စင်္ကာပူ အိမ်ခြံမြေကုမ္ပဏီကြီး CapitaLand က စီမံခန့်ခွဲလျက်ရှိသော အိမ်ခြံမြေလုပ်ငန်းကဏ္ဍတန်ဖိုးမှာ စင်္ကာပူဒေါ်လာ ၇၈ ဘီလီယံတန်ကြေးရှိနေပြီး အာရှ-ပစိဖိတ်၏ အကြီးမားဆုံး ကုမ္ပဏီအဖြစ် ရပ်တည်

စင်္ကာပူ အိမ်ခြံမြေကုမ္ပဏီကြီး CapitaLand က စီမံခန့်ခွဲလျက်ရှိသော အိမ်ခြံမြေလုပ်ငန်းကဏ္ဍတန်ဖိုးမှာ စင်္ကာပူဒေါ်လာ ၇၈ ဘီလီယံတန်ကြေးရှိနေပြီး အာရှ-ပစိဖိတ်၏ အကြီးမားဆုံး ကုမ္ပဏီအဖြစ် ရပ်တည် - Property News in Myanmar from iMyanmarHouse.com
24 May 2019 11:54 am တွင် တင်ခဲ့သည်
769 ကြိမ် ကြည့်ရှု့ပြီး

အာရှ-ပစိဖိတ်ဒေသသည် ပြီးခဲ့သောနှစ်အတွင်း စီမံခန့်ခွဲလျက်ရှိသော အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှု (AUM) ပမာဏမှာ ကန်ဒေါ်လာ ၈၁၂ ဘီလီယံအထိ ရှိခဲ့သည်။

တစ်ကမ္ဘာလုံး အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံနှင့် နှိုင်းယှဉ်လျှင် ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

အာရှ-ပစိဖိတ်ဒေသ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် CapitaLand သည် စင်္ကာပူဒေါ်လာ ၇၈ ဘီလီယံ ( ကန်ဒေါ်လာ ၅၅ ဒသမ ၉ ဘီလီယံ) ဖြင့် ဦးဆောင်နေပြီး၊ စင်္ကာပူအခြေစိုက် ထောက်ပို့ကုမ္ပဏီတစ်ခုဖြစ်သော GLP မှာ ကန်ဒေါ်လာ ၃၆ ဒသမ ၃ ဘီလီယံဖြင့် ဒုတိယနှင့် Mapletree မှာ ကန်ဒေါ်လာ ၂၈ ဒသမ ၃ ဘီလီယံဖြင့် တတိယနေရာတို့တွင် အသီးသီး ရပ်တည်နေကြသည်။

ဈေးကွက်တွင် တရားဝင်စာရင်းမပေါက်ထားသော အိမ်ခြံမြေကဏ္ဍ (ရန်ပုံငွေများ၊ ဖက်စပ်လုပ်ငန်းများ၊ ကြွေးမြီထွက်ကုန်များ ပါဝင်) သည် အာရှ-ပစိဖိတ်၏ AUM ပမာဏ၏ ၇၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၊ ဥရောပမှာ ၈၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် မြောက်အမေရိကမှာ ၇၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရှိသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ဈေးကွက်တွင် တရားဝင်စာရင်းမပေါက်ထားသော အိမ်ခြံမြေကဏ္ဍသည် စုစုပေါင်း AUM ၏ ၈၄ ရာခိုင်နှုန်း (သို့မဟုတ်) ကန်ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံဖိုး ရှိသည်။

စုစုပေါင်း AUM ပမာဏမှာ ကန်ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံ ဖြစ်သည်။

အစိုးရပိုင် ရန်ပုံငွေများမှာလည်း အာရှ- ပစိဖိတ်ဒေသ အိမ်ခြံမြေကဏ္ဍအတွက် အကြီးမားဆုံး အရင်းအနှီး သွင်းအားစုတစ်ခုဖြစ်နေပြီး AUM ၏ ၁၅ ဒသမ ၇ ရာခိုင်နှုန်းရှိကာ အာမခံကုမ္ပဏီများမှာ ၁၁ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ Blackstone Group သည် ကန်ဒေါ်လာ ၂၃၀ ဒသမ ၆ ဘီလီယံ AUM ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ၂၀၁၇ ခုနှစ် ပမာဏဖြစ်သော ကန်ဒေါ်လာ ၁၉၃ ဒသမ ၈ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

၎င်း၏နောက်တွင် Brookfield Asset Management က ကမ္ဘာလုံးဆိုင်ရာ AUM ကန်ဒေါ်လာ ၁၈၇ ဒသမ ၃ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

mya-villa
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service