တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများသည် ပိုလန်အိမ်ခြံမြေဈေးကွက်ကို တနေ့တခြား ပိုမိုစိတ်ဝင်စားလာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
420 ကြိမ် ကြည့်ရှု့ ပြီး

တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများသည် ပိုလန်အိမ်ခြံမြေဈေးကွက်ကို တနေ့တခြား ပိုမိုစိတ်ဝင်စားလာလျက်ရှိ

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများသည် ပိုလန်အိမ်ခြံမြေဈေးကွက်ကို တနေ့တခြား ပိုမိုစိတ်ဝင်စားလာလျက်ရှိနေကြောင်း ဆိုးလ်မြို့တော်အခြေစိုက် ပိုလန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအေဂျင်စီ (PAIH) မှ အာကား ဒီယုစ် တားနော့စကီးက ပြောကြားသည်။

“ကိုရီးယား ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးအပါဆုံး ထိပ်တန်း ဥရောပ ၅ နိုင်ငံစာရင်းထဲကို ပိုလန်ဝင်ရောက်လာပါတယ်” ဟု ဆိုးလ်မြို့တော်ရှိ PAIH ၏ ရုံးတွင် ကျင်းပသော ပိုလန်-ကိုရီးယား စီးပွားရေးဖိုရမ်တွင် တားနော့စကီးက ပြောကြားလိုက်သည်။

တားနော့စကီးက ဆက်လက်ပြောကြားရာတွင် ပိုလန်တွင် Amazon ၏ ထောက်ပို့ဌာန ၅ ခုရှိသည့်အနက် ၄ ခုမှာ ကိုရီးယားကုမ္ပဏီများ ပိုင်ဆိုင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်း၏ သုံးသပ်ချက်အရ ကိုရီးယားကုမ္ပဏီများသည် ရုံးခန်းနှင့် ဂိုဒေါင်ဆိုင်ရာ အိမ်ခြံမြေဈေးကွက်များကို အထူးစိတ်ဝင်စားသည်ဟု သုံးသပ်ထားသည်။

တားနော့စကီးက ထောက်ပြရာတွင် ကိုရီးယားကုမ္ပဏီများသည် နိုင်ငံရေးမတည်ငြိမ်သော နိုင်ငံများရှိ စီမံကိန်းများ(သို့မဟုတ်) နိုင်ငံရေး အန္တရာယ်အလွန်မြင့်မားသော စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့မရှိကြောင်း ထောက်ပြသည်။

ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ပိုလန်သည် တည်ငြိမ်လုံခြုံမှုရှိသော နိုင်ငံဖြစ်သည်မှာ ဂုဏ်ယူဖွယ်အချက်တစ်ခု ဖြစ်ကြောင်းလည်း တားနော့စကီးက ပြောကြားသည်။

ပိုလန်-ကိုရီးယား စီးပွားရေးဖိုရမ်ကို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၃၀ ပြည့်ကာလတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၃၀ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသူများတွင် ကိုရီးယားကုမ္ပဏီများမှ ကိုယ်စားလှယ်တော်ကြီးများ၊ ပိုလန်ကုမ္ပဏီများနှင့် အင်စတီကျူးရှင်းများမှ ကိုယ်စားလှယ်အဖွဲ့တို့အပြင် ပိုလန် စွန့်ဦးတီထွင်မှုနှင့် နည်းပညာ ဒုတိယဝန်ကြီး တာဒယုဒ်ရှ် ကော့ရှီန် စကီန်လည်း ပါဝင်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်းအဆင့် (၁) အဖြစ် အောက်တိုဘာ ၁ ရက်တွင်စတင်မည်...
ဟောင်ကောင်တွင် နေအိမ်ခန်းသစ်များကို ရောင်းချငှားရမ်းခြင်းမပြုဘဲ ကိုင်ထားသည့် developer များကို ပစ်မှတ်ထားသည့် လူလွတ် အခန်းများဆိုင်ရာ အကောက်ခွန်ဥပဒေ ပြဌာန်းရန် စီစဉ်လျက်ရှိ...
U9 ပြည်သူ့အိမ်ရာစီမံကိန်း အဆိုပြုလွှာတင်သွင်းရက် တိုးမြှင့်
ကမ္ဘာ့ဂီတသမိုင်းတစ်လျှောက် အရောင်းရဆုံးတေးသံရှင်ဖြစ်ခဲ့သည့် ရော့ခ်ဂီတသမား တွမ်ပက်တီ ကလေးဘဝက နေထိုင်ခဲ့သော အိမ်ကို ဝယ်ယူသွားသည့် ဝယ်လက်မှာ ၎င်း၏ ဇနီးဟောင်းဖြစ်ကြောင်း ပေါ်ပေါက်လာ...
ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်ငှားခ ထိန်းချုပ်သည့် ဥပဒေကြမ်းတင်သွင်းထားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း လက်မှတ်ရေးထိုးအတည်ပြုသွားမည်ဟု ထုတ်ပြန်ထား...
တန်ဖိုးနည်းအိမ်ရာများကိုအခြေခံလူတန်းစားများအတွက်ဆောက်လုပ်ရာတွင်အမှန်တကယ်နေထိုင်မည့်နေရာဖြစ်ဖို့လို...
ထပ်ဆင့်အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့က နယူးယောက်အိမ်ကို သြစတေးလျဘီလျံနာထံရောင်းချပြီး မကြာမီတွင်ပင် ၁၂ ဧကကျယ်သော ကျေးလက်စံအိမ်တစ်လုံးကို တိတ်တဆိတ်ပြန်လည်...
နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီဆောက်လုပ်ရေးပါမစ်အွန်လိုင်းမှလျှောက်ထားမှုခက်ခဲနေဆဲဖြစ်...
အီတလီကျေးလက်ဒေသသို့ သွားရောက်နေထိုင်မည်ဆိုပါက တစ်လလျှင် ကန်ဒေါ်လာ ၇၇၀ ဖြင့် ထောက်ပံ့ကြေး ၃ နှစ်ရမည်...
ဟောင်ကောင်တွင် အိမ်ခြံမြေဈေးကွက် ထိုးကျနေပြီး ဆောက်လုပ်ပြီးစီးသော လူနေခန်းသစ်များကို လွန်ခဲ့သော ၂ နှစ်က ဈေးနှုန်းများဖြင့် ရောင်းချရလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)