မြေဂရန်သက်တမ်း ကုန်ဆုံးသွားတဲ့ အိမ်မြေကို အမွေဆက်ခံခွင့်ရှိပါသလား ။ သက်တမ်းကုန်သွားတဲ့ အိမ် မြေကိုဂရန်ကို ဘယ်လိုပြန်လျှောက်ရမလဲ

မြေဂရန်သက်တမ်း ကုန်ဆုံးသွားတဲ့ အိမ်မြေကို အမွေဆက်ခံခွင့်ရှိပါသလား ။ သက်တမ်းကုန်သွားတဲ့ အိမ် မြေကိုဂရန်ကို ဘယ်လိုပြန်လျှောက်ရမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
19 Jun 2019 1:38 pm တွင် တင်ခဲ့သည်
1637 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဂရန်ဆိုတာ ဘယ်လိုမြေကိုပေးသလဲဆိုတာ အရင်စပြောပါမယ်။ အစိုးရမှာ စီမံခန့်ခွဲနိုင်တဲ့ မြေဆိုတာရှိပါတယ်။ ဘယ်သူမှ ပိုင်ဆိုင်ခွင့်လည်းမရှိဘူး၊ မြို့ထဲရွာထဲမှာ အစိုးရပိုင်ဆိုင်မြေလို့လည်း သတ်မှတ်ထားပါတယ်။ ဒီလို မြေတွေကို (Disposal Land) လို့ခေါ်ပါတယ်။ ဒီမြေကို ဂရန်ပေးလို့ရတယ်။ ဘယ်လိုပေးလဲဆိုတော့ အစိုးရက သတ်မှတ်စည်းကမ်းနဲ့ ချထားတယ်။ နှစ်ရှည်ဆိုရင် ၃၀နှစ်၊ ၆၀နှစ်၊ ၉၀နှစ် ပေးတယ်။ နှစ်တိုဆိုရင် ၁၅နှစ်၊ ၂၀နှစ် ပေးတယ်။ အစိုးရက ခွင့်ပြုထားတာပေါ့။ အစိုးရရဲ့ ခွင့်ပြုချက်အရ သုံးရတယ်။ အဲဒီမှာ စည်းကမ်းချက် တစ်ခုပါတယ်။ သက်တမ်းကုန်ဆုံးရင် ဒီမြေကို အငှားချထားတဲ့ အစိုးရထံ အသာတကြည် ပြန်လည် အပ်နှံရ မယ်လို့ပါတယ်။ သူ့ကို ပေးထားတဲ့အခွင့်အရေးတွေက သက်တမ်းကုန်ရင် ကုန်ဆုံးသွားတယ်။ ဒီမြေကို အမွေ ဆက်ခံခွင့်ရနိုင်သလား ၊ လက်ရောက်ရနိုင်သလားဆိုရင် အစိုးရမြေဖြစ်သွားတဲ့အတွက် ခက်ခဲသွားပါပြီ။

ဒါနဲ့ ပတ်သက်လို့ တရားလွှတ်တော်ချုပ်မှာ စီရင်ထုံးတစ်ခုရှိပါတယ်။ ဦးဝင်းမောင်နဲ့ ဒေါ်ငွေခိုင် (ခ) ဒေါ်လှမေ ဆိုတဲ့ ၂၀၁၄ ခုနှစ်က စီရင်ထုံးပါ။ အဲဒီမှာက သက်တမ်းကုန်ဆုံးသွားတဲ့မြေကို လက်ရောက်ရလိုမှုနဲ့ တရားစွဲ တယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထိ တက်သွားတယ်၊ အဲမှာတစ်ပါးထိုင်ပေါ့၊ လက်ရောက်ရပိုင်ခွင့်ရှိ တယ် ဆိုပြီး ဆုံးဖြတ်ပေးခဲ့တယ်။ တစ်ဖက်က အထူးတရားမအယူခံမှု တက်တဲ့အခါမှာ ပြည်ထောင်စုတရားသူ ကြီးချုပ်ဦးဆောင်တဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ၆ ဦးပါတဲ့အဖွဲ့က သက်တမ်းကုန်ဆုံးသွားတဲ့ ဂရန်မြေပေါ်မှာ လက်ရောက်ရရှိတယ်ဆိုပြီး ပြည်ထောင်စုတရားသူကြီးချုပ်က ချမှတ်ထားတဲ့အမိန့်က မှား တယ်၊ ဒီအမိန့်ကို ပြန်ဖျက်ပါဆိုပြီး စီရင်ဆုံးဖြတ်ထားတာရှိပါတယ်။

ဒါကြောင့် တရားစီရင်ရေးသဘောတရားအရ သက်တမ်းကုန်သွားတဲ့ မြေပေါ်မှာ နဂိုရှိထားတဲ့ အခွင့်အရေးတွေက မရှိတော့ပါဘူး။ အမွေဆက်ခံတာတွေ၊ ပိုင်ဆိုင်ခွင့်တွေက ရပ်ဆိုင်းသွားတဲ့ သဘောတွေရှိပါတယ်။ သို့သော် သက်တမ်းတိုးလျှောက်ရပါမယ်။ အဲဒီမှာ အပိုင်း ၂ ပိုင်းရှိပါတယ်။ ပထမက နှစ် ၃၀ ပဲပေးသလား၊ နှစ် ၃၀ ကိုဂရမ် လဲခွင့်မရှိဘူးဆိုရင် လုပ်ထုံးလုပ်နည်းအရ အသစ်ပြန်လျှောက်ရမယ်၊ (သို့မဟုတ်) နှစ် ၆၀၊ နှစ် ၉၀ ဆိုရင် (with renewable) ဆိုပြီးပါ ပါတယ်။ ပြန်ပြီးတော့ အသစ်လဲနိုင်တယ်၊ အသစ်မလျှောက်ရတော့ဘူး။ အမှုတွဲမလုပ်ပဲနဲ့ သက်တမ်းတိုးပေးဖို့အခွင့်အရေးရပါတယ်။ အဲတော့ နှစ် ၃၀ ဂရမ်ဆိုရင် အသစ်ပြန်လျှောက်ရမယ်။ မဟုတ်ရင်တော့ အစိုးရမြေဖြစ်သွားတဲ့အတွက် သူရဲ့အခွင့်အရေးတွေ ဆုံးရှုံးရပ်စဲသွားပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ

Credit : DVB  

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
shwe-moe-kaung
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service