန်တော်ကတော့ ဖန်တီးတဲ့သူပေါ့။ သို့သော် ကျွန်တော့မှာ ဈေးကွက်အတွေ့အကြုံမရှိဘူး ဒါကျွန်တော့ရဲ့ ပထမဆုံး flagship project ဖြစ်ပါတယ်။ ပထမဦးဆုံး ကျွန်တော်ကြိုးစားထားတဲ့အရာလေး ဆိုတော့ iMyanmarHouse နဲ့ ကိုနေမင်းသူက ဈေးကွက်အတွေ့ကြုံရှိတဲ့သူ။ ကိုနေမင်းသူက ကျွန်တော့ကိုပြောတဲ့စကားနှစ်ခုရှိတယ်။ တစ်ခုက ပိုင်ပိုင်နိုင်နိုင် သူကျွန်တော့ကိုပြောတယ် “ အစ်ကို ကျွန်တော်နဲ့လက်တွဲပါ။ ကျွန်တော့်ကို နှစ်ရက်ပဲအချိန်ပေး… ပွဲလုပ်ပေးပါမယ်… အဲ့နှစ်ရက်အတွင်းမှာ အကို့ဟာ အားလုံးကုန်သွားစေရမယ်” သူအဲ့ဒါတစ်ခုပြောတယ်။ နောက်တစ်ခုကတော့ “ အကို အဲ့ဒါကုန်ပြီးသွားပြီဆိုတာနဲ့ အဲ့ဒီကုန်သွားတဲ့ နောက်နေ့ကနေစပြီး အကို့အတွက် နောက် project တွေ ထပ်ပြီးတော့ အကောင်အထည်ဖော်လို့ရမယ်” အဲ့ဒီတော့ ကျွန်တော် ကိုနေမင်းသူရဲ့  စကားနှစ်ခွန်းနဲ့ လက်တွဲဖြစ်သွားတာပါ။ ကျွန်တော် ဒီစီမံကိန်းနဲ့ ပတ်သက်လို့ အကောင်းဆုံးလုပ်ထားတယ်။ confidence ရှိတယ် အကောင်းဆုံးလုပ်ထားတဲ့ ပြင်ဆင်ထားတဲ့သူနဲ့ ဈေးကွက် အတွေ့ အကြုံရှိတဲ့သူနဲ့ ဆုံပြီးတော့ ပူးပေါင်းလုပ်လိုက်တဲ့အချိန်မှာ အခုလို အလွန်ကောင်းတဲ့ ရလဒ်တစ်ခုရတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီတော့ ပွဲရဲ့အခြေအနေကတော့ အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ ၁၀၀% အောင်မြင်တယ်လို့ ပြောရမှာပါ ” ဟု ဦးလွင်နိုင်ကျော်မှ ပြောကြားသွားခဲ့သည်။

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူအိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဥာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်ကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ ကျွန်တော်တို့ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေ၊ အကျိုးဆောင်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service