ထိုင်းဟိုတယ်လုပ်ငန်းနှင့် KMA ကုမ္ပဏီအုပ်စု ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်းခြောက်ခုတွင် ပူးပေါင်းလုပ်ကိုင်မည်

ထိုင်းဟိုတယ်လုပ်ငန်းနှင့် KMA ကုမ္ပဏီအုပ်စု ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်းခြောက်ခုတွင် ပူးပေါင်းလုပ်ကိုင်မည် - Property News in Myanmar from iMyanmarHouse.com
17 May 2019 10:49 am တွင် တင်ခဲ့သည်
1697 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းဟိုတယ်လုပ်ငန်း Centara နှင့်ပြည်တွင်းမှ KMA ကုမ္ပဏီအုပ်စုတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကန်ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်း ခြောက်ခု ၌ ရင်းနှီးမြှုပ်နှံရန်သဘောတူကြောင်း နှစ်ဖက်ကုမ္ပဏီ က သတင်းထုတ်ပြန်သည်။

ထိုဟိုတယ်များသည် အင်းလေး၊ ပုဂံ၊ နေပြည်တော် တောင်ငူ နှင့် သံတောင်တွင်တည်ရှိမည်ဖြစ်ပြီး အင်းလေး၊ နေပြည်တော် နှင့် တောင်ငူ ရှိ ဟိုတယ်များကို ထိုင်းလုပ်ငန်းစုနာမည်ဖြင့် ပြန်လည်မွမ်းမံမည်ဖြစ်သည်။

‘‘ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းတွေရှိနေတဲ့ မြန်မာနိုင်ငံကို ထိုင်းအမှတ်တံဆိပ်ကို ယူဆောင်လာတာပါ။ ထိုင်းအမှတ်တံဆိပ်ကြောင့် မြန်မာ့ခရီးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်’’ ဟု Centara ဟိုတယ်လုပ်ငန်းစုအမှုဆောင်အရာ ရှိချုပ်က ပြောသည်။

အသစ်တည်ဆောက်မည့် ဟိုတယ်သုံးလုံးသည် ပုဂံ နှင့် သံတောင်တွင် တည်ဆောက်မည် ဖြစ်ပြီး စီမံကိန်းကို ၂၀၁၉ ၌ စတင်မည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ နေရာခြောက်ခုစလုံးသည် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသည့် နေရာများဖြစ်ပြီး လုပ်ငန်းအားလုံးကို ထိုင်းကုမ္ပဏီက စီမံခန့်ခွဲမည်ဖြစ် သည်။

KMA သည် CB ဘဏ်ပိုင်ရှင်နှင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်အေးပိုင်ဆိုင်သည့် လုပ်ငန်းစုတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေး၊ အိမ်ရာ၊ စိုက်ပျိုးရေး၊ ပို့ကုန်သွင်းကုန်၊ စက်ယန္တရားလုပ်ငန်း၊ မိုင်းတွင်းလုပ်ငန်း၊ သင်္ဘောလုပ်ငန်းနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နေသည်။

Centara ဟိုတယ်လုပ်ငန်းစုသည် ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက် ဟိုတယ်လုပ်ငန်းစုဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

mya-villa
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service