ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော CK Asset က တရုတ်ပြည်ရှိ ကန်ဒေါ်လာ ၃ ဘီလီယံတန် ဆောက်လုပ်ရေးစီမံကိန်းကြီးကို ပြန်လည်ရောင်းထုတ်ရန် သုံးသပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
476 ကြိမ် ကြည့်ရှု့ ပြီး

ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော CK Asset က တရုတ်ပြည်ရှိ ကန်ဒေါ်လာ ၃ ဘီလီယံတန် ဆောက်လုပ်ရေးစီမံကိန်းကြီးကို ပြန်လည်ရောင်းထုတ်ရန် သုံးသပ်လျက်ရှိ

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော CK Asset သည် တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ရှိ ကန်ဒေါ်လာ ၃ ဘီလီယံတန် ဆောက်လုပ်ရေးစီမံကိန်းကြီးကို ပြန်လည်ရောင်းထုတ်ရန် သုံးသပ်လျက်ရှိသည်ဟု ဆိုသည်။

စီမံကိန်းအမည်မှာ Upper West Shanghai ဖြစ်ပြီး ရှန်ဟိုင်းမြို့ အနောက်မြောက်ဘက် ဖူထီးခရိုင်တွင် တည်ရှိပြီး ရှန်ဟိုင်းမြို့စီးပွားရေး အချက်အခြာ ဒေသတွင် အကြီးမားဆုံး ဘက်စုံသုံးစီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်ကတည်းက ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ပြန်လည်ရောင်းချမည်ဆိုပါက ဈေးနှုန်းမှာ ယွမ်ငွေ ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ) ဖြစ်ဖွယ်ရှိသည်။

ယင်းစီမံကိန်းကြီးတွင် CK Asset ၏ ရှယ်ယာပိုင်ဆိုင်မှုမှာ ၆၀ ရာခိုင်နှုန်း ဖြစ်သည်။

ယင်းတန်ဖိုးပမာဏ အရောင်းအဝယ်မှာ တရုတ်ပြည်၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အကြီးမားဆုံး အရောင်းအဝယ်များတွင် တစ်ခု အပါအဝင်ဖြစ်လာမည် ဖြစ်သည်။

CK Asset သည် ၂၀၁၆ ခုနှစ်အတွင်း ရှန်ဟိုင်းမြို့၊ ဖူထီးခရိုင်တွင်ပင်တည်ရှိသော Century Link စီမံကိန်း၏ ပိုင်ဆိုင်မှုတစ်ဝက်ကို ယွမ်ငွေ ၂၀ ဘီလီယံဖြင့် ရောင်းချခဲ့ခြင်းမှာ တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံး အရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်။

China Overseas Land & Investment လိမိတက်က ၂၀၁၆ ခုနှစ်အတွင်း Citic Ltd ၏ အိမ်ခြံမြေပိုင်ဆိုင်မှုများကို ယွမ်ငွေ ၃၁ ဘီလီယံဖြင့် ဝယ်ယူခဲ့မှုမှာ တရုတ်ပြည်၏ အကြီးမားဆုံး အရောင်းအဝယ်ဖြစ်သည်။

CK Asset ၏ မိခင်ကုမ္ပဏီ CK Hutchison Holdings လိမိတက်ကို ဘီလျံနာကြီး လီကာရှင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

CK Asset သည် မကြာသေးမီနှစ်များအတွင်း တရုတ်ပြည်မကြီးရှိ အိမ်ခြံမြေများကို ဆက်တိုက်ရောင်းထုတ်မှုများ ပြုလုပ်ခဲ့ရာ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေချိန်တွင် ရောင်းချခြင်းဖြစ်သောကြောင့် အမြတ်အစွန်းများစွာ ရရှိခဲ့သည်။

တရုတ်ပြည်တွင် CK Asset ၏ အိမ်ခြံမြေပိုင်ဆိုင်မှုမှာ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အကြား ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

သို့ရာတွင် အခြားပြည်ပနိုင်ငံများတွင် ပိုင်ဆိုင်ထားမှုများမှာမူ မပြောင်းလဲချေ။

တရုတ်ပြည်ရှိ အိမ်ခြံမြေများကို ရောင်းထုတ်လျက်ရှိချိန် တပြိုင်တည်းတွင်ပင် CK Asset သည် ဥရောပတွင် အိမ်ခြံမြေ ဝယ်ယူမှုများ ပြုလုပ်နေခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း CK Asset သည် လန်ဒန်မြို့တွင် UBS Group AG ၏ ရုံးချုပ်အဆောက်အအုံကို ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

ယခုရောင်းချမည့် ရှန်ဟိုင်းမြို့ရှိ Upper West Shanghai စီမံကိန်းမှ ကျန်ရှိသော ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ချုံရှမ်းမြို့ အခြေစိုက် Herun Group ကုမ္ပဏီဦးဆောင်သည့် အနည်းစုရင်းနှီးမြှုပ်နှံသူတို့က ပိုင်ဆိုင်ထားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆင့်မြင့် မြို့ပြစီမံကိန်းဖော်ဆောင်မည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁) ရပ်ကွက်ရှိ ယခင်ဆင်ကျုံးနေရာ...
သီလဝါအထူးစီးပွားရေးဇုန်အတွင်း လူ ၉၀၀၀ ကျော်ရဲ့ သွားရေးလာရေး၊ ဝယ်ရေးခြမ်းရေးအတွက် ဈေးဝယ်စင်တာပေါ်ထွက်လာဖို့ လေ့လာဆန်းစစ်မှုများလုပ်ဆောင်နေ...
အာမခံကြေးငွေကျပ်ငါးသိန်းပေးသွင်းပြီးမှသာ အခန်းနေရာအတွက် မဲနှိုက်ခွင့်ပြုမည့် မန္တလေးရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ...
ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ စံအိမ်များ)
ကွန်ဒိုအခန်း နိုင်ငံခြားသားဝယ်ယူခွင့်ယခုနှစ်ဩဂုတ်လတွင် ခွင့်ပြုမည်
သူစိမ်းများ ဝင်ရောက်ပါက ပစ်သတ်ရန် အမိန့်ထုတ်ထားသည့် မြို့ ပျက်ကြီး
အစိုးရအနေဖြင့် ဈေးကွက်အခြေနေမှန်ကိုထုတ်ဖော်ပြောပြရန် လိုအပ်
ဟောင်ကောင်တွင် ပိုင်းကန့်ထားသောတိုက်ခန်းများ အငှားစံချိန်သစ်တင်
ပြည်တော်သစ်အိမ်ရာ (၁၂) ထပ် ခွဲတိုက် အဆောက်အအုံတစ်လုံးကို စတင်ဆောက်လုပ် အကောင်ထည်ဖော်မည်
ကမ္ဘာ့ဈေးအကြီးဆုံးဇိမ်ခံအိမ်များ ဟောင်ကောင်နှင့်တိုကျိုတို့၌ တည်ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine