အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်ဇ် တီလာဆန်က ဘေ့စ်ဘောကြယ်ပွင့်ဟောင်း ဗာနွန်ဝဲလ်၏ တက္ကဆပ်ပြည်နယ်ရှိ စံအိမ်ကို ဝယ်ယူ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်ဇ် တီလာဆန်က ဘေ့စ်ဘောကြယ်ပွင့်ဟောင်း ဗာနွန်ဝဲလ်၏ တက္ကဆပ်ပြည်နယ်ရှိ စံအိမ်ကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Jun 2019 1:11 pm တွင် တင်ခဲ့သည်
1008 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်ဇ် တီလာဆန်သည် ဘေ့စ်ဘောကြယ်ပွင့်ဟောင်း ဗာနွန်ဝဲလ်၏ တက္ကဆပ်ပြည်နယ်ရှိ စံအိမ်ကို ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခုအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းမှာ တားရန့်ခရိုင်အတွင်းတွင် အမြင့်မားဆုံးအဖြစ် စံချိန်တင်သွားသည်ဟု ဆိုသည်။

ရက်ဇ်တေလာဆန်သည် Exxon ၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ မစ္စတာ ရက်ဇ်တေလာဆန်နှင့် ဇနီး ရန်ဒါတို့သည် Westlake အရပ်ရှိ အဆိုပါစံအိမ်ကို ယခုလအစောပိုင်းတွင် အိမ်ခြံမြေ ကုမ္ပဏီတစ်ခုမှတဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အသက် ၆၇ နှစ်ရှိနေပြီဖြစ်သော မစ္စတာ တေလာဆန်သည် ၂၀၁၈ ခုနှစ်၊ မတ်လတွင် ဒေါ်နယ်ထရမ့် အစိုးရလက်အောက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီက Exxon Mobil ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၁၁ နှစ်ခန့် တာဝန်ထမ်းဆောင် နေခဲ့သူတစ်ဦး ဖြစ်သည်။

တက္ကဆပ်ပြည်နယ်၏ သတင်းအချက်အလက် ဖွင့်ချမှု တားမြစ်သည့်ဥပဒေအရ ဈေးကွက်တင်ပေးခဲ့သည့် အိမ်ခြံမြေ အကျိုးဆောင် အလစ်စီယာ ခမီလျူစကီးက ဈေးနှုန်းအပါအဝင် အရောင်းအဝယ်ဖြစ်သွားသည့် အချက်အလက်များကို ထုတ်ဖော်ပြောပြခွင့် မရှိခဲ့ချေ။

အဆိုပါနေအိမ်ကို ၂၀၁၈ ခုနှစ်အတွင်း အရောင်းဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးမှာမူ ကန်ဒေါ်လာ ၈ ဒသမ ၅ သန်း ဖြစ်သည်။

ယခု အရောင်းအဝယ်ဖြစ်ခဲ့သည့်နေအိမ်မှာ လွန်ခဲ့သော ၁၀ နှစ်တာ ကာလတစ်လျှောက်အတွင်း အမြင့်မားဆုံး ဈေးနှုန်းဖြစ်ကြောင်းကိုမူ ခမီလျူစကီးက ပြောကြားသည်။

Redfin မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၇ ခုနှစ်အတွင်း North Pearson Lane တွင် အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ရောင်းချခဲ့မှုမှာ ဒေသတွင်းတွင် အမြင့်မားဆုံးအဖြစ် စံချိန်တင်ထားသည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်ဖြစ်ခဲ့သည့်နေအိမ်မှာ Westlake အရပ်မှ နာမည်ကျော် Vaquero Club ဝန်းအတွင်း တည်ရှိပြီး ခြံဝန်းအကျယ်မှာ ၂ ဧကခန့်ရှိသည်။

ဘေ့စ်ဘောကြယ်ပွင့် ဗာနွန်ဝဲလ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၆၂၃၈ ရှိသည်။

နေအိမ်ကို မြေထဲပင်လယ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အပန်းဖြေစခန်းအသွင် spa နေရာ၊ ဂိမ်းကစားခန်း၊ မီဒီယာခန်းမ၊ ဝိုင်သိုလှောင်ခန်း၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ဇကာများဖြင့် အလုံကာရံပေးထားသော အိမ်တွင်း ဘေ့စ်ဘောကစားခန်းတို့ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်

pan-swal-taw
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service