အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အငှားအိမ်ရာများ တည်ဆောက်နေ

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အငှားအိမ်ရာများ တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
20 May 2019 11:58 am တွင် တင်ခဲ့သည်
1306 ကြိမ် ကြည့်ရှု့ပြီး

အငြိမ်းစားနိုင်ငံဝန်ထမ်းများအတွက် ရန်ကုန် မန္တလေး နှင့် နေပြည်တော် တို့တွင် အငှား အိမ်ရာများ ဆောက်လုပ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်း က ပြောသည်။

မေ ၁၇ ရက် နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

" ကျွန်တော်တို့ အမြဲတမ်းနိုင်ငံ ဝန်ထမ်း အငြိမ်းစားတွေအတွက်ကို အမြဲတမ်း စဉ်းစားနေတာရှိပါတယ်။ အခုလက်ရှိ ရန်ကုန်ရယ်၊ မန္တလေး ရယ်၊ နေပြည်တော်ရယ်မှာ နိုင်ငံဝန်ထမ်း အငှားအိမ်ရာဆိုပြီးတော့ ကျွန်တော်တို့ဆောက်နေတာ''ဟု ၎င်းက ပြောသည်။

၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်ရန် ကျပ်၁၅ဘီလီယံခွင့်ပြုထားပြီး အခန်းပေါင်း ၈ဝဝကျော်ရ ရှိလာမှာဖြစ်ကြောင်း၊ ယင်းအခန်းများကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အငြိမ်းစားများအတွက်လည်း ထည့်သွင်းစဉ်စားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၃၃၂၂ ခန်း တည်ဆောက်ပေးနိုင်ခဲ့သလို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဥမ္မာဒန္တီအိမ်ရာစီမံကိန်း တွင် အိမ်ခန်းပေါင်း ၆၇၆ ခန်း၊ ပြည်တော်သာ စီမံကိန်းတွင် အိမ်ခန်းပေါင်း ၉၆ ခန်းနှင့် ကရင်ပြည်နယ် ဘားအံမြို့ ကြာအင်းတောင်စီမံကိန်းတွင် အိမ်ခန်းပေါင်း ၄၈ ခန်း တို့ကို ရောင်းချပေးလျက်ရှိ ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၎င်းတို့၏တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်ဖြင့် ဝန်ထမ်းအိမ်ရာ ၁၅၇ လုံး၊ အခန်းပေါင်း ၂၄၈၄ခန်းနှင့် ပြည်ထောင်စု ဘဏ္ဍာငွေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် နိုင်ငံဝန်ထမ်း အငှားအိမ်ရာတိုက် ၂၅ လုံး၊ အခန်း ၈၆ဝ ခန်းအား တည်ဆောက်လျက် ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service