ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့သစ်စီမံကိန်းကို ကန့်ကွက်မှုမရှိဟု တိုင်းဝန်ကြီးချုပ်ပြော

ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့သစ်စီမံကိန်းကို ကန့်ကွက်မှုမရှိဟု တိုင်းဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
15 May 2019 12:38 pm တွင် တင်ခဲ့သည်
992 ကြိမ် ကြည့်ရှု့ ပြီး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

ရန်ကုန် မြို့သစ်စီမံကိန်း နှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရက ကန့်ကွက်ခြင်းမရှိ ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

တိုင်းအစိုးရကအကောင် အထည်ဖော်နေသည့် မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး မေလ ၁၀ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် အပြီး သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောကြားသည်။

‘‘ ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်ထောင်စုအစိုးရက သဘောမတူဘူးဆိုတာ မဟုတ်ပါဘူး။ လက်ရှိစီမံကိန်းက လွှတ်တော်ကသဘောတူထားတဲ့ စီမံကိန်းဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက် ပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်နေပါတယ်’’ဟု ဝန်ကြီးချုပ် က ပြောသည်။

ယခုအခါ မြေသိမ်းမှုများပြား ၍ မြေလျော်ကြေးပေးရန် ဆောင်ရွက်နေပြီး စီမံကိန်းလုပ်ငန်းဖြစ်နိုင်ခြေကို ဆန်းစစ်လေ့လာနေကာ မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့သစ်အကောင်အထည်ဖော်ရေး တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်းအစိုးရတို့သည် ၂၀၁၈ ဧပြီ ၃၀ရက်က ပဏာမမူဘောင်သဘောတူညီမှုစာချုပ် (Frame−work Agreement)ကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုစီမံကိန်းသည် ကန်ဒေါ် လာ ၁ ဒသမ ၆ ဘီလီယံကျော် ကုန်ကျမည်ဖြစ်၍ ပြည်ထောင်စု အစိုးရခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်ပြရမည်ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စု အစိုးရက ခွင့်ပြုမိန့်ပေးရန် ကျန်ရှိနေသောကြောင့် မကြာမီ ခွင့်ပြုမိန့်တင်မည်ဖြစ်ကြောင်း အစိုးရပိုင် NYDC ကုမ္ပဏီအမှုဆောင် အရာရှိချုပ်ဦးသိမ်းဝေက မေလ ၌ ပြောကြားထားသည်။

ရန်ကုန်မြို့သစ် ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းခြောက်ခုကို ရန်ကုန်တိုင်းအစိုးရပိုင်ကုမ္ပဏီ NYDC က ကုမ္ပဏီများ ကို ဖိတ်ခေါ်ခဲ့သည်။ ထိုလုပ်ငန်းများသည် ဓာတ်အားထုတ်လုပ် ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ဆိုက်ဘာဆက်သွယ်ရေးအခြေခံအဆောက်အအုံများ၊ ရေဆိုးသန့်စင်ရေးစနစ်များ၊ သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး၊ ဖြန့်ဖြူးရေးနှင့် ကွန်ဗင်းရှင်းစင်တာတို့ဖြစ်သည်။

ထိုလုပ်ငန်းများအတွက် မြန်မာနိုင်ငံအပါအဝင် ၁၃ နိုင်ငံမှ စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) ၇၇ ခု တင်ပြမှုရှိကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC)က သတင်းထုတ်ပြန်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သာမန်ပြည်သူများအား အဝတ်စ Mask သာ တပ်ဆင်ကြရန်နှင့် WHO တောင်းဆို
သာမန်ပြည်သူများအား အဝတ်စ Mask သာ တပ်ဆင်ကြရန်နှင့် WHO တောင်းဆို
မိလ္လာရေက COVID-19 ကူးစက်ဖြစ်ပွားမှုများကို ရပ်တန့်စေရာတွင် အဓိကကျနိုင်
မိလ္လာရေက COVID-19 ကူးစက်ဖြစ်ပွားမှုများကို ရပ်တန့်စေရာတွင် အဓိကကျနိုင်
ကမ္ဘာတစ်လွှားမှ လူမနေသော ခြောက်ခြားဖွယ်စံအိမ်ကြီးများ
ကမ္ဘာတစ်လွှားမှ လူမနေသော ခြောက်ခြားဖွယ်စံအိမ်ကြီးများ
အမေရိကန်အစိုးရက သိမ်းယူထားသော မလေးရှားအစိုးရရန်ပုံငွေ ၁ ဘီလီယံ ခိုးယူမှုများနှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းရှင် Jho Low ၏ နယူးယောက် penthouse ခန်း အစိုးရက ရောင်းချ...
အမေရိကန်အစိုးရက သိမ်းယူထားသော မလေးရှားအစိုးရရန်ပုံငွေ ၁ ဘီလီယံ ခိုးယူမှုများနှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းရှင် Jho Low ၏ နယူးယောက် penthouse ခန်း အစိုးရက ရောင်းချ...
တိုင်းဒေသကြီး၊ပြည်နယ် ခြောက်ခုတွင် ကိုဗစ်ရောဂါပိုးကင်းစင်ပြီဟု ဝန်ကြီးဌာနက ထုတ်ပြန်
တိုင်းဒေသကြီး၊ပြည်နယ် ခြောက်ခုတွင် ကိုဗစ်ရောဂါပိုးကင်းစင်ပြီဟု ဝန်ကြီးဌာနက ထုတ်ပြန်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်တွင် အိမ်ခြံမြေဈေးနှုန်းများ လျင်မြန်စွာကျဆင်းလျက်ရှိ...
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်တွင် အိမ်ခြံမြေဈေးနှုန်းများ လျင်မြန်စွာကျဆင်းလျက်ရှိ...
အာဆီယံ (၃) နိုင်ငံက မြန်မာဆန်ကို တန်ချိန်အမြောက်အမြားဝယ်ယူရန် ကမ်းလှမ်းထား
အာဆီယံ (၃) နိုင်ငံက မြန်မာဆန်ကို တန်ချိန်အမြောက်အမြားဝယ်ယူရန် ကမ်းလှမ်းထား
COVID-19 ကြောင့် အစိုးရဝယ်ယူထားသည် ရဟတ်ယာဉ် မြန်မာနိုင်ငံသို့ရောက်ရှိရန် ခက်ခဲနေ
COVID-19 ကြောင့် အစိုးရဝယ်ယူထားသည် ရဟတ်ယာဉ် မြန်မာနိုင်ငံသို့ရောက်ရှိရန် ခက်ခဲနေ
(၄) ပတ်အတွင်း အိမ်ခြံမြေစုစုပေါင်း ၁၂၀ ကျော် ရောင်းထွက်ခဲ့သည့် iMyanmarHouse.com ၏ အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကြီး...
(၄) ပတ်အတွင်း အိမ်ခြံမြေစုစုပေါင်း ၁၂၀ ကျော် ရောင်းထွက်ခဲ့သည့် iMyanmarHouse.com ၏ အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကြီး...
COVID-19 အလွန် ဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ မြန်မာပါဝင်တက်ရောက်...
COVID-19 အလွန် ဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ မြန်မာပါဝင်တက်ရောက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)