တန်ဖိုးသင့်အိမ်ရာများဆောက်ရန် အစိုးရပိုင်မြေယာများ ရှားပါးနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

တန်ဖိုးသင့်အိမ်ရာများဆောက်ရန် အစိုးရပိုင်မြေယာများ ရှားပါးနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
10 Jun 2019 10:19 am တွင် တင်ခဲ့သည်
790 ကြိမ် ကြည့်ရှု့ပြီး

တပ်မတော်နှင့် ပတ်သက်ဆက်နွှယ်နေသူများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများကို အကြီးစားမြေယာအစိတ်အပိုင်းများ လွှဲပြောင်းခဲ့သဖြင့်တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် အစိုးရပိုင်မြေယာများရှားပါးနေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံမြို့ပြဖြစ်ထွန်းမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တန်ဖိုးသင့် အိမ်ရာများအတွက် မြေယာသည် အကန့်အသတ်ရှိနေသဖြင့် အိမ်ဈေးနှုန်းမြင့်မားရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ရန်ကုန်မြို့  တွင်အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်း အကောင်အထည်ဖော်မည်ဟု တိုင်းအစိုးရတတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

အစိုးရက မြေပေးပြီး လုပ်ငန်းရှင်များက တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရမည့်စနစ်ကို အကောင်အထည်ဖော်မည်ဟု ၎င်းကဆိုခြင်းဖြစ်သည်။

မြို့ပြလူဦးရေတိုးတက်မှုနှင့် မြေဈေးနှုန်းကြီးမြင့်မှုက တန်ဖိုးနည်းအိမ်ရာများ ရှားပါးသော ရန်ကုန်တွင် တရားမဝင်ကျူးကျော်အခြေချနေထိုင်မှုများ ဖြစ်စေသည်ဟု ဆိုထားသည်။

‘‘ရန်ကုန်မှာက စိန်ခေါ်မှုတွေ အများကြီးပဲ။ အခြေခံအဆောက်အအုံမလုံလောက်မှုက အဓိက အဖြေရှာဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း၊ တခြားနိုင်ငံကနေ ငွေကြေးအကူ အညီတွေရယူပြီးလည်း စိန်ခေါ်မှုကို ဖြေရှင်းနိုင်ပါတယ်’’ ဟု ကမ္ဘာ့ ဘဏ်၏ အရှေ့တောင်အာရှ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများ စီမံခန့်ခွဲမှုအဖွဲ့ အခြေ ခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေး စီမံကိန်း ခေါင်းဆောင် Mark Austin က ပြောသည်။

ရန်ကုန်မြို့ တွင် ကျူးကျော် နေထိုင်သူ (တရားမဝင်အခြေချ နေထိုင်သူ) ခန့်မှန်းခြေ ၄၇၅,၀၀၀ ကျော်၊ အိမ်ထောင်စု ၁၅၅,၀၀၀ ကျော်ရှိပြီး မြေဧက ၂,၀၀၀ ကျော်တွင် နေထိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

‘‘ဒီပြဿနာကို ဖြေရှင်းဖို့က တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ ဖော်ဆောင်ဖို့ လိုပါတယ်။ စင်ကာပူမှာဆိုရင်လည်း ၈၀ ရာခိုင် နှုန်းလောက်က ဈေးချိုတဲ့ အိမ်ရာတွေမှာ နေထိုင်ကြတယ်’’ ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးက ဆိုသည်။

လူအနည်းငယ်သာ ကြွယ်ဝစေခဲ့ပြီး အများစုဆင်းရဲ၍ အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့စေသည့် မမျှတသော ဖွံ့ ဖြိုးတိုးတက်ရေး အစီအမံများကို နှစ်ပေါင်း ၃၀ ကျော် ကြုံတွေ့ပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ မြို့ကြီးများကို ပိုမို၍သာတူညီမျှရှိလာ စေရေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေါက်တာသန့်မြင့်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျူးကျော် ပြဿနာကို ဖြေရှင်းရာ၌ ယခင် အစိုးရလက်ထက်များတွင် နေရာရွှေ့ပြောင်းခြင်း၊ မူလနေရာတွင် အထပ်မြင့်တိုက်ခန်းများဖြင့် အစားထိုးပေးခြင်း စသော နည်းလမ်းများ အသုံးပြုခဲ့ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။

လက်ရှိရန်ကုန်မြို့တွင် ကြုံ တွေ့နေရသည့် ကျူးကျော်နေ ထိုင်သူများနှင့်ပတ်သက်၍ ဖြေရှင်းရာတွင် နည်းလမ်းပေါင်းစုံကို အသုံးပြုမှရမည်ဟု ၎င်းက ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service