အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဇနီး အိုင်ဗန်ကာတို့ နေထိုင်ခဲ့ကြသည့် ကွန်နက်တီကပ်ပြည်နယ်ရှိ ၆ ဧကကျယ်ဝန်းသော ခြံဝန်းနှင့် စံအိမ်ကြီးကို လက်ရှိပိုင်ရှင်များက ကန်ဒေါ်လာ ၃၇ သန်းကျော်ဖြင့် ဈေးကွက်တင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဇနီး အိုင်ဗန်ကာတို့ နေထိုင်ခဲ့ကြသည့် ကွန်နက်တီကပ်ပြည်နယ်ရှိ ၆ ဧကကျယ်ဝန်းသော ခြံဝန်းနှင့် စံအိမ်ကြီးကို လက်ရှိပိုင်ရှင်များက ကန်ဒေါ်လာ ၃၇ သန်းကျော်ဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
20 Jun 2019 10:53 am တွင် တင်ခဲ့သည်
825 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ဖဲရ်ဖီးဒ်ခရိုင်၊ ဂရင်းဝစ်ခ်ျမြို့ကလေးတွင် တစ်ချိန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဇနီး အိုင်ဗန်ကာတို့ နေထိုင်ခဲ့ကြဖူးသော စံအိမ်ကြီးတည်ရှိသည်။

၆ ဧက ကျယ်ဝန်းသော အဆိုပါစံအိမ်ကြီးကို လက်ရှိပိုင်ရှင်များက မူလခေါ်ဈေးအောက် ၂၉ ရာခိုင်နှုန်းခန့်အထိ ဈေးလျှော့လိုက်ကာ ကန်ဒေါ်လာ ၃၇ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ဂျော်ဂျီယာ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးသည် ဒေါ်နယ်ထရမ့် လက်ရှိနေထိုင်နေသော အိမ်ဖြူတော် အဆောက်အအုံနှင့် များစွာ ပုံသဏ္ဍာန်တူညီလှသည်။

လက်ရှိပိုင်ရှင်များက ၂၀၁၅ ခုနှစ်တွင် ပထမဆုံးဈေးကွက်တင်ခဲ့ဖူးပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၅၂ ဒသမ ၇ သန်း ဖြစ်သည်။

လက်ရှိပိုင်ရှင်များမှာ ဘဏ္ဍာရေးလုပ်ငန်းရှင် ရောဘတ် စတန်းဘာ့ဂ်ျနှင့် ဇနီး ဆူဇန်နီတို့ဖြစ်ကြသည်။

ဂရင်းဝစ်ခ်ျမြို့၊ ဗစ္စတာ ဒရိုက်ဗ်လမ်း၊ အမှတ် ၂၁ ရှိ နေအိမ်ကို စတန်းဘာ့ဂ်ျက ၂၀၀၉ ခုနှစ်ကတည်းက ရောင်းချရန် ကြိုးပမ်းခဲ့ဖူး ကြောင်း ဝေါစထရိဂျာနယ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရောဘတ် စတန်းဘာ့ဂ်ျတို့ ဇနီးမောင်နှံသည် အဆိုပါစံအိမ်ကြီးကို အိုင်ဗန်နာထံမှ ၁၉၉၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းနေအိမ်တွင် ထရမ့်နေထိုင်ခဲ့ဖူးပြီးနောက်ပိုင်း ၁၆ နှစ်အကြာတွင် ဖြစ်သည်။

အိမ်ခြံမြေ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Zillow မှ သတင်းတစ်ရပ်အရ ၂၀၀၉ ခုနှစ်အတွင်း ဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၅၀ ဖြစ်သည်ဟု သိရသည်။

ယင်းနောက်ပိုင်း ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၅၄ သန်းဖြင့် ဈေးကွက်တင်ခဲ့သေးသော်လည်း ဒေါ်နယ်ထရမ့် သမ္မတရွေးကောက်ပွဲ ဝင်ချိန်တွင် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။

၂၀၁၈ ခုနှစ် အစောပိုင်းတွင်ကား အရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၄၅ သန်းဈေးခေါ်ကာ ပြန်လည်ဝင်ရောက်လာပြန်သည်။

စတန်းဘာ့ဂ်ျဇနီးမောင်နှံအတွက် အရောင်းဈေးကွက်တင်ပေးသည်မှာ Sotheby’s International Realty မှ အိမ်ခြံမြေအကျိုးဆောင် ဂျိုးဆက်ဖ် ဘာဘာရီ ဖြစ်သည်။

ဘာဘာရီက ပြောကြားရာတွင် ယခုဈေးကွက်တင်လာသည့် ခေါ်ဈေးမှာ မြေဈေးတန်ဖိုးမျှသာရှိကြောင်း ပြောကြားသည်။

ဂရင်းဝစ်ခ်ျစံအိမ်တွင် အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၃ ခန်း၊ တင်းနစ်ကွင်း ၁ ခု၊ ကိုယ်ပိုင် ဆိပ်ခံတံတားတစ်ခု၊ ဂေါက်ကွင်းတစ်ခု၊ အိမ်တွင်း ရေကူးကန်ပါသော ဧည့်ဂေဟာအိမ် ၁ လုံး၊ မီးလင်းဖို ၈ ခု၊ ကား ၅ စင်းဆန့် ကားဂိုဒေါင် ၁ လုံး၊ ဝန်ထမ်း လူနေခန်း ၃ ခန်း၊ ၃ ထပ် အဆောက်အအုံတစ်လုံး၊ ရုပ်ရှင်ခန်း၊ အိမ်ပြင် ရေကူးကန်တို့ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service