စုံတွဲများအတွက် တစ်ညလျှင် ဒေါ်လာ ၂၀၀ ဖြင့် တည်းခိုနိုင်မည့် သဲကန္တာရအတွင်းမှ အာလူးအိမ်

စုံတွဲများအတွက် တစ်ညလျှင် ဒေါ်လာ ၂၀၀ ဖြင့် တည်းခိုနိုင်မည့် သဲကန္တာရအတွင်းမှ အာလူးအိမ် - Property News in Myanmar from iMyanmarHouse.com
26 Apr 2019 11:37 am တွင် တင်ခဲ့သည်
1998 ကြိမ် ကြည့်ရှု့ပြီး

အကယ်၍ သင်သည် နေရာကျဉ်းကျဉ်းတွင် နေထိုင်ရသည့် ဘဝမျိုးကို နှစ်သက်သည်ဆိုပါက သင်၏ လာမည့်အားလပ်ရက် အပန်းဖြေခရီးတွင် အပန်းဖြေနားနေနိုင်မည့် နေရာတစ်ခုရှိပါသည်။

နေရာမှာ အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟိုပြည်နယ်၊ South Boise မြို့ကလေးတွင်ဖြစ်ပြီး အဆိုပါမြို့ကလေးရှိ ကြီးမားလှသော အာလူးအိမ်တစ်ခုအတွင်း တည်းခိုရန် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။

သို့ရာတွင် အမှန်တကယ် အာလူးအစစ်ကား မဟုတ်ချေ။

စတီး၊ ပလတ်စတာ၊ ကွန်ကရစ်တို့ဖြင့် ဆောက်လုပ်ထားပြီး အလေးချိန် ၆ တန်ရှိကာ အလျား ၂၈ ပေ၊ အနံ ၁၂ ပေနှင့် အမြင့် ၁၁ ဒသမ ၅ ပေရှိသည်။

“အိုင်ဒါဟို အာလူးကော်မရှင်”က ၎င်းတို့၏ အကောင်းဆုံးဟင်းသီးဟင်းရွက်သီးနှံများကို promote လုပ်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကွန်ကရစ်အာလူးကြီးကို ကုန်တင်ကားတစ်ခုနောက်တွင် တင်ဆောင်ကာ ပြည်နယ်အတွင်း ၆ နှစ်ကြာ လှည့်လည်ပြသခဲ့သည်။

အဆိုပါခရီးစဉ် ပြီးဆုံးသွားချိန်တွင် အိုင်ဒါဟို အာလူးကော်မရှင်သည် အဆိုပါ အာလူးကြီးကို မည်သို့ဆက်လက်သုံးစွဲ ထားရှိရမည်ကို မသိကြချေ။

ထိုအချိန်တွင် နေအိမ်ငယ်လေးများ ဆောက်လုပ်လေ့ရှိသည့် အိမ်ခြံမြေ developer ဖြစ်သော ခရစ္စတီး ဝူလ်ဖီက အိုင်ဒါဟိုအာလူးကော်မရှင်ထံ ဆက်သွယ်လာခဲ့သည်။

ကွန်ကရစ်အာလူးခွံကို အငှားချထားနိုင်သည့် နေအိမ်တစ်လုံးအသွင် ပြောင်းလဲရန် ခရစ္စတီးက အကြံပြုခဲ့သည်။

အိုင်ဒါဟိုအာလူးကော်မရှင်က လက်ခံခဲ့ပြီး သူမအား စိတ်ကူးပေါ်သလို လုပ်ဆောင်ခွင့်ပေးခဲ့၏။

ခရစ္စတီးက ချစ်စဖွယ် အိပ်ခန်းတစ်ခန်းပါ နေအိမ်တစ်လုံးအဖြစ် ပြောင်းလဲခဲ့၏။

ယင်းနောက် Owyhee တောင်တန်းများ၏ ရှုမျှော်ခင်းများကို တွေ့မြင်နိုင်သည့် ကျယ်ပြောသော ကွင်းပြင်ကြီးတစ်ခုတွင် ချထားခဲ့သည်။

အာလူးအိမ်အတွင်း ပုံမှန်ထက်ပိုမိုကြီးမားသော queen-sized အိပ်ယာတစ်ခု ထည့်သွင်းပေးထားသည်။

မီးလင်းဖို၊ လေအေးပေးစက်တို့အပြင် ရေချိုးခန်းတစ်ခုလည်း ထည့်သွင်းပေးထားသည်ဟု ဆိုသည်။

အခန်းအကျယ်အဝန်းအနေအထားအရ လူ ၂ ဦးသာ တည်းခိုနေထိုင်ခွင့်ပြုပြီး ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၂၀၀ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service