မန္တလေးတိုင်းရှိ သမိုင်းဝင်နေရာများကို ခရီးသွားဇုန်အသစ်ဖော်ဆောင်မည်ဟုဆို

မန္တလေးတိုင်းရှိ သမိုင်းဝင်နေရာများကို ခရီးသွားဇုန်အသစ်ဖော်ဆောင်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
14 Jun 2019 10:22 am တွင် တင်ခဲ့သည်
2060 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးတိုင်း ရှိ မြနန်းစံကျော်ရွှေနန်းတော်အနီးတစ်ဝိုက် နေရာနှင့် ရှေးဟောင်းဗိသုကာ လက်ရာများရှိသည့် အင်းဝမြို့ဟောင်းနေရာကို ခရီးသွားဇုန်အသစ်များအဖြစ် ဖော်ဆောင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

ခရီးသွားဇုန်သစ်များ ဖော်ဆောင်ရာတွင် မန္တလေးတောင်၊ မြနန်းစံကျော်ရွှေနန်းတော်၊ ရွှေ နန်းတော်ကျောင်း၊ ကုသိုလ်တော် ဘုရား၊ စန္ဒာမုနိဘုရား၊ အတုမရှိ ကျောင်း အစရှိသည့် နေရာတစ်ဝိုက်ကို သမိုင်းဝင်နေရာများအဖြစ် လေ့လာနိုင်မည့် ခရီးသွားဇုန် ဖော်ဆောင်မည်ဟု ၎င်းက ပြောသည်။

ထို့အတူ မင်းနေပြည်တော်အဖြစ် နှစ်ကြိမ်တိုင်တည်ရှိခဲ့သည့် အင်းဝမြို့ဟောင်းနေရာ၌ ရှေးဟောင်းဘုရားများ၊ ဗားကရာ ကျောင်း၊ မြို့ရိုးကျောင်း၊ ဘုရားသုံးဆူ၊ ဘုရားကိုးဆူနှင့် မယ်နုအုတ်ကျောင်း စသည့်နေရာများ ပါဝင်သော ဧရိယာကို ရှေးဟောင်းဗိသုကာလက်ရာများ လေ့လာနိုင်မည့် ခရီးသွားဇုန်အဖြစ် ဖော်ဆောင်မည်ဖြစ်သည်။

‘‘မန္တလေး နဲ့ အင်းဝက နေရာနယ်မြေနှစ်ခုကို ခရီးသွားဇုန်အဖြစ် သီးသန့်ခွဲထုတ်မယ်။ အဲဒီအတွက် EOI ခေါ်မှာဖြစ်ပါတယ်။ ဥပမာ အင်းဝဒေသဆိုရင် သွားတဲ့လာတဲ့ လမ်းကအစ၊ နားနေခန်းတွေကအစ လုပ်ပေးနိုင်မလား၊ ဘယ်လောက်ရင်းနှီးမြှုပ်နှံမှုလုပ်မလဲဆိုတာမျိုး အဆိုပြုချက်ခေါ်မှာပေါ့။ ပြီးတော့မှ တောင်းတဲ့ အချက်တွေ လုပ်ပေးနိုင်မယ့် လုပ်ငန်းရှင်တွေကို တင်ဒါပေးလိုက်မှာ ဖြစ်ပါတယ်’’ဟု ဦးမြတ်သူက ပြောသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့ အနေဖြင့် အဆိုပါ ခရီးသွားဇုန်နှစ်ခုအတွက် စိတ်ဝင်စားမှုအဆို ပြုလွှာခေါ်ယူခြင်းကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ဇွန်လ မကုန်မီ ကြေညာမည်ဖြစ်ပြီး စိတ်ဝင်စား၍ လျှောက်ထားမည့် လုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် ကနဦးလုပ်ကိုင်ခွင့်အဖြစ် ငါးနှစ်တင်ဒါပေးမည် ဖြစ်ကာ ခရီးသွားဧည့်သည်များ သဘောကျနှစ်သက်သည်ဆိုပါက သက်တမ်းတိုးခွင့်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မန္တလေးသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ က ဇုန်ဝင်ကြေး ကျပ်နှစ်သောင်းခွဲ ပေးလျှင် မန္တလေးမြို့နှင့် အင်းဝ ဒေသရှိ နေရာအားလုံးကို လည်ပတ်ခွင့်ရှိသော်လည်း နေရာအသစ်များ သတ်မှတ်ပြီးပါက ခရီးသွားများအတွက်ဝန်ဆောင်မှုများပေးမည့်အပြင် ယင်းနေရာများသို့သွားရောက်လည်ပတ်မှုများအတွက် ဇုန်ဝင်ကြေး ထပ်မံပေးရမည်ဖြစ်ကြောင်း ဦးမြတ်သူက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း

ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service