ဘရက်ပစ်နှင့် ဂျနီဖာအန်နစ္စတန်တို့၏ ဘီဗာလီဟေးလ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၅၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဘရက်ပစ်နှင့် ဂျနီဖာအန်နစ္စတန်တို့၏ ဘီဗာလီဟေးလ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၅၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
25 Apr 2019 11:53 am တွင် တင်ခဲ့သည်
991 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ဘရက်ပစ်နှင့် ဂျနီဖာအန်နစ္စတန်တို့၏ ဘီဗာလီဟေးလ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၅၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း The Wall Street Journal တွင် ဖော်ပြသည်။

ဘရက်ပစ်၏ နေအိမ်ကို ၁၉၃၀ ပြည့်လွန်ကာလများအတွင်း ဗိသုကာပညာရှင် ဝေါလေ့စ် နက်ဖ်က ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မူလပိုင်ဆိုင်ခဲ့သည်မှာ ရုပ်ရှင်သရုပ်ဆောင် ဖရက်ဒရစ် မာ့ခ်ျနှင့် ဇနီးဖြစ်သူ ဖလောရင့် အယ်လ်ဒရစ်ဂ်ျတို့ ဖြစ်သည်။

ယင်းနောက်ပိုင်း ပိုင်ရှင်အနည်းငယ်ပြောင်းလဲခဲ့ပြီး နောက်ဆုံးတွင် ဘရက်ပစ်၂၀၀၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၃ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ဘရက်ပစ်နှင့် ဂျနီဖာ အန်နစ္စတန်တို့ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း ယင်းနေအိမ်မှာ အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။

ဘရက်ပစ်တို့ စုံတွဲသည် အတူနေထိုင်စဉ်ကာလအတွင်း အဆိုပါစံအိမ်ကို ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ခဲ့သည်။

မီးဖိုဆောင်တွင် အပူပေးစနစ်ကြမ်းခင်းများ ထည့်သွင်းခြင်း၊ ၎င်းတို့၏ အခန်းတွင် ပြင်သစ်တံခါးများ မှာယူတပ်ဆင်ခြင်းနှင့် ရုပ်ရှင်ခန်း ထည့်သွင်းခြင်းတို့ ပါဝင်သည်။

ဂျနီဖာ အန်နစ္စတန်သည် နေအိမ်မွမ်းမံမှုများကို စဉ်ဆက်မပြတ် အမြဲပြုလုပ်နေလေ့ရှိသဖြင့် 'serial home renovator' ဟု တင်စားခေါ်ဝေါ်ကြသည်။

“ကျွန်မဟာ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်မလာဘူးဆိုရင် ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်ပါတယ်။ ဒီအလုပ်ကို ကျွန်မမြတ်နိုးပါတယ်”ဟု ဂျနီဖာ အန်နစ္စတန်က ပြောကြားသည်။

နေအိမ်ကို ပြင်ဆင်မွမ်းမံရာတွင် လိင်ဆွဲဆောင်မှုရှိရန် အရေးကြီးသကဲ့သို့ သက်တောင့်သက်သာဖြစ်ရန်လည်း လိုအပ်ကြောင်း သူမက ဆက်လက်ပြောကြားသည်။

ဂျနီဖာ အန်နစ္စတန်သည် လက်ရှိအားဖြင့် သူ၏နေအိမ် ၂ လုံးကို အိမ်တွင်းဒီဇိုင်းနာ စတီဖန် ရှက်ဒ်လေကို ငှားရမ်းကာ မွမ်းမံလျက်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service