အင်္ဂလန်နိုင်ငံတွင် အလယ်ခေတ်ရဲတိုက်ကြီးတစ်လုံး ပေါင် ၁ သန်းခွဲမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်နိုင်ငံတွင် အလယ်ခေတ်ရဲတိုက်ကြီးတစ်လုံး ပေါင် ၁ သန်းခွဲမျှဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
20 May 2019 11:32 am တွင် တင်ခဲ့သည်
613 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံတွင် အလယ်ခေတ် ရဲတိုက်ကြီးတစ်လုံးကို ပေါင် ၁ သန်းခွဲမျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

Game of Thrones ဇာတ်ကားတွင်းမှ ရဲတိုက်ကြီးနှင့် များစွာတူညီသော အဆိုပါရဲတိုက်ကြီးမှာ အလယ်ခေတ်တွင် ဆောက်လုပ်ခဲ့ဟန် ထင်ရသော်လည်း စင်စစ်ကား ၁၉၉၀ ပြည့်လွန်ကာလများကမှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်ရှိ ပင်လယ်ကမ်းခြေမြို့ ကလေးဖြစ်သော Torquay မြို့ တွင် တည်ရှိသည်။

ရဲတိုက်ကြီးကို Lincombe Keep ဟု အမည်ပေးထားပြီး ခေါ်ဈေးမှာ ပေါင် ၁ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၉ သန်း) ဖြစ်သည်။

နှစ်ပေါင်း ရာနှင့်ချီ၍ သက်တမ်းရှိပြီဟု ထင်ရသော်လည်း အမှန်တကယ်ကား ၁၉၉၂ ခုနှစ်တွင်မှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ရဲတိုက်ပြင်ပကို ဆမ်းမားဆက်ဒေသထွက် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားပြီး ခြံဝန်းအတွင်း နဂါးပျံရုပ်ကြီးများ၊ ရေကန်များ ၊ ရုပ်တုများနှင့် ပြည့်နှက်နေရာ Game of Thrones ဇာတ်ကားကို အမှတ်ရဖွယ်ပင်။

“Lincombe Keep ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကမှ ဆောက်လုပ်ခဲ့တာဖြစ်တာကြောင့် Torquay ဒေသခံတွေက သူရဲခိုတွေ ပါဝင်တဲ့ နံရံတွေနဲ့ သံမဏိဆူးချွန်တံခါး တို့ရဲ့  နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတာ သိလိုကြတယ်။ အများစုကတော့ ဒီရဲတိုက်ကြီးဟာ ရှေးကတည်းက ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ထင်နေကြပါတယ်။” ဟု အရောင်းဈေးကွက်တင်ပေးသည့် Absolute Sales & Lettings Ltd မှ ဒါရိုက်တာ ဆိုင်မွန် ဖစ်ရှာက ပြောကြားသည်။

“ဒီအချက်ကို ကျွန်တော်ကိုယ်တိုင်တောင်မှ အံ့အားသင့်မိပါတယ်။ ဒီလိုတမူထူးခြားတဲ့ အထင်ကရ အဆောက်အအုံကြီးကို ဈေးကွက်တင်ခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရဲတိုက်ကြီးအတွင်း ဓာတ်လှေကားတစ်ခု၊ လေ့လာရေးခန်းမ၊ နားနေခန်း၊ ညစာစားခန်း၊ အိပ်ခန်း ၄ ခန်းတို့အပြင် အဝတ်အစားလဲခန်းနှင့် လသာဆောင်ပါဝင်သော master bedroom တို့လည်း ပါဝင်သည်။

နေစာလှုံ လသာဆောင်များ၊ ရှုခင်းကြည့်နေရာများ၊ ပင်လယ်ရှုမျှော်ခင်းတွေ့မြင်နိုင်သည့်နေရာများ၊ ခြံဝင်းအတွင်း လိမ္မော်ပျိုးအိမ်တို့ ပါဝင်သေးသည်။

ထိုအရာကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်မှာ ဖရက်ဒ် ဟာရေးလ်ဒ်ဖြစ်ပြီး ၎င်းသည် ဗိသုကာပညာရှင်ကြီး ဆာ အက်ဒ်ဝင် လုထ်ယန်း၏ တပည့်ဖြစ်သည်ဟု ယူဆရသည်။

လက်ရှိပိုင်ရှင် မည်သူဖြစ်သည်ကိုမူ မသိရချေ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
kalaw-garden-valley
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service