ကလေးဝ-ယာကြီးလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်း အိန္ဒိယနိုင်ငံပံ့ပိုးမှုဖြင့် ၂၀၂၀ မေလတွင် အပြီးဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
500 ကြိမ် ကြည့်ရှု့ ပြီး

ကလေးဝ-ယာကြီးလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်း အိန္ဒိယနိုင်ငံပံ့ပိုးမှုဖြင့် ၂၀၂၀ မေလတွင် အပြီးဆောင်ရွက်မည်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ–-အိန္ဒိယ နယ်စပ်ကုန်စည်တင်ပို့ရေးတွင် အဓိကအရေး ပါသည့် ကလေးဝ-–ယာကြီးလမ်းကို အိန္ဒိယ နိုင်ငံ၏အကူအညီဖြင့် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

အကူအညီပေးရန်

အဆိုပါလမ်းကို ၂၀၂၀ ပြည့်နှစ်မေလတွင် လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှုလျှပ်စစ်နှင့်စွမ်းအင် ကော်မတီမှ တာဝန်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောဆိုသည်။

"ကျွန်တော်တို့ ကလေးဝ-–ယာကြီးလမ်းမှာ အိန္ဒိယနိုင်ငံက ကူညီပံ့ပိုးမှုနဲ့ဆောင်ရွက်နေတဲ့ လမ်းအခြေအနေကို ကွင်းဆင်းမှတ်တမ်းတင်နေတာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ မေလမှာ ကလေးဝ–ယာကြီး-လမ်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေးအတွက် လက်ရှိဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာ အားနည်းချက်၊ အားသာချက်တွေ အကူအညီပေးနိုင်ဖို့ဖြစ်ပါတယ်"ဟု ဦးကိုကိုနိုင်က ပြောဆိုသည်။

ယင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် မေလမှစတင်၍ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် Vertical Curve များ၊ Horizontal Curve များဖြေလျှော့ခြင်း၊ လမ်းကွေ့ဖြောင့်ခြင်း၊ မြေဖို့ခြင်းများ လုပ်ကိုင်လျက်ရှိပြီး လုပ်ငန်း၏ရာခိုင်နှုန်း ၂၀ ပြီးစီးနေပြီဖြစ်သည်။

အတက်အဆင်း၌အန္တရာယ်ဖြစ်ပွား

" ကျွန်တော်တို့အခုအသုံးပြုနေရတဲ့ ယာကြီးလမ်းဟာ မုံရွာ (ဝ/ဝ) မိုင်ကနေပြီး ယာကြီး (၄၀/ဝ) အထိ မြေပြန့်လမ်းပိုင်းဖြစ်ပါတယ်။ (၄၀/ဝ) မိုင်ကနေစတင်ပြီး လာဖို့(၅၈/၄)အထိ တောင်ပေါ်လမ်းဖြစ်ပါတယ်။ တောင်ပေါ်လမ်းပိုင်းအနေအထားကတော့ အတက်အဆင်းကြီးမားတဲ့အတွက် ကားတွေ၊ ဆိုင်ကယ် တွေ မကြာခဏမလိုလားအပ်တဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ကြရပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ကြရပါတယ်" ဟု ကလေးဝ–-ယာကြီး လမ်းပိုင်းကျောက်တန်းရွာရှိ ဒေသခံဦးဖုန်း စုံက ပြောဆိုသည်။

ဆက်သွယ်သွားလာ

မြန်မာ-–အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူး၊ ချင်းပြည်နယ် မြန်မာ--အိန္ဒိယ နယ်စပ် ရိဒ်ကုန်စည်ပို့ဆောင်ရေးအတွက် ကလေး၊ ကလေးဝမြို့များမှတစ်ဆင့် လမ်းသုံး လမ်းဖြင့် ဆက်သွယ်သွားလာကြရာ ကလေးဝ–ရေဦးလမ်းမှာ ၁၆၅ မိုင်၊ ကလေး– ဂန့်ဂေါလမ်း မှာ မိုင် ၂၀ဝ ကျော်ဝေးပြီး ကလေးဝ–ယာကြီး လမ်းမှာ ၁၁၅ မိုင် ဝေးသည်။

"(၆၈/ဝ) မိုင်ကနေပြီး၊ (၇၀/ဝ)မိုင်အထိ နှင့်(၇၈/ဝ)မိုင်ကနေ(၉၃/ဝ)မိုင်အထိ လမ်း ပိုင်းက ရွှေသမိုင်တောင်ခြေလမ်းဖြစ်ပါတယ်။ တောင်ကျချောင်းတွေ၊ မြေပြိုကျမှုတွေ၊ ရေ တိုက်စားမှုတွေကြောင့် လမ်းပျက်စီးမှုများတဲ့ နေရာလည်းဖြစ်ပါတယ်။ မိုးတွင်းကာလမှာ ဆိုရင် လုံးဝသွားလို့၊ လာလို့မရတဲ့အပြင်ယာ ကြီးလမ်းထဲမှာ ရောက်နေတဲ့ကားတွေလည်းလမ်းခြောက်သွေ့မှ ခရီးဆက်နိုင်ကြတာဖြစ် ပါတယ်။ ဒေသခံတွေအတွက်ကတော့ မိုးတွင်း ကာလမှာ သွားလာရေးခက်ခဲတဲ့အတွက် စား ရေးသောက်ရေးပါ အခက်တွေ့ကြရပါတယ်"ဟု ဒေသခံဦးဖုန်းစုံက ပြောဆိုသည်။

ဝန်ဆောင်ခပိုကုန်ကျ

ကလေးဝ-–ယာကြီးလမ်းမှာ ခရီးအတိုဆုံး လမ်းမကြီးဖြစ်သော်လည်း လမ်းမကောင်း သည့်အတွက် ယခုအခါသွားလာမှုနည်းပါး သည်။ မိုးတွင်းကာလဆိုလျှင် အသွားအလာ လုံးဝမရှိဖြစ်သွားကြောင်း သိရသည်။

အဆိုပါဒေသတွင် ယခုလတ်တလောအသွား လာအများဆုံးလမ်းမှာ ကလေး--ဂန့်ဂေါ -မုံရွာ လမ်းဖြစ်သည်။ လမ်းကြောအရှည်ဆုံးလမ်းကို အသုံးပြုနေကြရသည့်အတွက် ဝန်ဆောင်ခ ပိုမိုကုန်ကျနေကြရကြောင်း ကလေးဒေသခံ ဦးတင်ထွန်းဝင်း (ရုပ်သံ) က ပြောဆိုသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်းအဆင့် (၁) အဖြစ် အောက်တိုဘာ ၁ ရက်တွင်စတင်မည်...
ဟောင်ကောင်တွင် နေအိမ်ခန်းသစ်များကို ရောင်းချငှားရမ်းခြင်းမပြုဘဲ ကိုင်ထားသည့် developer များကို ပစ်မှတ်ထားသည့် လူလွတ် အခန်းများဆိုင်ရာ အကောက်ခွန်ဥပဒေ ပြဌာန်းရန် စီစဉ်လျက်ရှိ...
U9 ပြည်သူ့အိမ်ရာစီမံကိန်း အဆိုပြုလွှာတင်သွင်းရက် တိုးမြှင့်
ကမ္ဘာ့ဂီတသမိုင်းတစ်လျှောက် အရောင်းရဆုံးတေးသံရှင်ဖြစ်ခဲ့သည့် ရော့ခ်ဂီတသမား တွမ်ပက်တီ ကလေးဘဝက နေထိုင်ခဲ့သော အိမ်ကို ဝယ်ယူသွားသည့် ဝယ်လက်မှာ ၎င်း၏ ဇနီးဟောင်းဖြစ်ကြောင်း ပေါ်ပေါက်လာ...
ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်ငှားခ ထိန်းချုပ်သည့် ဥပဒေကြမ်းတင်သွင်းထားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း လက်မှတ်ရေးထိုးအတည်ပြုသွားမည်ဟု ထုတ်ပြန်ထား...
တန်ဖိုးနည်းအိမ်ရာများကိုအခြေခံလူတန်းစားများအတွက်ဆောက်လုပ်ရာတွင်အမှန်တကယ်နေထိုင်မည့်နေရာဖြစ်ဖို့လို...
ထပ်ဆင့်အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့က နယူးယောက်အိမ်ကို သြစတေးလျဘီလျံနာထံရောင်းချပြီး မကြာမီတွင်ပင် ၁၂ ဧကကျယ်သော ကျေးလက်စံအိမ်တစ်လုံးကို တိတ်တဆိတ်ပြန်လည်...
နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီဆောက်လုပ်ရေးပါမစ်အွန်လိုင်းမှလျှောက်ထားမှုခက်ခဲနေဆဲဖြစ်...
အီတလီကျေးလက်ဒေသသို့ သွားရောက်နေထိုင်မည်ဆိုပါက တစ်လလျှင် ကန်ဒေါ်လာ ၇၇၀ ဖြင့် ထောက်ပံ့ကြေး ၃ နှစ်ရမည်...
ဟောင်ကောင်တွင် အိမ်ခြံမြေဈေးကွက် ထိုးကျနေပြီး ဆောက်လုပ်ပြီးစီးသော လူနေခန်းသစ်များကို လွန်ခဲ့သော ၂ နှစ်က ဈေးနှုန်းများဖြင့် ရောင်းချရလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)