ဟိုတယ်ဈေးကွက် ဒစ်ဂျစ်တယ်မားကက်တင်း လိုအပ်နေ

ဟိုတယ်ဈေးကွက် ဒစ်ဂျစ်တယ်မားကက်တင်း လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
21 May 2019 11:52 am တွင် တင်ခဲ့သည်
618 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ ရဲ့ ဟိုတယ်ဇုန်တွေမှာ ဟိုတယ်ဆောက်လုပ်သူတွေပိုများနေပြီး ခရီးသွားဝင်ရောက်မှု လျော့နည်းနေတာကြောင့် ဟိုတယ်တွေ ဈေးကွက်ရရှိမှု လျော့နည်းမှုတွေကြုံတွေ့နေရပါတယ်။

ဈေးကွက်ရရှိရေးအတွက် Digital Marketing လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြေပိုင်ဆိုင်မှု လက်ဝယ်ရှိပြီး ငွေကြေးအထိုက်အလျောက်ရှိသူ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဟိုတယ်တွေ ဆောက်လုပ်လာကြတာများပါတယ်။ အများအားဖြင့် အစီအစဉ်မရှိဘဲ ဆောက်လုပ်တာတွေများလာတာကြောင့် ဟိုတယ်တွေအနေနဲ့လည်း အခန်းငှားရမ်းမှုတွေ ကျဆင်းလာတာတွေ ကြုံတွေ့နေရပါတယ်။

‘ ဥပမာအနေနဲ့ပြောရရင်  ချင်းပြည်နယ် လို နေရာမျိုးမှာဆိုရင် လူကလာတာ (၅၀၀၀)မပြည့်ဘူး၊ ဟိုတယ်က (၈)လုံးလောက်ရှိတယ်၊ အဲ့ဒီမှာအလုံး (၂၀)လောက်ထပ်တိုးရင် တစ်နှစ်ကို အခန်း (၅၀)လောက်ရတာက ဟိုတယ်တွေများလာတော့ မရတော့ဘူး။ အဲဒီလိုပဲ ထားဝယ်လိုနေရာမျိုးဆိုရင်လဲ လူ (၅၀၀၀/၆၀၀၀)လောက်လာတာ၊ ပထမ (၅)လုံးရှရာကနေ နောက် (၁၀)လုံး ထပ်တိုးရင် (၁၅)လုံးဖြစ်သွားတော့ အခန်းငှားရမ်းမှုတွေက လျော့ကျသွားတော့ အဆင်မပြေမှုတွေ များစွာရှိနေတယ်လို့ သိရပါတယ်၊ ဒီလိုပဲကြုံတွေ့နေရတဲ့ အခက်အခဲတွေက အဓိက က Plan မရှိလို့ပဲ ဘယ်ပြည်နယ်မှာ ဘယ်လောက်ရှိသင့်တယ်ဆိုတာ သတ်မှတ်ထားတာမရှိဘူး၊ စင်ကာပူဆိုရင်တော့ သတ်မှတ်ပြီးပြီပေါ့နော် ‘ လို့ မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဦးကျော်ခိုင်က ပြောပါတယ်။

ဟိုတယ်တွေ ငှားရမ်းမှုနည်းတာက ခရီးသွားဝင်ရောက်မှုကျဆင်းတာနဲ့လည်း တစ်ဖက်တစ်လမ်းက သက်ဆိုင်မှုရှိပါတယ်။ အစိုးရဌာနတွေအနေနဲ့လည်း လုပ်ဆောင်ချက်တွေ နှေးကွေးနေတာကြောင့် သက်ဆိုင်ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ ဧည့်သည်တွေဝင်ရောက်ဖို့ မားကတ်တင်းတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် ခရီးသွားများတဲ့ တရုတ်ဈေးကွက်ဝင်ရောက်မှုတွေများလာဖို့အတွက် ဒစ်ဂျစ်တယ်မားကတ်တင်းစနစ်တွေ လုပ်ဆောင်သင့်ပါတယ်။

ယိုးဒယားအနေနဲ့ ခရီးသွားဝင်ရောက်မှု (၂၅)သန်း၊ သန်း (၃၀)လောက်ရရှိချိန်မှာ မြန်မာက (၃)သန်းခွဲပဲရတယ်။ ဒါ့အပြင် တရုတ်ကဈေးကွက်ကို ထိုးဖောက်နေတာ။ တရုတ်က ယိုးဒယားကို (၁၀)သန်းလောက်လာတဲ့အချိန်မှာ မြန်မာနိုင်ငံက (၁)သန်းလောက်ပဲရတယ်။ ဒါတွေက အစိုးရအနေနဲ့လည်း တစ်ဖက်တစ်လမ်းက လုပ်ဆောင်ပေးသင့်ပါတယ်။ ဟိုတယ်ဝန်ကြီးအနေနဲ့လည်း နိုင်ငံခြားကို များများသွားပြီး မားကတ်တင်းလုပ်သင့်ပါတယ်။ တရုတ် ခရီးသွားတွေအနေနဲ့ အရင်နှစ်က ခရီးသွားမှာ ပြည်ပခရီးပို့ဆောင်မှု (၁၃၀)မီလျံရှိခဲ့ရာမှာ မြန်မာက တစ်မီလျံလောက်ပဲ ရှိခဲ့တယ်။ အဲဒါတွေကို အစိုးရအနေနဲ့ ပေါ်လစီတစ်ခုချမှတ်ပြီး မြန်မြန် အကောင်အထည်ဖော်နိုင်ဖို့ လိုတယ်။

ဒါ့အပြင် မြန်မာဝဘ်ဆိုက်တွေမှာ တရုတ်တွေမဖတ်တတ်တာတွေရှိတယ်။ ဒစ်ဂျစ်တယ်မားကတ်တင်းထိုးဖောက်ဖို့ လုပ်သင့်တယ်လို့ ဆက်ပြောပါတယ်။ ဒစ်ဂျစ်တယ်မားကက်တင်း တစ်ခုလုပ်လိုက်ခြင်းဟာ အခွင့်အလမ်းကောင်းများစွာပေါ်ပေါက်လာနိုင်ပြီး အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်ပါတယ်။

‘ ကျွန်တော်တို့ တခြားနိုင်ငံတွေက ပြပွဲတွေသွားတယ်၊ အဲဒီမှာ သူများပြခန်းတွေမှာ QR Code တွေ လုပ်ထားတယ်၊ အဲဒီမှာ ဓာတ်ပုံရိုက်လိုက်တော့ ဝက်ဘ်ဆိုက်တွေရှိတယ်၊ တို့နိုင်ငံမှာ မရှိဘူး၊ ပြပွဲကို အယောက် (၁၀၀)လာရင် (၁၀၀)နဲ့ပဲ ကျေနပ်နေရတာ၊ (၃)ရက်လုပ်ရင် (၃၀၀)ပဲရတယ် ‘ လို့ ပြောပါတယ်။

တရုတ်ပြည်မှာ သန်း (၁၃၀၀)ရှိတဲ့အနက် သန်း (၉၀၀)လောက်က Mobile Digital သုံးကြတယ်။ တရုတ်လူမျိုးတစ်ယောက်က မိုဘိုင်းလ်ဖုန်းတစ်နေ့ကို လေးနာရီ မိနစ် ၂၀ သုံးကြတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ်မားကတ်တင်းက လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရဲ့ ဟိုတယ်စံနှုန်းတွေကို မြှင့်နိုင်အောင် မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်းနဲ့ ဟိုတယ်ဝန်ကြီးတွေ ပူးပေါင်းပြီး နိုင်ငံခြားကျွမ်းကျင်ပညာရှင်တွေခေါ်ပြီး အဆင့်သတ်မှတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာတော့ မြန်မာပြည်မှာရှိတဲ့ ဟိုတယ်တွေကို လိုက်လေ့လာပြီးတော့ မြန်မာနဲ့ ကိုက်ညီတဲ့ အဆင့်တွေကို ရွေးသွားမယ်။ အဆင့်သတ်မှတ်ဖို့ကိုလည်း နောင်(၂)နှစ်လောက်မှာ လုပ်ဆောင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟိုတယ်တွေအနေနဲ့ 5 Star မှာ ဘယ်လိုအဆင့်အတန်းလေးတွေပါသင့်တယ်၊ 4 Star ရော၊ 3 Star ရော ဘာတွေပါသင့်တယ်၊ လက်ရှိမှာတော့ 3 Star ဟိုတယ်တွေအနေနဲ့ မားကတ်ပိုတွင်ကျယ်နေတာတွေ့နေရပါတယ်၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်ကလည်း ‘ ဟိုတယ်တွေ ဝန်ဆောင်မှုတွေမြင့်လာဖို့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့အတွက် ဝန်ကြီးဌာနက မူဝါဒပံ့ပိုးမှုတွေ Developer သင်တန်းတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ဝန်ဆောင်မှုတွေ ကောင်းမွန်လာအောင်လုပ်ဆောင်သွားမယ်’ လို့ ပြောကြားထားတာတွေ ရှိပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service