မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဂျပန်ယန်းဘီလျံ ၈၀ ကျော်ချေးရန် လွှတ်တော်ခွင့်ပြု

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဂျပန်ယန်းဘီလျံ ၈၀ ကျော်ချေးရန် လွှတ်တော်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
21 May 2019 11:22 am တွင် တင်ခဲ့သည်
718 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန် နှင့် မန္တလေးမြို့ များတွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရန်အတွက် ဂျပန်အစိုးရထံမှ ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော်က မေ၂၀ ရက်တွင် သဘောတူလိုက်သည်။

ချေးငွေ ကို ဂျပန်အစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ချေးယူခြင်းဖြစ်ပြီးချေးငွေသက်တမ်းမှာ ဆိုင်းငံ့ဆယ်နှစ်၊ ပြန်ဆပ်ကာလ နှစ်သုံးဆယ်၊ စုစုပေါင်းသက်တမ်းနှစ်လေးဆယ်ဖြစ်သည်။

ချေးငွေ အတွက် အတိုးနှုန်းမှာ တစ်နှစ်လျှင် ဝ ဒသမဝ ၁ ရာခိုင်နှုန်းဖြစ်ပြီး တွက်ချက်မှုအရ သက်သာမှုရှိသော ချေးငွေဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။

အဆိုပါချေးငွေချေးယူရေးနှင့်ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့က ပြီးခဲ့သည့် ၁၁ ကြိမ်မြောက်လွှတ်တော်အစည်းအဝေးကာလ မတ် ၁၂ ရက်ကတည်းက လွှတ်တော်သို့တင်ပြထားခဲ့ခြင်းဖြစ် ပြီး ယနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါချေးငွေများဖြင့် ရန်ကုန်မြို့တွင် မိလ္လာပြွန်စနစ်ဖွံ့ဖြိုးရေးစီမံကိန်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဧရိယာ ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်ရေးစီမံကိန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းအလားတူ မန္တလေးမြို့ တွင်လည်း မြို့ပြဧရိယာဓာ တ်အားဖြန့်ဖြူးမှုတိုးတက်ကောင်းမွန်ရေးစီမံကိန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်း ပြောကြားခဲ့သည်။

ရန်ကုန် မိလ္လာပြွန်စနစ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ယန်း ၄၅ ဒသမ ၉ ဘီလျံအသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါချေးငွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီငွေဖြင့် ပြန်လည်ပေးဆပ်မည်ဖြစ်သည်။

ရန်ကုန်စည်ပင်သည် စီမံကိန်းဝင် မြို့နယ်ခုနစ်ခုတွင်နေထိုင်သော ပြည်သူများထံမှ ရေဆိုးစွန့်ပစ်ခပြန်လည်ကောက်ခံမည့်အပြင် ကျန်သည့် ၃၃ မြို့နယ်မှလည်း ကောက်ခံသွားနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

'' ပြည်သူတွေရဲ့ ရပိုင်ခွင့်နဲ့ချေးငွေပြန်လည်ပေးဆပ်ဖို့တာဝန်တွေကို မျှတအောင်ဆောင်ရွက်ပြီး ချေးငွေပြန်လည်ပေးဆပ်မှုကို တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကိုယ်စား ဦးမောင်မောင်ဝင်းက ပြောသည်။

လက်ရှိအသုံးပြုလျက်ရှိသော မိလ္လာပြွန်စနစ်သည် နှစ်ပေါင်း ၁၃၀ကျော်သက်တမ်းရှိပြီဖြစ်သောကြောင့် မနိုင်ဝန်ထမ်းနေရသကဲ့သို့ဖြစ်နေသည့်အပြင် တစ်စိတ်တစ်ပိုင်းကိုပြုပြင်ခြင်း၊ အခြားနည်းလမ်းဖြင့်ဆောင်ရွက်ခြင်း၊ အသေးစားမွန်းမံခြင်းများဖြင့် ဆောင်ရွက်ရန်မဖြစ်နိုင်တော့သဖြင့် စနစ်တစ်ခုလုံးကိုပြန်လည်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

ရန်ကုန် ရေစီးရေလာကောင်းမွန်ရေး၊ ယာဉ်ကျောကျပ်တည်းမှုလျှော့ချရေးအပါအဝင် အခြားသောဖွံ့ဖြိုးရေးလုပ်ငန်းများပါဝင်မည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ယန်း၂၄ ဒသမ ဝ၅၈ ဘီလျံဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါချေးငွေကိုလည်းရန်ကုန်စည်ပင်ကပင် ပြန်လည်ပေးဆပ်မည်ဖြစ်သည်။ယင်းစီမံကိန်းသည် ပတ်ဝန်းကျင်ဂေဟစနစ်ကို ပိုမိုသန့်ရှင်းစေ ခြင်း၊ ပြည်သူများ၏ ကျန်းမာရေးအသုံးစရိတ်နှင့်လုပ်အားဆုံးရှုံးမှုကို လျော့နည်းသက်သာစေခြင်း၊ သွားလာဆက်သွယ်မှု ပိုမိုမြန်ဆန်လာစေခြင်းများကြောင့် ချေးယူသင့်သောချေးငွေဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီမှ ဦးအောင်မင်းက ပြောသည်။

မိလ္လာပြွန်စနစ်ဖွံ့ဖြိုးရေးစီမံကိန်းသည် အရင်းအနှီးကြီးမားခြင်း၊ နည်းပညာလိုအပ်ခြင်းနှင့် နိုင်ငံတကာ မှ ကျွမ်းကျင်ပညာရှင်များလိုအပ်ခြင်းကြောင့် ချေးငွေဖြင့်ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူအကောင်အထည်ဖော်မည့် ရန်ကုန်မြို့ပြဧရိယာ ဓာတ်အားဖြန့်ဖြူးမှုတိုးတက်ကောင်းမွန်ရေးစီမံကိန်းနှင့် မန္တလေးမြို့ပြဧရိယာ ဓာတ်အားဖြန့်ဖြူးမှုတိုးတက်ကောင်းမွန်ရေးစီမံကိန်းများအတွက် ချေးငွေယန်း ၁၂ ဒသမ၂၈၈ ဘီလျံအသုံးပြုသွားမည်ဖြစ်သည်။

အဆိုပါတိုင်းဒေသကြီးများ၏ လျှပ်စစ်ဓာတ်အားတိုး တက်သုံးစွဲမှုနှုန်းသည် နှစ်စဉ်တစ်ဆယ်ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိရှိနေသောကြောင့် အနာဂတ်တွင်ဖြစ်ပေါ်လာမည့် လျှပ်စစ်ဓာတ် အားတိုးတက်သုံးစွဲမှုကိုနိုင်နင်းအောင်စီမံခန့်ခွဲနိုင်စေရန်အတွက် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ယင်းချေးငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ခြောက်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မှ ငါးမြို့နယ်တို့တွင် ဓာတ်အားလိုင်းများတိုးချဲ့တည်ဆောက်ခြင်း၊ ထရန်စဖော်မာများတိုးချဲ့တပ်ဆင်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။ပစ္စည်းဝယ်ယူရေးအတွက် တင်ဒါခေါ်ယူရာတွင်လည်း ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service