အိမ်ခြံမြေ ပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်လာမည်ကို ရုရှားဗဟိုဘဏ်က ရတက်မအေးဖြစ်လျက်ရှိ

အိမ်ခြံမြေ ပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်လာမည်ကို ရုရှားဗဟိုဘဏ်က ရတက်မအေးဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Jun 2019 11:35 am တွင် တင်ခဲ့သည်
913 ကြိမ် ကြည့်ရှု့ပြီး

ရုရှားတွင် အိမ်ခြံမြေ ပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်လာမည်ကို ရုရှားဗဟိုဘဏ်က ရတက်မအေးဖြစ်လျက်ရှိပြီး အိမ်ခြံမြေ ချေးငွေ ရယူမှုဈေးကွက် ငြိမ်သက်မှုရှိစေရန် ကိုင်တွယ်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

သို့ရာတွင် ရုရှားအိမ်ခြံမြေဈေးကွက်အတွင်းရှိနေသူများက သုံးသပ်ရာတွင် အစိုးရက အလွန်အကျွံစိုးရိမ်နေခြင်းသာဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။

ချေးငွေရယူမှုများ မြင့်တက်လာခြင်းသည် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာစေနိုင်ကြောင်း၊ အကျိုးဆက်အားဖြင့် အိမ်ခြံမြေ ဈေးတက်ခြင်းကြောင့် ချေးငွေရယူရန် တွန်းအားပေးသကဲ့သို့ဖြစ်စေသည့် သံသရာလည်စေမည်ဖြစ်ကြောင်း ရုရှားဗဟိုဘဏ် (CBR) က ပြည်တွင်းဘဏ်များသို့ သတိပေးချက် ထုတ်ပြန်ထားသည်ဟု ဆိုသည်။

ဝင်ငွေတိုးတက်မှု ရပ်တန့်နေသောကြောင့် ရုရှားနိုင်ငံသားတို့သည် ၎င်းတို့၏ လူနေမှုဘဝများကို ထိန်းသိမ်းထားနိုင်ရန်အတွက် ဘဏ်များထံသို့ ငွေချေးရန် လာကြရရာ လွန်ခဲ့သော ၂ နှစ်တာအတွင်း စားသုံးသူကြွေးမြီများ မြင့်တက်လာသည်။

ပိုမို စိုးရိမ်ဖွယ်အချက်မှာ ဈေးကစားသူတို့ကလည်း ၎င်းတို့၏ ကြွေးမြီဟောင်းများ ပေးဆပ်ရန်အတွက် ချေးငွေများ ရယူလာကြခြင်း ဖြစ်သည်။

စားသုံးသူတို့၏ ချေးငွေရယူမှုများ ရှိနေခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများ၏ အိမ်ခြံမြေချေးငွေရယူခြင်းမှာလည်း မြင့်တက်လာနေပြီး အဆိုပါကဏ္ဍမှာ ဘဏ်များအတွက် ပိုမိုအမြတ်အစွန်းရရှိနိုင်မည့် ကဏ္ဍကြီးတစ်ခုလည်းဖြစ်နေသည်။

ရုရှားအိမ်ခြံမြေဈေးကွက်သည် ချေးငွေဖြင့် မောင်းနှင်မှုတစ်ရပ်ဖြစ်လာနေပြီး မူလက ချေးငွေမရှိဘဲ ဝယ်ယူခဲ့ကြရာမှ ယခုအခါ ဝယ်ယူမှုတန်ဖိုး၏ ၃ ပုံ ၂ ပုံခန့်အထိ ချေးငွေ ရယူလာကြကြောင်း bne IntelliNews တွင် ဖော်ပြသည်။

ကရင်မလင်ကလည်း အိမ်ခြံမြေချေးငွေရယူမှု ကြီးထွားဖွံ့ဖြိုးလာစေရန် အားပေးနေခဲ့သည်။

ပြီးခဲ့သောနှစ်အထိ အစိုးရက အိမ်ခြံမြေချေးငွေများကို ကူညီပေးခဲ့နေပြီး ထိုစဉ်က အတိုးနှုန်းမှာ ၁၂ ရာခိုင်နှုန်း ဖြစ်သည်။

သို့ရာတွင် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းအောက် ရောက်ရှိသွားချိန်တွင် အစိုးရ၏ အကူအညီပေးမှုများ ရပ်တန့်သွားခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် အိမ်ခြံမြေချေးငွေများအပေါ် အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားပြီး ပြီးခဲ့သော မတ်လအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘဏ်များကို အတိုးနှုန်း ၈ ရာခိုင်နှုန်းအောက်သာ ထားရှိရန် လမ်းညွှန်ခဲ့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

pan-swal-taw
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service