ကမ္ဘာကျော် တင်းနစ်ကြယ်ပွင့် ဆရီနာ ဝီလျံစ်က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် ရောင်းထွက်

ကမ္ဘာကျော် တင်းနစ်ကြယ်ပွင့် ဆရီနာ ဝီလျံစ်က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
24 Apr 2019 12:47 pm တွင် တင်ခဲ့သည်
901 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် တင်းနစ်ကြယ်ပွင့် ဆရီနာ ဝီလျံစ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်ကို ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ဆရီနာဝီလျံသည် လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်များစုဝေးရာ ဘဲလ်အဲရ်အရပ်ရှိ စံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံး အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

လွန်ခဲ့သော ၁၈ လခန့်ကတည်းက ဈေးကွက်တင်ခဲ့သည့် နေအိမ်မှာ ပြီးခဲ့သော သောကြာနေ့က ကန်ဒေါ်လာ ၈ ဒသမ ၁ သန်း ကျော်ဖြင့် ရောင်းထွက်သွားပြီ ဖြစ်သည်။

ဆရီနာဝီလျံသည် အဆိုပါနေအိမ်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်း စတင်ဈေးကွက်တင်ခဲ့ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၂ သန်းဖြစ်သည်။

နောက်ဆုံးဈေးကွက်တင်ခဲ့သည်မှာမူ ယခုနှစ် ဇန်နဝါရီလအတွင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၉ ဒသမ ၉၉၅ သန်း ဖြစ်ကြောင်း ဈေးကွက်မှတ်တမ်းများတွင် ဖော်ပြသည်။

အရောင်းအဝယ်ဖြစ်သွားသည့် ဈေးနှုန်းမှာ ခေါ်ဈေးအောက် နည်းပါးသော်လည်း ဆရီနာ ဝီလျံအတွက်မူ အရှုံးမပေါ်ခဲ့ချေ။

အသက် ၃၇ နှစ်ရှိပြီဖြစ်သော ဆရီနာဝီလျံက အဆိုပါနေအိမ်ကို ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၆၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ကန်ဒေါ်လာ တစ်သန်းခွဲနီးပါး မြတ်စွန်းသည်ဟု ဆိုနိုင်သည်။

ဝယ်လက်ဘက်မှ အကျိုးဆောင်ဖြစ်သူမှာ Westside Estate Agency မှ ဖရက်ဒ် ဘန်းစတိန်းဖြစ်ပြီး ဝယ်လက်မည်သူဖြစ်သည်ကို ၎င်းက ထုတ်ဖော်ပြောကြားထားခြင်း မရှိချေ။

သို့ရာတွင် ဝယ်လက်က ယခုနေအိမ်ကို စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

“သူတို့က ဒီအိမ်ကို သဘောကျတယ်။ ဒီအိမ်ဟာ Stone Canyon အရပ်မှာ အကြီးမားဆုံးနေအိမ်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်”ဟု ဘန်းစတိန်းက ပြောကြားသည်။

ဆရီနာ ဝီလျံအတွက် အကျိုးဆောင်ပြုလုပ်ပေးခဲ့သည်မျာ ကယ်လာ ဝီလျံစ် ဘီဗာလီဟေးလ်စ်ကုမ္ပဏီမှ ဂရီဂိုရီ ပီချိုတာနှင့် အေမစ် လာဂျီတို့ ဖြစ်ကြသည်။

စံအိမ်ကို ၁၉၃၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အကျယ်အဝန်း စတုရန်းပေ ၆၁၀၁ ရှိသည်။

ခြံအကျယ်အဝန်းမှာ ၂ ဒသမ ၇၆ ဧကဖြစ်ပြီး နေအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service