ခုံတန်းပေါ်တွင် အိပ်ခဲ့ရသူ၊ သန်းကြွယ်သူဌေးဖြစ်ပြီးမှ မွဲတေသွားပြီး ပြန်လည်အောင်မြင်အောင် ကြိုးစားနိုင်ခဲ့သူ ကမ္ဘာကျော် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအကြောင်း

ခုံတန်းပေါ်တွင် အိပ်ခဲ့ရသူ၊ သန်းကြွယ်သူဌေးဖြစ်ပြီးမှ မွဲတေသွားပြီး ပြန်လည်အောင်မြင်အောင် ကြိုးစားနိုင်ခဲ့သူ ကမ္ဘာကျော် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Apr 2019 12:29 pm တွင် တင်ခဲ့သည်
23194 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ဂျို့ရှ် အဲ့တ်မင် (Josh Altman) ဟူသည်မှာ မည်သူနည်း

အိမ်တစ်လုံးရဲ့ ခုံတန်းတစ်ခုပေါ်မှာ အိပ်ခွင့်ရဖို့ ပိုက်ဆံတစ်ချို့ပေးပြီး နေခဲ့ရသူ။

အသက် ၂၆ နှစ်အရွယ်တွင် မီလျံနာ (သန်းကြွယ်သူဌေး) ဖြစ်ခဲ့ပြီး နောက် ၆ လအကြာတွင် ကုန်းကောက်စရာမရှိအောင် မွဲသွားသူ။

အောင်မြင်ပြီးမှ ကျဆုံးမှုနှင့် ရင်ဆိုင်ရပြီး ပြန်လည်ရုန်းထကာ အောင်မြင်အောင် ကြိုးစားခဲ့ရသူ။

တစ်ရက်လျှင် ကန်ဒေါ်လာ တစ်သန်းကျော်ဖိုးအထိ အိမ်ခြံမြေ ရောင်းချနိုင်သူ ဖြစ်၏။

ဂျို့ရှ် အဲ့လ်တ်မင်သည် အမေရိကန်ပြည်ထောင်စုရှိ အောင်မြင်မှုအရဆုံး အိမ်ခြံမြေအကျိုးဆောင် များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

အမေရိကန်ပြည်တွင် ထုတ်လွှင့်ပြသလျက်ရှိသော အိမ်ခြံမြေအကျိုးဆောင် တို့အကြောင်း ရုပ်သံအစီအစဉ် 'Million Dollar Listing Los Angeles' တွင် ပါဝင်တင်ဆက်လျက်ရှိသူလည်း ဖြစ်သည်။

အဓိကလုပ်ကိုင်သည်မှာ လော့စ်အိန်ဂျလိမြို့ ဘီဗာလီဟေးလ်၊ ဘဲအဲရ်နှင့် ဟောလိဝုဒ်ဟေးလ်တို့ရှိ တန်ဖိုးကြီးနေအိမ်ကြီးများကို ရောင်းချပေးခြင်း ဖြစ်သည်။

ဂျို့ရှ်ထံမှ တစ်ဆင့် အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချသူများတွင် ရုပ်ရှင်နှင့် အနုပညာလောကမှ ထိပ်တန်းအကျော်အမော်များ၊ နာမည်ကျော် အားကစားသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကမ္ဘာတစ်ဝန်းမှ သူဌေးကြီးများ ပါဝင်သည်။

ဂျို့ရှ်သည် စုစုပေါင်း တန်ကြေး ကန်ဒေါ်လာ ၃ ဘီလီယံဖိုးရှိသော အိမ်ခြံမြေများ ရောင်းချပေးခဲ့ပြီးလည်း ဖြစ်သည်။ ထိုပမာဏ ရောင်းချပေးနိုင်ရန်ဆိုသည်မှာ မလွယ်ကူလှပေ။

ဂျို့ရှ်ရောင်းချပေးခဲ့သည်များအနက် အိပ်ခန်း တစ်ခန်းတည်းသာ ပါဝင်သည့်နေအိမ်ကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချပေးခဲ့သည်မှာ လည်း ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ထားသည်။ မည်သည့်အချိန်တွင်မဆို ဂျို့ရှ်က အရောင်းဈေးကွက်တင်ပေးထားသည့် စာရင်းတွင် အနည်းဆုံး ကန်ဒေါ်လာ သန်း ၃၅၀ ဖိုး ခန့် ရှိသည်။

အကိုဖြစ်သူ မက်သူး အဲ့လ်တ်မင်နှင့်အတူ the Altman Brothers ကုမ္ပဏီကို တည်ထောင်ခဲ့သည်။

ဂျို့ရှ်သည် အောင်မြင်ပြီးမှ ကျဆုံးမှုနှင့် ရင်ဆိုင်ရပြီး ယင်းနောက်တစ်ဖန် ပြန်လည်ရုန်းထကာ အောင်မြင်သည့်အခြေအနေ ပြန်ရောက်အောင် ကြိုးစားခဲ့ရသူတစ်ဦး ဖြစ်သည်။

ဂျို့ရှ် အဲ့လ်တ်မင်ကို ၁၉၇၉ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် အမေရိကန်ပြည်၊ မက်ဆာချူးဆက်ပြည်နယ်၊ နယူတန်မြို့ကလေးတွင် မွေးဖွားခဲ့ပြီး မိဘများမှာ ဂျူးလူမျိုးများ ဖြစ်ကြသည်။

အမေရိကန်နှင့် အစ္စရေးနှစ်နိုင်ငံလုံးတွင် ဂျူးရိုးရာ အရွယ်ရောက်မင်္ဂလာအခမ်းအနားဖြစ်သော ဘားရ် မစ်ဇ်ဗာ မင်္ဂလာကို ကျင်းပခဲ့သည်။

မြန်မာ့ရိုးရာတွင် ပဗ္ဗဇ္ဇမင်္ဂလာဟုခေါ်ကြသော ရှင်ပြုမင်္ဂလာနှင့် သဘောချင်းဆင်သည်ဟု ထင်ပါသည်။ သို့ရာတွင် မြန်မာ့ရိုးရာ ပဗ္ဗဇ္ဇမင်္ဂလာမှာ သင့်လျော်ရာအရွယ်တွင် ပြုလုပ်ပေးကြခြင်းဖြစ်ပြီး ဂျူးတို့၏ ဘားရ် မစ်ဇ်ဗာ မင်္ဂလာမှာမူ အသက် ၁၃ နှစ်အရွယ် (မိန်းကလေးများအတွက် ၁၂ နှစ်အရွယ်) တွင် ပြုလုပ်ပေးရသည်။

ဘားရ် မစ်ဇ်ဗာ မင်္ဂလာ မပြုလုပ်ရသေးမီ အသက် ၁၃ နှစ်အောက်တွင် အဆိုပါကလေးငယ်၏ အပြုအမူ၊ လုပ်ရပ်အားလုံးအပေါ် မိဘက တာဝန်ယူရပြီး ဘားရ် မစ်ဇ်ဗာ မင်္ဂလာပြုလုပ်ပြီးသွားလျှင် မိဘနှင့် သက်ဆိုင်တော့ခြင်းမရှိသလို မိဘကလည်း ရိုက်နှက်ဆုံးမခြင်းမျိုး မရှိတော့ချေ။

၁၉၉၇ ခုနှစ်တွင် နယူတန်မြို့ကလေးမှ အထက်တန်းအောင်မြင်ပြီးနောက် နယူးယောက်ပြည်နယ်၊ ဆီရာကျုတက္ကသိုလ်မှ ဆက်ဆံရေးပညာ (Speech Communications) ဖြင့် ဘွဲ့ရခဲ့သည်။ ကျောင်းပြီးချိန်တွင် အဲ့တ်မင်သည် အိမ်ခြံမြေလောကတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် လော့စ်အိန်ဂျလိသို့ ပြောင်းရွှေ့ခဲ့၏။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုကို ၃ နှစ်ခန့် တစ်ဦးတည်းလုပ်ကိုင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် အစ်ကိုဖြစ်သူ မက်ထ် အဲ့တ်မင်နှင့် ပူးပေါင်းကာ The Altman Brothers အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို တည်ထောင်ခဲ့သည်။

ဂျို့ရှ်အဲ့တ်မင်၏ ဘဝသည် သန်းကြွယ်သူဌေး ဖြစ်လာပြီးမှ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေသွားကာ တဖန်ပြန်လည်ကြိုးစားရင်း ချမ်းသာလာပြန်ရာ ဆန်းကြယ်မှုများ ပြည့်နှက်နေသည်။

(စီးပွားရေးလုပ်ငန်း အောင်မြင်စေရေးအတွက် ဂျို့ရှ် အဲ့တ်မန်းပြောကြားသည့် သင်ခန်းစာများ)

၁။ ခမ်းနားကြီးကျယ်တဲ့ စိတ်ကူး အကြံဉာဏ်သစ်တွေ နောက်ထပ်ဘယ်ကလာမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘူး

“ ကျွန်တော် လော့စ်အိန်ဂျလိကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် The Firm လို့ခေါ်တဲ့ တေးဂီတကုမ္ပဏီတစ်ခုရဲ့ ပြင်ပဆက်သွယ်ရေးဌာနမှ အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော်ရတဲ့ လစာရဲ့ တစ်ဝက်ကို အသုံးစရိတ်အဖြစ် သုံးခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ မန်နေဂျာတွေဆီကနေ အကြံဉာဏ်၊ သတင်း အချက်အလက်တွေ ထွက်လာစေဖို့ အသုံးချခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တာကြောင့် သူတို့တွေဟာ အိမ်ခြံမြေကဏ္ဍတွေဘက်ကနေ ငွေတွေဝင်နေတာကို သိလာရတယ်။ လက်ငင်းပေးချေရမယ့်ငွေ ပေးစရာမလိုဘဲ နေအိမ်တွေ ဝယ်ယူနိုင်တဲ့ '100 percent financing' ဆိုတဲ့ အစီအစဉ်တစ်ခုကို သိလိုက်ရ တယ်။ အဲဒါက ၂၀၀၃ ခုနှစ်လောက်ကပါ။ ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်မှာက ပိုက်ဆံမရှိပါဘူး။ အိမ်တစ်လုံးရဲ့ ခုံတန်းတစ်ခုပေါ်မှာ အိပ်ခွင့်ရဖို့ ပိုက်ဆံတစ်ချို့ပေးပြီး နေရပါတယ်။ ဒီလိုနေနေရင်း ဒေါ်လာ ၄၀၀,၀၀၀ တန် ကွန်ဒိုခန်း တစ်ခုဝယ်ဖို့အတွက် ချေးငွေလျှောက်ထားခွင့် ရခဲ့တယ်။ အဲဒီအခန်းကို အသေးစား ပြုပြင်မွမ်းမံမှုတွေလုပ်ခဲ့ပြီးတဲ့နောက် တစ်လခွဲလောက်ကြာတော့ ဒေါ်လာ ၆၀၀၀၀၀ နဲ့ ရောင်းထုတ်လိုက်နိုင်တယ်။ ကျွန်တော်တို့တော့ သန်းကြွယ်သူဌေးဖြစ်နည်းရပြီလို့ တွေးမိခဲ့ကြပါတယ်”

 ၂။ အသင့်ပြင်၊ ပစ်၊ ချိန်

“ဒါက အစ်ကိုနဲ့ ကျွန်တော့်ရဲ့ ခံယူချက်ပါ။ မှန်ပါတယ်။ ဒါက သမားရိုးကျ အစီအစဉ်တော့ မဟုတ်ပါဘူး။ ကိုယ့်ရှေ့ကို အခွင့်အရေးတစ်ခုရောက်လာတာနဲ့ အခွင့်အရေးကိုသိဖို့နဲ့ ပျောက်မသွားခင် ပစ်ချလိုက်ဖို့ မူဝါဒပါပဲ။ စွန့်ဦးလုပ်ငန်းရှင် တွေနဲ့ စကားပြောဖြစ်တိုင်း ဒီအချက်ကို တွေ့နေရပါတယ်။ အခွင့်အရေးရယူလိုက်ပြီး အကောင်အထည်ဖော် လုပ်ကိုင်ဖို့ထက် အရာရာပြီးပြည့်စုံအောင် စောင့်နေရင်း အချိန်တွေအများကြီးဖြုန်းကြတာ တွေ့ရပါတယ်”

၃။ အချိန်ဟာငွေ

“ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေအပေါ် ခင်ဗျားပြုမူမိနိုင်တဲ့ အဆိုးရွားဆုံးကိစ္စကတော့ သူတို့ရဲ့ အချိန်ကို သွားဖြုန်းမိတာပါ။ခင်ဗျားအနေနဲ့ သက်ဆိုင်ရာနယ်မှာ ကျွမ်းကျင်နေဖို့လိုပါတယ်။ လော့စ်အိန်ဂျလိ အိမ်ခြံမြေဈေးကွက်နဲ့ ပတ်သက်ပြီး အရာရာကို သိနေတဲ့အပေါ် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်ဆိုရင် လေ့လာမှုတွေကို ဘယ်တော့မှ ရပ်မပစ်လိုက်ပါဘူး။ ကျွန်တော့်ရဲ့ ဝက်ဘ်ဆိုက် MLS (Multiple Listing Service) မှာ နေ့တိုင်း၊ တစ်နေ့လုံးအလုပ်လုပ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့သူတွေဟာ ထက်မြက်တဲ့ လူတော်တွေကို တန်ဖိုးထားကြတယ်။

၄။ အသေးအဖွဲလေးတွေကြောင့် ကြီးမားတဲ့အရာတွေ မဆုံးရှုံးပါစေနဲ့

“ဘယ်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါစေ ကျွန်တော်ပြောချင်တာက ပိုမိုကြီးမားတဲ့အရာတစ်ခုကို မှန်းမျှော်ကြည့်ပါ။ စိတ်သဘောထား မသေးသိမ်ပါနဲ့။ စိတ်သဘောထားသေးသိမ်တဲ့ ဝန်ထမ်းတွေကြောင့် ကြီးမားတဲ့အရောင်းအဝယ်ကြီးတွေ ပျက်သွားရတာမျိုးတွေ ကျွန်တော်အမြဲတွေ့နေရပါတယ်။ ဒေါ်လာ ၂၀၀,၀၀၀ လောက် ကော်မရှင်ခရဖို့မှာ ဒေါ်လာ ၂၅၀၀၀ လောက်အတွက်နဲ့ ပျက်စီးသွားရတာမျိုးတွေ…။ ဒါကြောင့် လက်ရှိအချိန်မှာ ဝင်ငွေနည်းတာကိုပဲ မကြည့်ပါနဲ့လို့ ပြောချင်ပါတယ်”

(ကင်မ် ကာဒါရှီယန်၏ ယုံကြည်စိတ်ချမှုအရှိဆုံး အကျိုးဆောင်လုပ်ငန်းရှင်၊ ကုမ္ပဏီတစ်ခု၏ အီးမေးလ်ဌာန ဝန်ထမ်းဘဝမှ သန်းပေါင်းများစွာတန်ကြေးရှိ အိမ်ခြံမြေများ ရောင်းချသူဘဝသို့)

လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရဲ အရပ်ရှိ ကင်မ် ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့ပိုင်ဆိုင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ ဒသမ ၈ သန်းဖြင့် ရောင်းချပေးလိုက်နိုင်ခြင်းမှာလည်း ဂျို့ရှ် အဲ့တ်မန်း၏ များစွာသော အရောင်းအဝယ်ဖြစ်မှုများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

အဆိုပါနေအိမ်ကြီးမှာ နေအိမ် တစ်လုံးအသွင်ထက် အဆင့်မြင့် ပန်းချီပြခန်းတစ်ခုနှင့် ပိုမိုအလားတူနေသည်။

ဂျို့ရှ်သည် ကင်မ် ကာဒါရှီယန်၏ လက်စွဲတော်အကျိုးဆောင်ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိခဲ့ပြီ ဖြစ်သည်။

ဂျို့ရှ် အဲ့တ်မင်နှင့် အစ်ကိုဖြစ်သူ မက်ထ်တို့ တည်ထောင်ထားသော အိမ်ခြံမြေကုမ္ပဏီသည် လက်ရှိအားဖြင့် နာမည်ကျော် အိမ်ခြံမြေ ကုမ္ပဏီကြီး Douglas Elliman နှင့် ပူးပေါင်းထားသည်။

Douglas Elliman သည် အမေရိကန်တစ်နိုင်ငံလုံးတွင် လုပ်ငန်းများ ဖြန့်ကျက်ထားသည့် ကုမ္ပဏီကြီးဖြစ်ပြီး နှစ်စဉ် အိမ်ခြံမြေ ကန်ဒေါ်လာ သန်း ၄၀၀ ဖိုးရောင်းချပေးလျက်ရှိသည်။

နယ်ပယ်စုံ ဝယ်လက်များအတွက် ဝန်ဆောင်မှုပေးလျက်ရှိရာ အထူးသဖြင့် အကျော်အမော်များ၊ အားကစားသမားများ၊ နည်းပညာနယ်မှ သူဌေးကြီးများနှင့် အမှုဆောင်အရာရှိချုပ်များအတွက် တန်ဖိုးကြီးဇိမ်ခံလူနေအိမ်ကြီးများ အရောင်းအဝယ်ပြုလုပ်ပေးခြင်း ဖြစ်သည်။

“ကျွန်တော်တို့က အသင့်ပြင်၊ ပစ်၊ ချိန်..ဆိုတဲ့ မူဝါဒနဲ့ နေပါတယ်။ အသင့်ပြင်၊ ချိန်ရွယ်၊ ပစ်..ဆိုတာနဲ့ ခြားနားပါတယ်။ ရှေ့မှာ အခွင့်အလမ်းပေါ်လာတာနဲ့ သိအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ထားတယ်။ အိမ်ခြံမြေအရောင်းအဝယ်ပဲဖြစ်ဖြစ်၊ တခြားဘယ်လိုကိစ္စပဲ ဖြစ်ဖြစ်…အခွင့်အရေးပေါ်လာတာနဲ့ ပစ်လိုက်ဖို့လိုပါတယ်။ နှစ်ခါစဉ်းစားမနေပါဘူး” အဲ့တ်မင်က အဆိုပါနည်းဗျူဟာကို ကင်မ်ကာဒါရှီယန်၏ နေအိမ်ကို ရောင်းချရေးတွင် အသုံးပြုခဲ့သည်။

နေအိမ်ကြီး၏ တမူထူးခြားသောအလှဗေဒနှင့် သဟဇာတဖြစ်မည့် ဇိမ်ခံနေအိမ်ဝယ်လက်များကို ပြသခဲ့သည်။

ယူကရိန်း ပရဟိတသမားတစ်ဦးဖြစ်ပြီး ဂီတနယ်အတွင်း စတင်ခြေချရန် စိတ်ဝင်စားနေသူ မာရီယွန် အက်တန်ကို တွေ့လိုက်သောအခါ မာရီယွန် အက်တန်၏ ဂီတပိုးဝင်နေမှုကိုသိလိုက်ပြီး အခွင့်အရေးတစ်ခုပေါ်ပြီဟု သိလိုက်သည်။

ကင်မ်ကာဒါရှီယန်ကလည်း နေအိမ်ကို ကိုယ်တိုင်လိုက်လံပြသခဲ့ရာ နောက်ဆုံးတွင် မာရီယွန်က ဝယ်ယူလိုက်တော့၏။

“ကင်မ်က သိပ်အကင်းပါးတယ်။ ဒီလိုကိုယ်တိုင် အိမ်ပြတာ၊ ကြည့်တာဟာ ပထမဆုံးအကြိမ်မဟုတ်သေးပါဘူး။ အိမ်ဝယ်တိုင်းမှာ သူက ဒီတိုင်းပဲလုပ်တယ်။ သူဘာလုပ်နေတယ်ဆိုတာ သူကောင်းကောင်းသိတယ်။ ဒီတော့ ကျွန်တော်က နောက်ဆုတ်နေပြီး နားထောင်နေရုံပါပဲ”ဟု အဲ့တ်မန်းက ဆိုသည်။

အိမ်ခြံမြေလောကတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း အဲ့တ်မင်သည် ဘရာဗို ရုပ်သံလိုင်းမှ ထုတ်လွှင့်သော Million Dollar Listing Los Angeles တွင် နှစ်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ထို့ကြောင့်လည်း မိမိကို ပိုမိုလူသိများလာကြောင်း အဲ့မင်က ဆိုသည်။

အဲ့မင် ကြိမ်ဖန်များစွာ ပြောခဲ့ဖူးသည်တစ်ခုမှာ မိမိနှင့် အစ်ကိုဖြစ်သူတို့သည် ဖောက်သည်များ၏ အချိန်နှင့်ငွေကို မိမိ၏ အချိန်၊ ငွေများအလား အလေးထားဆောင်ရွက်ကြောင်း ပြောခဲ့ဖူးသည်။

အဲ့တ်မင်ညီအစ်ကိုများအတွက် ယနေ့အခြေအနေမျိုးကို လွယ်လွယ်ကူကူရောက်ရှိခဲ့ခြင်းမဟုတ်ချေ။

(လော့စ်အိန်ဂျလိသို့ ပြောင်းရွှေ့လာပြီးနောက် အီးမေးလ်ဆက်သွယ်ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ရာတွင် ၎င်းလေးစားသည့် မန်နေဂျာများထံမှ သင်ယူလေ့လာမှုများပြုလုပ်နိုင်ရန်အတွက် လစာငွေ၏ တစ်ဝက်ကို စားစရာများ၊ ကော်ဖီများ ဝယ်ပေးကာ သုံးစွဲခဲ့ရသည်။ ယင်းနောက် ၂၀၀၇ ခုနှစ် အမေရိကန်စီးပွားရေးပြိုလဲမှုကြီးမပေါ်ပေါက်သေးမီ၌ အိမ်ခြံမြေကဏ္ဍသို့ ဝင်ခဲ့ရာ အောင်မြင်မှုများ ရလာခြင်း ဖြစ်သည်။)

“အသက် ၂၆ နှစ်အရွယ်မှာ ကျွန်တော်တို့ သန်းကြွယ်သူဌေးတွေ ဖြစ်ခဲ့တယ်။ နောက် ၆ လလောက်ကြာတော့ ကုန်းကောက်စရာမရှိအောင် ပြန်ဖြစ်သွားခဲ့ပါတယ်” ဟု ဂျို့ရှ်က အတိတ်ကို တွေးဆရင်း ပြောကြားဖူးသည်။

ထိုနှစ်များအတွင်း အမှားများမှ သင်ခန်းစာယူခြင်း၊ လေ့လာခြင်းများ ကြီးမားစွာပြုလုပ်ခဲ့သည်။

အိမ်ခြံမြေလောကအတွင်း သိကျွမ်းသူအားလုံးထံ လိုက်လံမေးမြန်းကာ အကြံဉာဏ်များ ရယူ၏။ ယင်းနောက် မိမိတို့၏ အကောင်းဆုံး အားသာချက်ကို အဖြေရှာရာ ပေါင်းသင်းဆက်ဆံရေးဘက်တွင် အားသာကြောင်း သိလာသည်။

ထို့ကြောင့်ပင် ကင်မ်ကာဒါရှီယန်အပါအဝင် နာမည်ကျော် ကြယ်ပွင့်များစွာ၏ အိမ်ခြံမြေများကို အဓိက ရောင်းဝယ်ပေးနေသူတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် အဲ့တ်မင်မှာ နေအိမ်စတင်ဝယ်ယူမည့်သူများအတွက် တန်ဖိုးသင့်နေအိမ်များမှ ကန်ဒေါ်လာ သန်း ၁၀၀ ခန့်တန်ကြေးရှိသည့် နေအိမ်ကြီးများအထိ အကျိုးဆောင်ရောင်းချပေးလျက်ရှိနေပြီ ဖြစ်သည်။

“ကျွန်တော့်ဘဝရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို ပြန်ကြည့်လိုက်တဲ့အခါ လူတိုင်းလုပ်တတ်ကြတဲ့ အမှားမျိုးတွေ အများကြီး ကျူးလွန်ခဲ့တာ ပြန်တွေ့ပါတယ်။ ကျွန်တော်ပြန်ပြောဖြစ်တာကတော့ ဘယ်လိုပြန်ပြီး ရုန်းထခဲ့လဲ ဆိုတာပါ”

(အသက် ၂၆ နှစ်အရွယ်တွင် သန်းကြွယ်သူဌေးဖြစ်လာပြီး ၆ လအတွင်း အရာရာဆုံးရှုံးသွားခဲ့ရသူ)

(Million Dollar Listing Los Angeles ရုပ်သံအစီအစဉ်)

အမေရိကန်ပြည်တွင် Bravo အမည်ရှိ ရုပ်သံလိုင်းရှိပြီး အဆိုပါရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသလျှက်ရှိသော Million Dollar Listing Los Angeles ဟူသော အစီအစဉ်ကို ၂၀၀၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်တွင် စတင်ထုတ်လွှင့်ပြသခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိ ကမ္ဘာကျော်ကြယ်ပွင့်များ၊ သူဌေးကြီးများ အခြေချရာ ဘီဗာလီဟေးလ်၊ ဟောလိဝုဒ်နှင့် မာလီဘူးအရပ်တို့တွင် အခြေချသည့် အိမ်ခြံမြေအကျိုးဆောင်တို့၏ ဘဝကို ရိုက်ကူးပြသခြင်းဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ကြည့်ရှုသူများအနေဖြင့် လော့စ်အိန်ဂျလိ၏ တန်ဖိုးကြီးထိပ်တန်းစံအိမ်ကြီးများနှင့် ယင်း၏ဈေးကွက်အကြောင်း အတွင်းကျကျ သိခွင့်ရမည် ဖြစ်သည်။

နှစ်အလိုက်၊ season အလိုက် အိမ်ခြံမြေအကျိုးဆောင်များ ပြောင်းလဲကာ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။

ဂျို့ရှ် အဲ့တ်မင်သည် Million Dollar Listing Los Angeles အစီအစဉ်တွင် ၂၀၁၁ ခုနှစ်တွင် စတင်ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စတုတ္ထမြောက် season ဖြစ်သည်။

ထိုအချိန်မှစတင်ပြီး ယနေ့တိုင်အောင် ပါဝင်သရုပ်ဆောင်လျက်ရှိသည်။

The Altman Brothers ကုမ္ပဏီသည် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် တန်ကြေးရှိသော အိမ်ခြံမြေများ ရောင်းချပေးခဲ့ပြီးဖြစ်ကာ အိပ်ခန်းတစ်ခန်းသာ ပါဝင်သည့် လူနေခန်းတစ်ခုကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချပေးခဲ့ပြီး သမိုင်းတစ်လျှောက်ဈေးအကြီးဆုံး နေအိမ်အဖြစ် စံချိန်တင်သည့် အရောင်းအဝယ်လည်း အပါအဝင် ဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်က အဲ့တ်မင်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀ သန်းခန့် ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ခန့်မှန်းချက်များအရ ကန်ဒေါ်လာ သန်း ၂၀ ခန့်ကြွယ်ဝကြောင်း ခန့်မှန်းကြသည်။

“ကျွန်တော်တို့ဟာ အဲဒီမြတ်စွန်းလာတဲ့ ငွေတွေကို ပိုမိုကြီးမားတဲ့ အိမ်ခြံမြေတွေမှာ အဆင့်ဆင့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၀၇ ၊ ၂၀၀၈ ခုနှစ်မှာ အမေရိကန်စီးပွားရေးပြိုလဲသွားချိန် ကျွန်တော့်မှာ ရှိသမျှ အရာအားလုံး ဆုံးရှုံးသွားခဲ့တယ်။ အဲဒီတုန်းက ကျွန်တော် တွေးခဲ့မိတာက …ငါတော့ အခုလိုအခြေအနေမျိုးကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ဘူး…လို့ တွေးခဲ့မိတယ်။

“ဒါပေမယ့် အခုအချိန်မှာ ပြန်ပြီးသုံးသပ်ကြည့်တော့ ဒီအဖြစ်အပျက်ဟာ ကျွန်တော်တွေ့ကြုံခဲ့တာတွေထဲက အကောင်းဆုံးသင်ခန်းစာ တစ်ခုဖြစ်တယ်ဆိုတာ ဆင်ခြင်မိတယ်”

“ရှာနိုင်တဲ့ငွေထက် ပိုမသုံးတာဟာ ရိုးစင်းတဲ့အခြေခံသဘောတရားတစ်ခုပါ။ ဒါပေမယ့် လူပေါင်းများစွာ ရုန်းကန်နေရတဲ့အချက်လည်း ဖြစ်ပါတယ်။ အမေရိကန်လူမျိုးများစွာဟာ ကြွေးဝယ်ကဒ် အကြွေးနွံထဲမှာ နစ်မြုပ်နေတဲ့ အကြောင်းရင်းတစ်ခုလည်းဖြစ်ပြီး သူတို့ရဲ့ အနားယူချိန် စုငွေစာရင်းတွေမှာ စုထားနိုင်တဲ့ပမာဏ အလွန်နည်းပါးလှပြီး တချို့ဆို လုံးဝမရှိတာမျိုး တွေ့ရပါတယ်” အဲ့တ်မင်သည် မိမိတတ်နိုင်သည်ထက် ပိုမိုဝယ်ယူခြင်း၏ အကျိုးဆက်များကို အလေးအနက်လေ့လာခဲ့၏။ ယခုအချိန်တွင်ကား မိမိကိုယ်ကို အရင်ပေးသည်ဟု ဆိုသည်။

“ငွေရလာပြီဆိုတာနဲ့ အဲဒါကို ကျွန်တော်က တစ်ဝက်ခွဲလိုက်ပါတယ်။ အဲဒီတစ်ဝက်ကို ကျွန်တော်လုံးဝမတို့မထိဘဲထားတဲ့ ဘဏ်စာရင်းတစ်ခုထဲကို ထည့်တယ်။ ဒါက ကျွန်တော့်ရဲ့ နံပါတ် ၁ စည်းမျဉ်းပဲ။ ကျွန်တော့်မှာ ကိုင်တွယ်လည်ပတ်သုံးစွဲနေတဲ့ ငွေအပြင် တခြားပိုင်ဆိုင်ထားမှုရှိသေးတယ်ဆိုတာ အတွေးထဲတောင် ပေါ်မလာပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဘဏ်စာရင်းက ကျွန်တော်ကြည့်တောင် မကြည့်ဖူးတဲ့ စာရင်းဖြစ်နေလို့ပါပဲ”

(ဒေါ်လာ ၁၁ သန်းတန်နေအိမ်ကို ၁၀ နာရီအတွင်း ရောင်းထွက်အောင် ကြိုးပမ်းခဲ့)

ဂျို့ရှ်သည် တစ်ခါက ကန်ဒေါ်လာ ၁၁ သန်းတန် နေအိမ်တစ်လုံးကို ရုပ်ရှင်သရုပ်ဆောင် တိုင်လာ ပယ်ရီထံ ၁၀ နာရီအတွင်း ရောင်းထွက်အောင် စွမ်းဆောင်ခဲ့ဖူးသည်။

“လူအများစုက ပြောကြတယ်။ ဒါမျိုးက ကံကောင်းလို့ပါကွာ…တဲ့။ မဟုတ်ပါ။ ဒါဟာ နေရာကောင်း၊ အချိန်ကောင်းမှာ ကိုယ့်ကိုယ်ကို ရှိနေအောင် လုပ်ဆောင်နိုင်လို့ ဖြစ်ပါတယ်။ ဒါဟာ ကြက်ကန်းဆန်အိုးတိုးတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ Starbucks ဆိုင်တစ်ခုတည်းကို မနက်တိုင်းသွားပါတယ်။ ဒီလိုသွားရတာ ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိပါတယ်။ ကော်ဖီအရသာခံဖို့ သွားနေတာ မဟုတ်ပါဘူး” ဟု ဂျို့ရှ်က ထုတ်ဖော်ပြောပြသည်။

“ကျွန်တော့်ဖောက်သည်တွေဟာ ဘယ်လိုလူမျိုးတွေလဲဆိုတာ ကျွန်တော်သိတာကြောင့် သူတို့နဲ့ နီးစပ်နိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ဘီဗာလီဟေးလ်မှာ နေတဲ့ ဘီလျံနာတွေ၊ အကျော်အမော်တွေဟာ ဒီဆိုင်ကို သွားလေ့ရှိတယ်ဆိုတာ ကျွန်တော် သိထားပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ကံကောင်းမှုတွေ ရောက်လာစေမယ့် နေရာမျိုးမှာ ကိုယ့်ကိုယ်ကို ထားရှိရတာဖြစ်ပါတယ်။ ဒါကြောင့် ကြက်ကန်းဆန်အိုးတိုးတာ မဟုတ်ဘူးလို့ ပြောတာပါ”

တိုင်လာ ပယ်ရီထံ ဒေါ်လာ ၁၁ သန်းတန် နေအိမ် ရောင်းချနိုင်ခဲ့ခြင်းမှာလည်း မိမိ၏ မူဝါဒဖြစ်သော “အသင့်ပြင်၊ ပစ်၊ ချိန်”ဟူသည့် မူအတိုင်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဂျို့ရှ်က ပြောကြားသည်။

တစ်မနက်တွင် အားကစားလေ့ကျင့်ရေးခန်းမ၌ ရှိနေစဉ် ဂျို့ရှ်က သူ့ဘေးတွင် တိုင်လာပယ်ရီရှိနေသည်ကို တွေ့လိုက်ရ၏။

သို့နှင့် တိုင်လာပယ်ရီထံ စကားသွားပြောရမည်လော၊ မပြောရမည်လောကို ခေတ္တဆိုင်းငံ့ တွေဝေနေပြီး နောက်ပိုင်းတွင် သူ၏ မူအတိုင်း ချိန်မနေတော့ဘဲ “ပစ်” အဆင့်သို့ ရွေးချယ်လိုက်ကာ သွားရောက်စကားပြောလိုက်၏။

ထိုနေ့ နံနက် ၁၀ နာရီတွင် အဲ့တ်မင်သည် တိုင်လာပယ်ရီကို နေအိမ်ပြသနေပြီဖြစ်ပြီး ညနေ ၅ နာရီတွင်ကား ကန်ဒေါ်လာ ၁၁ သန်းဖြင့် အပြီးသတ်ရောင်းချနိုင်ခဲ့သည်။

“ကိုယ့်ကိုယ်ကို ကံကောင်းအောင်လုပ်ပါ (သို့မဟုတ်) ကံကောင်းမယ့်လမ်းကို ရွေးချယ်ပါ။ ဒီမူကို ခင်ဗျားတို့လျှောက်လှမ်းနေတဲ့ ဘယ်လုပ်ငန်းနယ်မှာမဆို ကျင့်သုံးလို့ရပါတယ်” ဟု အဲ့တ်မင်က ပြောကြားသည်။

ယနေ့တွင်ကား ဂျို့ရှ် အဲ့တ်မင်သည် အမေရိကတွင်သာမက နိုင်ငံတကာတွင်ပါ ထင်ရှားသော အိမ်ခြံမြေအကျိုးဆောင်၊ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

(ဂျို့အဲ့တ်မင်၏ အချက်အလက်များ)

မွေးနေ့- ၁၉၇၉ ခုနှစ်၊ မတ်လ ၁၀ ရက်

အသက် - ၄၀ နှစ် ၁ လ

နိုင်ငံသား- အမေရိကန်

လုပ်ငန်း- အိမ်ခြံမြေအကျိုးဆောင်

အိမ်ထောင်ရေး- အိမ်ထောင်ရှိ

အိမ်ထောင်ဖက်အမည်- ဟီသာ အဲ့တ်မင် (၂၀၁၆ တွင် လက်ထပ်)

ကြွယ်ဝမှု - ကန်ဒေါ်လာ သန်း ၂၀ ( ခန့်မှန်း)

လူမျိုး-အစ္စရေး

ရင်သွေး- အလက်ဇစ် ကယ်ရီ အဲ့တ်မင် (သမီး)

အရပ်အမြင့်- ၅ ပေ ၉ လက်မ

ပညာရေး- ဆက်ဆံရေးပညာဘွဲ့

မိဘများ- အလန် အဲ့တ်မင် (ဖခင်)၊ ဂျူးဒစ် အဲ့တ်မင် (မိခင်)

မွေးချင်း- မက်ထ် အဲ့တ်မင် (အစ်ကို)

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းသည် အရင်းအနှီးအနည်းဆုံးနှင့် အကျိုးအမြတ်အများဆုံး လုပ်ငန်းတစ်ခုဖြစ်၏။

အရင်းအနှီးမရှိဟု ညဉ်းညူနေသူများ လုပ်ကိုင်ကြည့်သင့်လှသည်။

လွန်ခဲ့သော ၃ နှစ်ခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း၏ တစ်ခုသော ရပ်ကွက်ကလေးတွင် ကျူးကျော်တဲကလေးတစ်ခု၌ နေထိုင်သော အသက် ၆၀ အရွယ် အဘွားအိုတစ်ဦးကို တွေ့ခဲ့ဖူးသည်။ အဆိုပါ အဘွားအိုသည် မိမိ၏ အကြံပေးမှုဖြင့် ရပ်ကွက်အတွင်းရှိ ရောင်းရန်၊ ငှားရန်ရှိသည့် အိမ်ခြံမြေများကို စုံစမ်း၏။ ထို့နောက် သူ၏ တဲကလေးရှေ့တွင် အိမ်ငှားရန်ရှိသည်၊ ရောင်းရန်ရှိသည် ။ ဆက်သွယ်ရန်ဖုန်း-----ဟူသော ကြော်ငြာကလေးကို ပလတ်စတစ်လောင်းကာ ချိတ်ဆွဲထား၏။

ယင်းနောက် ထီးအစုတ်ကြီးတစ်လက်ဖြင့် နေပူကျဲကျဲအောက်တွင် အိမ်ခြံမြေများ လိုက်လံပြသနေခဲ့သည်။ နောက်ပိုင်းတွင် အခြားရပ်ကွက်များမှ အိမ်ခြံမြေများအထိ နယ်ပယ်ကျယ်ပြန့်စွာ လုပ်ကိုင်လာခဲ့သည်။

မကြာသေးမီရက်ပိုင်းက ထိုရပ်ကွက်ကလေးသို့ ရောက်ရှိသွားရာ အဆိုပါအဘွားအိုမှာ ရပ်ကွက်အတွင်းတွင် ခြံကွက် ၃ ခု ပိုင်ဆိုင်နေပြီ ဖြစ်ပြီး ယခင်က ကျူးကျော်တဲတွင် နေထိုင်ရသည့်ဘဝမျိုးမှ ယခုအခါ ပျဉ်ထောင်အိမ်ကလေးတစ်လုံးဖြင့် နေထိုင်လျက်ရှိနေပြီ ဖြစ်သည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့ခဲ့ရပါသည်။

iMyanmarHouse.com အိမ်ခြံမြေ ဝက်ဘ်ဆိုက်ကြီးသည် အိမ်ခြံမြေအကျိုးဆောင်များ၊ ကန်ထရိုက်တာများ၊ ဆောက်လုပ်ရေး ကုမ္ပဏီများ (developer) များကို အကူအညီပေးလျက်ရှိသည့် ဝက်ဘ်ဆိုက်ကြီးဖြစ်ပြီး အိမ်ခြံမြေ ရောင်းဝယ်ငှား ကြော်ငြာများကို မိမိကိုယ်တိုင် အကောင့်ဖွင့်လှစ်ကာ၊ ကြော်ငြာများ၊ ဓာတ်ပုံများကိုလည်း မိမိကိုယ်တိုင် တင်နိုင်သည့် ဝက်ဘ်ဆိုက်ကြီး ဖြစ်ပါသည်။

အရင်းအနှီးနည်းပါးသည့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ရင်း မြန်မာနိုင်ငံသားတိုင်း နေအိမ်ပိုင်ဆိုင်နိုင်ကြပါစေကြောင်း iMyanmarHouse.com မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အသက် (၃၀) အရွယ်ဖြင့် မီလျံနာဖြစ်ခဲ့သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ တည်ထောင်သူဖြစ်သည့် ကိုနေမင်းသူ၏ ဘဝဇာတ်ကြောင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ (၂.၄) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

အိမ်ဝယ်ဖို့အတွက် ငွေလိုနေပါသလား? ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ပါသလား? အိမ်ရာချေးငွေ ရှိတယ်လေ။ အိမ်ရာချေးငွေ (Home Loan Application) လျှောက်ထားရန်အတွက် ဤနေရာကို နှိပ်ပါ။

ဘဏ်နှင့်ချိတ်ဆက်ပြီး ကိုယ်ပိုင်မြေပေါ်တွင် အိမ်ဆောက်လုပ်လိုသူများအတွက် အထူးအခွင့် အရေးရှိပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

[Zawgyi]

ခံုတန္းေပၚတြင္ အိပ္ခဲ့ရသူ၊ သန္းၾကြယ္သူေဌးျဖစ္ျပီးမွ မြဲေတသြားျပီး ျပန္လည္ေအာင္ျမင္ေအာင္ ၾကိဳးစားႏိုင္ခဲ့သူ ကမၻာေက်ာ္ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးအေၾကာင္း

ဂ်ဳိ႕ရွ္ အဲ့တ္မင္ (Josh Altman) ဟူသည္မွာ မည္သူနည္း

အိမ္တစ္လံုးရဲ႕ ခံုတန္းတစ္ခုေပၚမွာ အိပ္ခြင့္ရဖို႔ ပိုက္ဆံတစ္ခ်ဳိ႕ေပးျပီး ေနခဲ့ရသူ။

အသက္ ၂၆ ႏွစ္အရြယ္တြင္ မီလ်ံနာ (သန္းၾကြယ္သူေဌး) ျဖစ္ခဲ့ျပီး ေနာက္ ၆ လအၾကာတြင္ ကုန္းေကာက္စရာမရွိေအာင္ မြဲသြားသူ။

ေအာင္ျမင္ျပီးမွ က်ဆံုးမႈႏွင့္ ရင္ဆိုင္ရျပီး ျပန္လည္ရုန္းထကာ ေအာင္ျမင္ေအာင္ ၾကိဳးစားခဲ့ရသူ။

တစ္ရက္လွ်င္ ကန္ေဒၚလာ တစ္သန္းေက်ာ္ဖုိးအထိ အိမ္ျခံေျမ ေရာင္းခ်ႏိုင္သူ ျဖစ္၏။

ဂ်ဳိ႕ရွ္ အဲ့လ္တ္မင္သည္ အေမရိကန္ျပည္ေထာင္စုရွိ ေအာင္ျမင္မႈအရဆံုး အိမ္ျခံေျမအက်ဳိးေဆာင္ မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။

အေမရိကန္ျပည္တြင္ ထုတ္လႊင့္ျပသလ်က္ရွိေသာ အိမ္ျခံေျမအက်ဳိးေဆာင္ တို႔အေၾကာင္း ရုပ္သံအစီအစဥ္ 'Million Dollar Listing Los Angeles' တြင္ ပါဝင္တင္ဆက္လ်က္ရွိသူလည္း ျဖစ္သည္။

အဓိကလုပ္ကိုင္သည္မွာ ေလာ့စ္အိန္ဂ်လိျမဳိ႕ ဘီဗာလီေဟးလ္၊ ဘဲအဲရ္ႏွင့္ ေဟာလိဝုဒ္ေဟးလ္တို႔ရွိ တန္ဖိုးၾကီးေနအိမ္ၾကီးမ်ားကို ေရာင္းခ်ေပးျခင္း ျဖစ္သည္။

ဂ်ဳိ႕ရွ္ထံမွ တစ္ဆင့္ အိမ္ျခံေျမ ဝယ္ယူ၊ ေရာင္းခ်သူမ်ားတြင္ ရုပ္ရွင္ႏွင့္ အႏုပညာေလာကမွ ထိပ္တန္းအေက်ာ္အေမာ္မ်ား၊ နာမည္ေက်ာ္ အားကစားသမားမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ကမၻာတစ္ဝန္းမွ သူေဌးၾကီးမ်ား ပါဝင္သည္။

ဂ်ဳိ႕ရွ္သည္ စုစုေပါင္း တန္ေၾကး ကန္ေဒၚလာ ၃ ဘီလီယံဖိုးရွိေသာ အိမ္ျခံေျမမ်ား ေရာင္းခ်ေပးခဲ့ျပီးလည္း ျဖစ္သည္။ ထိုပမာဏ ေရာင္းခ်ေပးႏိုင္ရန္ဆိုသည္မွာ မလြယ္ကူလွေပ။

ဂ်ဳိ႕ရွ္ေရာင္းခ်ေပးခဲ့သည္မ်ားအနက္ အိပ္ခန္း တစ္ခန္းတည္းသာ ပါဝင္သည့္ေနအိမ္ကို ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ေရာင္းခ်ေပးခဲ့သည္မွာ လည္း ေစ်းအၾကီးဆံုးအျဖစ္ စံခ်ိန္တင္ထားသည္။ မည္သည့္အခ်ိန္တြင္မဆို ဂ်ဳိ႕ရွ္က အေရာင္းေစ်းကြက္တင္ေပးထားသည့္ စာရင္းတြင္ အနည္းဆံုး ကန္ေဒၚလာ သန္း ၃၅၀ ဖိုး ခန္႔ ရွိသည္။

အကိုျဖစ္သူ မက္သူး အဲ့လ္တ္မင္ႏွင့္အတူ the Altman Brothers ကုမၸဏီကို တည္ေထာင္ခဲ့သည္။

ဂ်ဳိ႕ရွ္သည္ ေအာင္ျမင္ျပီးမွ က်ဆံုးမႈႏွင့္ ရင္ဆိုင္ရျပီး ယင္းေနာက္တစ္ဖန္ ျပန္လည္ရုန္းထကာ ေအာင္ျမင္သည့္အေျခအေန ျပန္ေရာက္ေအာင္ ၾကိဳးစားခဲ့ရသူတစ္ဦး ျဖစ္သည္။

ဂ်ဳိ႕ရွ္ အဲ့လ္တ္မင္ကို ၁၉၇၉ ခုႏွစ္၊ မတ္လ ၁၀ ရက္တြင္ အေမရိကန္ျပည္၊ မက္ဆာခ်ဴးဆက္ျပည္နယ္၊ နယူတန္ျမိဳ႕ကေလးတြင္ ေမြးဖြားခဲ့ျပီး မိဘမ်ားမွာ ဂ်ဴးလူမ်ဳိးမ်ား ျဖစ္ၾကသည္။

အေမရိကန္ႏွင့္ အစၥေရးႏွစ္ႏိုင္ငံလံုးတြင္ ဂ်ဴးရိုးရာ အရြယ္ေရာက္မဂၤလာအခမ္းအနားျဖစ္ေသာ ဘားရ္ မစ္ဇ္ဗာ မဂၤလာကို က်င္းပခဲ့သည္။

ျမန္မာ့ရိုးရာတြင္ ပဗၺဇၨမဂၤလာဟုေခၚၾကေသာ ရွင္ျပဳမဂၤလာႏွင့္ သေဘာခ်င္းဆင္သည္ဟု ထင္ပါသည္။ သို႔ရာတြင္ ျမန္မာ့ရိုးရာ ပဗၺဇၨမဂၤလာမွာ သင့္ေလ်ာ္ရာအရြယ္တြင္ ျပဳလုပ္ေပးၾကျခင္းျဖစ္ျပီး ဂ်ဴးတို႔၏ ဘားရ္ မစ္ဇ္ဗာ မဂၤလာမွာမူ အသက္ ၁၃ ႏွစ္အရြယ္ (မိန္းကေလးမ်ားအတြက္ ၁၂ ႏွစ္အရြယ္) တြင္ ျပဳလုပ္ေပးရသည္။

ဘားရ္ မစ္ဇ္ဗာ မဂၤလာ မျပဳလုပ္ရေသးမီ အသက္ ၁၃ ႏွစ္ေအာက္တြင္ အဆိုပါကေလးငယ္၏ အျပဳအမူ၊ လုပ္ရပ္အားလံုးအေပၚ မိဘက တာဝန္ယူရျပီး ဘားရ္ မစ္ဇ္ဗာ မဂၤလာျပဳလုပ္ျပီးသြားလွ်င္ မိဘႏွင့္ သက္ဆိုင္ေတာ့ျခင္းမရွိသလို မိဘကလည္း ရိုက္ႏွက္ဆံုးမျခင္းမ်ဳိး မရွိေတာ့ေခ်။

၁၉၉၇ ခုႏွစ္တြင္ နယူတန္ျမိဳ႕ကေလးမွ အထက္တန္းေအာင္ျမင္ျပီးေနာက္ နယူးေယာက္ျပည္နယ္၊ ဆီရာက်ဳတကၠသိုလ္မွ ဆက္ဆံေရးပညာ (Speech Communications) ျဖင့္ ဘြဲ႔ရခဲ့သည္။ ေက်ာင္းျပီးခ်ိန္တြင္ အဲ့တ္မင္သည္ အိမ္ျခံေျမေလာကတြင္ ဝင္ေရာက္လုပ္ကိုင္ရန္အတြက္ ေလာ့စ္အိန္ဂ်လိသို႔ ေျပာင္းေရႊ႕ခဲ့၏။

အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ငန္းတစ္ခုကို ၃ ႏွစ္ခန္႔ တစ္ဦးတည္းလုပ္ကိုင္ခဲ့ျပီး ယင္းေနာက္ပိုင္းတြင္ အစ္ကိုျဖစ္သူ မက္ထ္ အဲ့တ္မင္ႏွင့္ ပူးေပါင္းကာ The Altman Brothers အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ငန္းကို တည္ေထာင္ခဲ့သည္။

ဂ်ဳိ႕ရွ္အဲ့တ္မင္၏ ဘဝသည္ သန္းၾကြယ္သူေဌး ျဖစ္လာျပီးမွ ကုန္းေကာက္စရာမရွိေအာင္ ဆင္းရဲမြဲေတသြားကာ တဖန္ျပန္လည္ၾကိဳးစားရင္း ခ်မ္းသာလာျပန္ရာ ဆန္းၾကယ္မႈမ်ား ျပည့္ႏွက္ေနသည္။

(စီးပြားေရးလုပ္ငန္း ေအာင္ျမင္ေစေရးအတြက္ ဂ်ဳိ႕ရွ္ အဲ့တ္မန္းေျပာၾကားသည့္ သင္ခန္းစာမ်ား)

၁။ ခမ္းနားၾကီးက်ယ္တဲ့ စိတ္ကူး အၾကံဥာဏ္သစ္ေတြ ေနာက္ထပ္ဘယ္ကလာမယ္ဆိုတာ ၾကိဳတင္ခန္႔မွန္းလို႔ မရႏိုင္ဘူး

“ ကၽြန္ေတာ္ ေလာ့စ္အိန္ဂ်လိကို ေျပာင္းေရႊ႕ခဲ့ျပီးတဲ့ေနာက္ The Firm လို႔ေခၚတဲ့ ေတးဂီတကုမၸဏီတစ္ခုရဲ႕ ျပင္ပဆက္သြယ္ေရးဌာနမွ အလုပ္လုပ္ခဲ့ပါတယ္။ ကၽြန္ေတာ္ရတဲ့ လစာရဲ႕ တစ္ဝက္ကို အသံုးစရိတ္အျဖစ္ သံုးခဲ့ျပီး က်န္တစ္ဝက္ကိုေတာ့ မန္ေနဂ်ာေတြဆီကေန အၾကံဥာဏ္၊ သတင္း အခ်က္အလက္ေတြ ထြက္လာေစဖို႔ အသံုးခ်ခဲ့ပါတယ္။ ဒီလိုလုပ္ခဲ့တာေၾကာင့္ သူတို႔ေတြဟာ အိမ္ျခံေျမက႑ေတြဘက္ကေန ေငြေတြဝင္ေနတာကို သိလာရတယ္။ လက္ငင္းေပးေခ်ရမယ့္ေငြ ေပးစရာမလိုဘဲ ေနအိမ္ေတြ ဝယ္ယူႏိုင္တဲ့ '100 percent financing' ဆိုတဲ့ အစီအစဥ္တစ္ခုကို သိလိုက္ရ တယ္။ အဲဒါက ၂၀၀၃ ခုႏွစ္ေလာက္ကပါ။ ကၽြန္ေတာ့္အစ္ကိုနဲ႔ ကၽြန္ေတာ့္မွာက ပိုက္ဆံမရွိပါဘူး။ အိမ္တစ္လံုးရဲ႕ ခံုတန္းတစ္ခုေပၚမွာ အိပ္ခြင့္ရဖို႔ ပိုက္ဆံတစ္ခ်ဳိ႕ေပးျပီး ေနရပါတယ္။ ဒီလိုေနေနရင္း ေဒၚလာ ၄၀၀,၀၀၀ တန္  ကြန္ဒိုခန္း တစ္ခုဝယ္ဖို႔အတြက္ ေခ်းေငြေလွ်ာက္ထားခြင့္ ရခဲ့တယ္။ အဲဒီအခန္းကို အေသးစား ျပဳျပင္မြမ္းမံမႈေတြလုပ္ခဲ့ျပီးတဲ့ေနာက္ တစ္လခြဲေလာက္ၾကာေတာ့ ေဒၚလာ ၆၀၀၀၀၀ နဲ႔ ေရာင္းထုတ္လုိက္ႏိုင္တယ္။ ကၽြန္ေတာ္တို႔ေတာ့ သန္းၾကြယ္သူေဌးျဖစ္နည္းရျပီလို႔ ေတြးမိခဲ့ၾကပါတယ္”

၂။ အသင့္ျပင္၊ ပစ္၊ ခ်ိန္

“ဒါက အစ္ကိုနဲ႔ ကၽြန္ေတာ့္ရဲ႕ ခံယူခ်က္ပါ။ မွန္ပါတယ္။ ဒါက သမားရိုးက် အစီအစဥ္ေတာ့ မဟုတ္ပါဘူး။ ကိုယ့္ေရွ႕ကို အခြင့္အေရးတစ္ခုေရာက္လာတာနဲ႔ အခြင့္အေရးကိုသိဖို႔နဲ႔ ေပ်ာက္မသြားခင္ ပစ္ခ်လိုက္ဖို႔ မူဝါဒပါပဲ။  စြန္႔ဦးလုပ္ငန္းရွင္ ေတြနဲ႔  စကားေျပာျဖစ္တိုင္း ဒီအခ်က္ကို ေတြ႔ေနရပါတယ္။ အခြင့္အေရးရယူလိုက္ျပီး အေကာင္အထည္ေဖာ္ လုပ္ကိုင္ဖုိ႔ထက္ အရာရာျပီးျပည့္စံုေအာင္ ေစာင့္ေနရင္း အခ်ိန္ေတြအမ်ားၾကီးျဖဳန္းၾကတာ ေတြ႔ရပါတယ္”

၃။ အခ်ိန္ဟာေငြ

“ခ်မ္းသာၾကြယ္ဝတဲ့ပုဂၢိဳလ္ေတြအေပၚ ခင္ဗ်ားျပဳမူမိႏိုင္တဲ့ အဆိုးရြားဆံုးကိစၥကေတာ့ သူတို႔ရဲ႕ အခ်ိန္ကို သြားျဖဳန္းမိတာပါ။ခင္ဗ်ားအေနနဲ႔ သက္ဆိုင္ရာနယ္မွာ ကၽြမ္းက်င္ေနဖို႔လိုပါတယ္။ ေလာ့စ္အိန္ဂ်လိ အိမ္ျခံေျမေစ်းကြက္နဲ႔ ပတ္သက္ျပီး အရာရာကို သိေနတဲ့အေပၚ ကၽြန္ေတာ္တို႔ ကိုယ့္ကိုယ္ကို ဂုဏ္ယူမိပါတယ္။ ကၽြန္ေတာ္ဆိုရင္ ေလ့လာမႈေတြကို ဘယ္ေတာ့မွ ရပ္မပစ္လိုက္ပါဘူး။ ကၽြန္ေတာ့္ရဲ႕ ဝက္ဘ္ဆိုက္ MLS (Multiple Listing Service) မွာ ေန႔တိုင္း၊ တစ္ေန႔လံုးအလုပ္လုပ္ပါတယ္။ ခ်မ္းသာၾကြယ္ဝတဲ့သူေတြဟာ ထက္ျမက္တဲ့ လူေတာ္ေတြကို တန္ဖိုးထားၾကတယ္။

၄။ အေသးအဖြဲေလးေတြေၾကာင့္ ၾကီးမားတဲ့အရာေတြ မဆံုးရံႈးပါေစနဲ႔

“ဘယ္လုပ္ငန္းလုပ္ကိုင္သူျဖစ္ပါေစ ကၽြန္ေတာ္ေျပာခ်င္တာက ပိုမိုၾကီးမားတဲ့အရာတစ္ခုကို မွန္းေမွ်ာ္ၾကည့္ပါ။ စိတ္သေဘာထား မေသးသိမ္ပါနဲ႔။ စိတ္သေဘာထားေသးသိမ္တဲ့ ဝန္ထမ္းေတြေၾကာင့္ ၾကီးမားတဲ့အေရာင္းအဝယ္ၾကီးေတြ ပ်က္သြားရတာမ်ဳိးေတြ ကၽြန္ေတာ္အျမဲေတြ႔ေနရပါတယ္။ ေဒၚလာ ၂၀၀,၀၀၀ ေလာက္ ေကာ္မရွင္ခရဖို႔မွာ ေဒၚလာ ၂၅၀၀၀ ေလာက္အတြက္နဲ႔ ပ်က္စီးသြားရတာမ်ဳိးေတြ…။ ဒါေၾကာင့္ လက္ရွိအခ်ိန္မွာ ဝင္ေငြနည္းတာကိုပဲ မၾကည့္ပါနဲ႔လို႔ ေျပာခ်င္ပါတယ္”

(ကင္မ္ ကာဒါရွီယန္၏ ယံုၾကည္စိတ္ခ်မႈအရွိဆံုး အက်ဳိးေဆာင္လုပ္ငန္းရွင္၊ ကုမၸဏီတစ္ခု၏ အီးေမးလ္ဌာန ဝန္ထမ္းဘဝမွ သန္းေပါင္းမ်ားစြာတန္ေၾကးရွိ အိမ္ျခံေျမမ်ား ေရာင္းခ်သူဘဝသို႔)

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘဲအဲရဲ အရပ္ရွိ ကင္မ္ ကာဒါရွီယန္ႏွင့္ ကင္ေညးဝက္စ္တို႔ပိုင္ဆိုင္ေသာ စံအိမ္ၾကီးကို ကန္ေဒၚလာ ၁၇ ဒသမ ၈ သန္းျဖင့္ ေရာင္းခ်ေပးလိုက္ႏိုင္ျခင္းမွာလည္း ဂ်ဳိ႕ရွ္ အဲ့တ္မန္း၏ မ်ားစြာေသာ အေရာင္းအဝယ္ျဖစ္မႈမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္ခဲ့သည္။

အဆိုပါေနအိမ္ၾကီးမွာ ေနအိမ္ တစ္လံုးအသြင္ထက္ အဆင့္ျမင့္ ပန္းခ်ီျပခန္းတစ္ခုႏွင့္ ပိုမိုအလားတူေနသည္။

ဂ်ဳိ႕ရွ္သည္ ကင္မ္ ကာဒါရွီယန္၏ လက္စြဲေတာ္အက်ဳိးေဆာင္ျဖစ္ေနခဲ့သည္မွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ ရွိခဲ့ျပီ ျဖစ္သည္။

ဂ်ဳိ႕ရွ္ အဲ့တ္မင္ႏွင့္ အစ္ကိုျဖစ္သူ မက္ထ္တို႔ တည္ေထာင္ထားေသာ အိမ္ျခံေျမကုမၸဏီသည္ လက္ရွိအားျဖင့္ နာမည္ေက်ာ္ အိမ္ျခံေျမ ကုမၸဏီၾကီး Douglas Elliman ႏွင့္ ပူးေပါင္းထားသည္။

Douglas Elliman သည္ အေမရိကန္တစ္ႏိုင္ငံလံုးတြင္ လုပ္ငန္းမ်ား ျဖန္႔က်က္ထားသည့္ ကုမၸဏီၾကီးျဖစ္ျပီး ႏွစ္စဥ္ အိမ္ျခံေျမ ကန္ေဒၚလာ သန္း ၄၀၀ ဖိုးေရာင္းခ်ေပးလ်က္ရွိသည္။

နယ္ပယ္စံု ဝယ္လက္မ်ားအတြက္ ဝန္ေဆာင္မႈေပးလ်က္ရွိရာ အထူးသျဖင့္ အေက်ာ္အေမာ္မ်ား၊ အားကစားသမားမ်ား၊ နည္းပညာနယ္မွ သူေဌးၾကီးမ်ားႏွင့္ အမႈေဆာင္အရာရွိခ်ဳပ္မ်ားအတြက္ တန္ဖိုးၾကီးဇိမ္ခံလူေနအိမ္ၾကီးမ်ား အေရာင္းအဝယ္ျပဳလုပ္ေပးျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တို႔က အသင့္ျပင္၊ ပစ္၊ ခ်ိန္..ဆိုတဲ့ မူဝါဒနဲ႔ ေနပါတယ္။ အသင့္ျပင္၊ ခ်ိန္ရြယ္၊ ပစ္..ဆိုတာနဲ႔ ျခားနားပါတယ္။ ေရွ႕မွာ အခြင့္အလမ္းေပၚလာတာနဲ႔ သိေအာင္ ကိုယ့္ကိုယ္ကို ေလ့က်င့္ထားတယ္။ အိမ္ျခံေျမအေရာင္းအဝယ္ပဲျဖစ္ျဖစ္၊ တျခားဘယ္လိုကိစၥပဲ ျဖစ္ျဖစ္…အခြင့္အေရးေပၚလာတာနဲ႔ ပစ္လိုက္ဖို႔လိုပါတယ္။ ႏွစ္ခါစဥ္းစားမေနပါဘူး” အဲ့တ္မင္က အဆိုပါနည္းဗ်ဴဟာကို ကင္မ္ကာဒါရွီယန္၏ ေနအိမ္ကို ေရာင္းခ်ေရးတြင္ အသံုးျပဳခဲ့သည္။

ေနအိမ္ၾကီး၏ တမူထူးျခားေသာအလွေဗဒႏွင့္ သဟဇာတျဖစ္မည့္ ဇိမ္ခံေနအိမ္ဝယ္လက္မ်ားကို ျပသခဲ့သည္။

ယူကရိန္း ပရဟိတသမားတစ္ဦးျဖစ္ျပီး ဂီတနယ္အတြင္း စတင္ေျခခ်ရန္ စိတ္ဝင္စားေနသူ မာရီယြန္ အက္တန္ကို ေတြ႔လိုက္ေသာအခါ မာရီယြန္ အက္တန္၏ ဂီတပိုးဝင္ေနမႈကိုသိလိုက္ျပီး အခြင့္အေရးတစ္ခုေပၚျပီဟု သိလိုက္သည္။

ကင္မ္ကာဒါရွီယန္ကလည္း ေနအိမ္ကို ကိုယ္တိုင္လိုက္လံျပသခဲ့ရာ ေနာက္ဆံုးတြင္ မာရီယြန္က ဝယ္ယူလိုက္ေတာ့၏။

“ကင္မ္က သိပ္အကင္းပါးတယ္။ ဒီလိုကိုယ္တိုင္ အိမ္ျပတာ၊ ၾကည့္တာဟာ ပထမဆံုးအၾကိမ္မဟုတ္ေသးပါဘူး။ အိမ္ဝယ္တိုင္းမွာ သူက ဒီတိုင္းပဲလုပ္တယ္။ သူဘာလုပ္ေနတယ္ဆိုတာ သူေကာင္းေကာင္းသိတယ္။ ဒီေတာ့ ကၽြန္ေတာ္က ေနာက္ဆုတ္ေနျပီး နားေထာင္ေနရံုပါပဲ”ဟု အဲ့တ္မန္းက ဆိုသည္။

အိမ္ျခံေျမေလာကတြင္ အထြတ္အထိပ္သို႔ ေရာက္ရွိခဲ့ျပီးေနာက္ပိုင္း အဲ့တ္မင္သည္ ဘရာဗို ရုပ္သံလိုင္းမွ ထုတ္လႊင့္ေသာ Million Dollar Listing Los Angeles တြင္ ႏွစ္ေပါင္းမ်ားစြာ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ထို႔ေၾကာင့္လည္း မိမိကို ပိုမိုလူသိမ်ားလာေၾကာင္း အဲ့မင္က ဆိုသည္။

အဲ့မင္ ၾကိမ္ဖန္မ်ားစြာ ေျပာခဲ့ဖူးသည္တစ္ခုမွာ မိမိႏွင့္ အစ္ကိုျဖစ္သူတို႔သည္ ေဖာက္သည္မ်ား၏ အခ်ိန္ႏွင့္ေငြကို မိမိ၏ အခ်ိန္၊ ေငြမ်ားအလား အေလးထားေဆာင္ရြက္ေၾကာင္း ေျပာခဲ့ဖူးသည္။

အဲ့တ္မင္ညီအစ္ကိုမ်ားအတြက္ ယေန႔အေျခအေနမ်ဳိးကို လြယ္လြယ္ကူကူေရာက္ရွိခဲ့ျခင္းမဟုတ္ေခ်။

(ေလာ့စ္အိန္ဂ်လိသုိ႔ ေျပာင္းေရႊ႕လာျပီးေနာက္ အီးေမးလ္ဆက္သြယ္ေရးဝန္ထမ္းအျဖစ္ လုပ္ကိုင္ခဲ့ရာတြင္ ၎ေလးစားသည့္ မန္ေနဂ်ာမ်ားထံမွ သင္ယူေလ့လာမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ လစာေငြ၏ တစ္ဝက္ကို စားစရာမ်ား၊ ေကာ္ဖီမ်ား ဝယ္ေပးကာ သံုးစြဲခဲ့ရသည္။ ယင္းေနာက္ ၂၀၀၇ ခုႏွစ္ အေမရိကန္စီးပြားေရးျပိဳလဲမႈၾကီးမေပၚေပါက္ေသးမီ၌ အိမ္ျခံေျမက႑သို႔ ဝင္ခဲ့ရာ ေအာင္ျမင္မႈမ်ား ရလာျခင္း ျဖစ္သည္။)

အသက္ ၂၆ ႏွစ္အရြယ္မွာ ကၽြန္ေတာ္တို႔ သန္းၾကြယ္သူေဌးေတြ ျဖစ္ခဲ့တယ္။ ေနာက္ ၆ လေလာက္ၾကာေတာ့ ကုန္းေကာက္စရာမရွိေအာင္ ျပန္ျဖစ္သြားခဲ့ပါတယ္” ဟု ဂ်ဳိ႕ရွ္က အတိတ္ကို ေတြးဆရင္း ေျပာၾကားဖူးသည္။

ထိုႏွစ္မ်ားအတြင္း အမွားမ်ားမွ သင္ခန္းစာယူျခင္း၊ ေလ့လာျခင္းမ်ား ၾကီးမားစြာျပဳလုပ္ခဲ့သည္။

အိမ္ျခံေျမေလာကအတြင္း သိကၽြမ္းသူအားလံုးထံ လိုက္လံေမးျမန္းကာ အၾကံဥာဏ္မ်ား ရယူ၏။ ယင္းေနာက္ မိမိတို႔၏ အေကာင္းဆံုး အားသာခ်က္ကို အေျဖရွာရာ ေပါင္းသင္းဆက္ဆံေရးဘက္တြင္ အားသာေၾကာင္း သိလာသည္။

ထို႔ေၾကာင့္ပင္ ကင္မ္ကာဒါရွီယန္အပါအဝင္ နာမည္ေက်ာ္ ၾကယ္ပြင့္မ်ားစြာ၏ အိမ္ျခံေျမမ်ားကို အဓိက ေရာင္းဝယ္ေပးေနသူတစ္ဦး ျဖစ္လာခဲ့ျခင္း ျဖစ္သည္။ ယခုအခ်ိန္တြင္ အဲ့တ္မင္မွာ ေနအိမ္စတင္ဝယ္ယူမည့္သူမ်ားအတြက္ တန္ဖိုးသင့္ေနအိမ္မ်ားမွ ကန္ေဒၚလာ သန္း ၁၀၀ ခန္႔တန္ေၾကးရွိသည့္ ေနအိမ္ၾကီးမ်ားအထိ အက်ဳိးေဆာင္ေရာင္းခ်ေပးလ်က္ရွိေနျပီ ျဖစ္သည္။

“ကၽြန္ေတာ့္ဘဝရဲ႕ ေအာင္ျမင္မႈ၊ က်ရံႈးမႈေတြကို ျပန္ၾကည့္လိုက္တဲ့အခါ လူတိုင္းလုပ္တတ္ၾကတဲ့ အမွားမ်ဳိးေတြ အမ်ားၾကီး က်ဴးလြန္ခဲ့တာ ျပန္ေတြ႔ပါတယ္။ ကၽြန္ေတာ္ျပန္ေျပာျဖစ္တာကေတာ့ ဘယ္လိုျပန္ျပီး ရုန္းထခဲ့လဲ ဆိုတာပါ”

(အသက္ ၂၆ ႏွစ္အရြယ္တြင္ သန္းၾကြယ္သူေဌးျဖစ္လာျပီး ၆ လအတြင္း အရာရာဆံုးရံႈးသြားခဲ့ရသူ)

(Million Dollar Listing Los Angeles ရုပ္သံအစီအစဥ္)

အေမရိကန္ျပည္တြင္ Bravo အမည္ရွိ ရုပ္သံလိုင္းရွိျပီး အဆိုပါရုပ္သံလိုင္းမွ ထုတ္လႊင့္ျပသလွ်က္ရွိေသာ Million Dollar Listing Los Angeles ဟူေသာ အစီအစဥ္ကို ၂၀၀၆ ခုႏွစ္၊ ၾသဂုတ္လ ၂၉ ရက္တြင္ စတင္ထုတ္လႊင့္ျပသခဲ့သည္။

ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ ကမၻာေက်ာ္ၾကယ္ပြင့္မ်ား၊ သူေဌးၾကီးမ်ား အေျခခ်ရာ ဘီဗာလီေဟးလ္၊ ေဟာလိဝုဒ္ႏွင့္ မာလီဘူးအရပ္တို႔တြင္ အေျခခ်သည့္ အိမ္ျခံေျမအက်ဳိးေဆာင္တို႔၏ ဘဝကို ရိုက္ကူးျပသျခင္းျဖစ္သည္။

အဆိုပါ အစီအစဥ္ကို ၾကည့္ရႈသူမ်ားအေနျဖင့္ ေလာ့စ္အိန္ဂ်လိ၏ တန္ဖိုးၾကီးထိပ္တန္းစံအိမ္ၾကီးမ်ားႏွင့္ ယင္း၏ေစ်းကြက္အေၾကာင္း အတြင္းက်က် သိခြင့္ရမည္ ျဖစ္သည္။

ႏွစ္အလိုက္၊ season အလိုက္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ား ေျပာင္းလဲကာ ပါဝင္သရုပ္ေဆာင္ခဲ့ၾကသည္။

ဂ်ဳိ႕ရွ္ အဲ့တ္မင္သည္ Million Dollar Listing Los Angeles အစီအစဥ္တြင္ ၂၀၁၁ ခုႏွစ္တြင္ စတင္ပါဝင္သရုပ္ေဆာင္ခဲ့ျခင္းျဖစ္ျပီး စတုတၳေျမာက္ season ျဖစ္သည္။

ထိုအခ်ိန္မွစတင္ျပီး ယေန႔တိုင္ေအာင္ ပါဝင္သရုပ္ေဆာင္လ်က္ရွိသည္။

The Altman Brothers ကုမၸဏီသည္ ကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံေက်ာ္ တန္ေၾကးရွိေသာ အိမ္ျခံေျမမ်ား ေရာင္းခ်ေပးခဲ့ျပီးျဖစ္ကာ အိပ္ခန္းတစ္ခန္းသာ ပါဝင္သည့္ လူေနခန္းတစ္ခုကို ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ေရာင္းခ်ေပးခဲ့ျပီး သမိုင္းတစ္ေလွ်ာက္ေစ်းအၾကီးဆံုး ေနအိမ္အျဖစ္ စံခ်ိန္တင္သည့္ အေရာင္းအဝယ္လည္း အပါအဝင္ ျဖစ္သည္။ လြန္ခဲ့ေသာ ၂ ႏွစ္က အဲ့တ္မင္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၀ သန္းခန္႔ ရွိခဲ့ျပီး ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ခန္႔မွန္းခ်က္မ်ားအရ ကန္ေဒၚလာ သန္း ၂၀ ခန္႔ၾကြယ္ဝေၾကာင္း ခန္႔မွန္းၾကသည္။

“ကၽြန္ေတာ္တို႔ဟာ အဲဒီျမတ္စြန္းလာတဲ့ ေငြေတြကို ပိုမိုၾကီးမားတဲ့ အိမ္ျခံေျမေတြမွာ အဆင့္ဆင့္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ လုပ္ခဲ့ပါတယ္။ ၂၀၀၇ ၊ ၂၀၀၈ ခုႏွစ္မွာ အေမရိကန္စီးပြားေရးျပိဳလဲသြားခ်ိန္ ကၽြန္ေတာ့္မွာ ရွိသမွ် အရာအားလံုး ဆံုးရံႈးသြားခဲ့တယ္။ အဲဒီတုန္းက ကၽြန္ေတာ္ ေတြးခဲ့မိတာက …ငါေတာ့ အခုလိုအေျခအေနမ်ဳိးကို ဘယ္ေတာ့မွ ျပန္မေရာက္ႏိုင္ေတာ့ဘူး…လို႔ ေတြးခဲ့မိတယ္။

“ဒါေပမယ့္ အခုအခ်ိန္မွာ ျပန္ျပီးသံုးသပ္ၾကည့္ေတာ့ ဒီအျဖစ္အပ်က္ဟာ ကၽြန္ေတာ္ေတြ႔ၾကံဳခဲ့တာေတြထဲက အေကာင္းဆံုးသင္ခန္းစာ တစ္ခုျဖစ္တယ္ဆိုတာ ဆင္ျခင္မိတယ္”

“ရွာႏိုင္တဲ့ေငြထက္ ပိုမသံုးတာဟာ ရိုးစင္းတဲ့အေျခခံသေဘာတရားတစ္ခုပါ။ ဒါေပမယ့္ လူေပါင္းမ်ားစြာ ရုန္းကန္ေနရတဲ့အခ်က္လည္း ျဖစ္ပါတယ္။ အေမရိကန္လူမ်ဳိးမ်ားစြာဟာ ေၾကြးဝယ္ကဒ္ အေၾကြးႏြံထဲမွာ နစ္ျမဳပ္ေနတဲ့ အေၾကာင္းရင္းတစ္ခုလည္းျဖစ္ျပီး သူတို႔ရဲ႕ အနားယူခ်ိန္ စုေငြစာရင္းေတြမွာ စုထားႏိုင္တဲ့ပမာဏ အလြန္နည္းပါးလွျပီး တခ်ဳိ႕ဆို လံုးဝမရွိတာမ်ဳိး ေတြ႔ရပါတယ္” အဲ့တ္မင္သည္ မိမိတတ္ႏိုင္သည္ထက္ ပိုမိုဝယ္ယူျခင္း၏ အက်ဳိးဆက္မ်ားကို အေလးအနက္ေလ့လာခဲ့၏။ ယခုအခ်ိန္တြင္ကား မိမိကိုယ္ကို အရင္ေပးသည္ဟု ဆိုသည္။

“ေငြရလာျပီဆိုတာနဲ႔ အဲဒါကို ကၽြန္ေတာ္က တစ္ဝက္ခြဲလိုက္ပါတယ္။ အဲဒီတစ္ဝက္ကို ကၽြန္ေတာ္လံုးဝမတို႔မထိဘဲထားတဲ့ ဘဏ္စာရင္းတစ္ခုထဲကို ထည့္တယ္။ ဒါက ကၽြန္ေတာ့္ရဲ႕ နံပါတ္ ၁ စည္းမ်ဥ္းပဲ။ ကၽြန္ေတာ့္မွာ ကိုင္တြယ္လည္ပတ္သံုးစြဲေနတဲ့ ေငြအျပင္ တျခားပိုင္ဆိုင္ထားမႈရွိေသးတယ္ဆိုတာ အေတြးထဲေတာင္ ေပၚမလာပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီဘဏ္စာရင္းက ကၽြန္ေတာ္ၾကည့္ေတာင္ မၾကည့္ဖူးတဲ့ စာရင္းျဖစ္ေနလို႔ပါပဲ”

(ေဒၚလာ ၁၁ သန္းတန္ေနအိမ္ကို ၁၀ နာရီအတြင္း ေရာင္းထြက္ေအာင္ ၾကိဳးပမ္းခဲ့)

ဂ်ဳိ႕ရွ္သည္ တစ္ခါက ကန္ေဒၚလာ ၁၁ သန္းတန္ ေနအိမ္တစ္လံုးကို ရုပ္ရွင္သရုပ္ေဆာင္ တိုင္လာ ပယ္ရီထံ ၁၀ နာရီအတြင္း ေရာင္းထြက္ေအာင္ စြမ္းေဆာင္ခဲ့ဖူးသည္။

“လူအမ်ားစုက ေျပာၾကတယ္။ ဒါမ်ဳိးက ကံေကာင္းလို႔ပါကြာ…တဲ့။ မဟုတ္ပါ။ ဒါဟာ ေနရာေကာင္း၊ အခ်ိန္ေကာင္းမွာ ကိုယ့္ကိုယ္ကို ရွိေနေအာင္ လုပ္ေဆာင္ႏိုင္လို႔ ျဖစ္ပါတယ္။ ဒါဟာ ၾကက္ကန္းဆန္အိုးတိုးတာ မဟုတ္ပါဘူး။ ကၽြန္ေတာ္ဟာ Starbucks ဆိုင္တစ္ခုတည္းကို မနက္တိုင္းသြားပါတယ္။ ဒီလိုသြားရတာ ကၽြန္ေတာ့္မွာ ရည္ရြယ္ခ်က္ရွိပါတယ္။ ေကာ္ဖီအရသာခံဖို႔ သြားေနတာ မဟုတ္ပါဘူး” ဟု ဂ်ိဳ႕ရွ္က ထုတ္ေဖာ္ေျပာျပသည္။

“ကၽြန္ေတာ့္ေဖာက္သည္ေတြဟာ ဘယ္လိုလူမ်ဳိးေတြလဲဆိုတာ ကၽြန္ေတာ္သိတာေၾကာင့္ သူတို႔နဲ႔ နီးစပ္ႏိုင္ေအာင္ ၾကိဳးစားေနတာ ျဖစ္ပါတယ္။ ဘီဗာလီေဟးလ္မွာ ေနတဲ့ ဘီလ်ံနာေတြ၊ အေက်ာ္အေမာ္ေတြဟာ ဒီဆိုင္ကို သြားေလ့ရွိတယ္ဆိုတာ ကၽြန္ေတာ္ သိထားပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္အတြက္ ကံေကာင္းမႈေတြ ေရာက္လာေစမယ့္ ေနရာမ်ဳိးမွာ ကိုယ့္ကိုယ္ကို ထားရွိရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ၾကက္ကန္းဆန္အိုးတိုးတာ မဟုတ္ဘူးလို႔ ေျပာတာပါ”

တိုင္လာ ပယ္ရီထံ ေဒၚလာ ၁၁ သန္းတန္ ေနအိမ္ ေရာင္းခ်ႏိုင္ခဲ့ျခင္းမွာလည္း မိမိ၏ မူဝါဒျဖစ္ေသာ “အသင့္ျပင္၊ ပစ္၊ ခ်ိန္”ဟူသည့္ မူအတိုင္း အေကာင္အထည္ေဖာ္ခဲ့ျခင္း ျဖစ္ေၾကာင္း ဂ်ဳိ႕ရွ္က ေျပာၾကားသည္။

တစ္မနက္တြင္ အားကစားေလ့က်င့္ေရးခန္းမ၌ ရွိေနစဥ္ ဂ်ဳိ႕ရွ္က သူ႔ေဘးတြင္ တိုင္လာပယ္ရီရွိေနသည္ကို ေတြ႔လိုက္ရ၏။

သို႔ႏွင့္ တိုင္လာပယ္ရီထံ စကားသြားေျပာရမည္ေလာ၊ မေျပာရမည္ေလာကို ေခတၱဆိုင္းငံ့ ေတြေဝေနျပီး ေနာက္ပိုင္းတြင္ သူ၏ မူအတိုင္း ခ်ိန္မေနေတာ့ဘဲ “ပစ္” အဆင့္သို႔ ေရြးခ်ယ္လိုက္ကာ သြားေရာက္စကားေျပာလိုက္၏။

ထိုေန႔ နံနက္ ၁၀ နာရီတြင္ အဲ့တ္မင္သည္ တိုင္လာပယ္ရီကို ေနအိမ္ျပသေနျပီျဖစ္ျပီး ညေန ၅ နာရီတြင္ကား ကန္ေဒၚလာ ၁၁ သန္းျဖင့္ အျပီးသတ္ေရာင္းခ်ႏိုင္ခဲ့သည္။

“ကိုယ့္ကိုယ္ကို ကံေကာင္းေအာင္လုပ္ပါ (သို႔မဟုတ္) ကံေကာင္းမယ့္လမ္းကို ေရြးခ်ယ္ပါ။ ဒီမူကို ခင္ဗ်ားတို႔ေလွ်ာက္လွမ္းေနတဲ့ ဘယ္လုပ္ငန္းနယ္မွာမဆို က်င့္သံုးလို႔ရပါတယ္” ဟု အဲ့တ္မင္က ေျပာၾကားသည္။

ယေန႔တြင္ကား ဂ်ဳိ႕ရွ္ အဲ့တ္မင္သည္ အေမရိကတြင္သာမက ႏိုင္ငံတကာတြင္ပါ ထင္ရွားေသာ အိမ္ျခံေျမအက်ဳိးေဆာင္၊ သန္းၾကြယ္သူေဌးတစ္ဦး ျဖစ္ေနျပီ ျဖစ္သည္။

(ဂ်ဳိ႕အဲ့တ္မင္၏ အခ်က္အလက္မ်ား)

ေမြးေန႔- ၁၉၇၉ ခုႏွစ္၊ မတ္လ ၁၀ ရက္

အသက္ - ၄၀ ႏွစ္ ၁ လ

ႏိုင္ငံသား- အေမရိကန္

လုပ္ငန္း- အိမ္ျခံေျမအက်ဳိးေဆာင္

အိမ္ေထာင္ေရး- အိမ္ေထာင္ရွိ

အိမ္ေထာင္ဖက္အမည္- ဟီသာ အဲ့တ္မင္ (၂၀၁၆ တြင္ လက္ထပ္)

ၾကြယ္ဝမႈ - ကန္ေဒၚလာ သန္း ၂၀ ( ခန္႔မွန္း)

လူမ်ဳိး-အစၥေရး

ရင္ေသြး- အလက္ဇစ္ ကယ္ရီ အဲ့တ္မင္ (သမီး)

အရပ္အျမင့္- ၅ ေပ ၉ လက္မ

ပညာေရး- ဆက္ဆံေရးပညာဘြဲ႔

မိဘမ်ား- အလန္ အဲ့တ္မင္ (ဖခင္)၊ ဂ်ဴးဒစ္ အဲ့တ္မင္ (မိခင္)

ေမြးခ်င္း- မက္ထ္ အဲ့တ္မင္ (အစ္ကို)

အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ငန္းသည္ အရင္းအႏွီးအနည္းဆံုးႏွင့္ အက်ဳိးအျမတ္အမ်ားဆံုး လုပ္ငန္းတစ္ခုျဖစ္၏။

အရင္းအႏွီးမရွိဟု ညဥ္းညဴေနသူမ်ား လုပ္ကိုင္ၾကည့္သင့္လွသည္။

လြန္ခဲ့ေသာ ၃ ႏွစ္ခန္႔က ဒဂံုျမိဳ႕သစ္ေျမာက္ပိုင္း၏ တစ္ခုေသာ ရပ္ကြက္ကေလးတြင္ က်ဴးေက်ာ္တဲကေလးတစ္ခု၌ ေနထိုင္ေသာ အသက္ ၆၀ အရြယ္ အဘြားအိုတစ္ဦးကို ေတြ႔ခဲ့ဖူးသည္။ အဆိုပါ အဘြားအိုသည္ မိမိ၏ အၾကံေပးမႈျဖင့္ ရပ္ကြက္အတြင္းရွိ ေရာင္းရန္၊ ငွားရန္ရွိသည့္ အိမ္ျခံေျမမ်ားကို စံုစမ္း၏။ ထို႔ေနာက္ သူ၏ တဲကေလးေရွ႕တြင္ အိမ္ငွားရန္ရွိသည္၊ ေရာင္းရန္ရွိသည္ ။ ဆက္သြယ္ရန္ဖုန္း-----ဟူေသာ ေၾကာ္ျငာကေလးကို ပလတ္စတစ္ေလာင္းကာ ခ်ိတ္ဆြဲထား၏။

ယင္းေနာက္ ထီးအစုတ္ၾကီးတစ္လက္ျဖင့္ ေနပူက်ဲက်ဲေအာက္တြင္ အိမ္ျခံေျမမ်ား လိုက္လံျပသေနခဲ့သည္။ ေနာက္ပိုင္းတြင္ အျခားရပ္ကြက္မ်ားမွ အိမ္ျခံေျမမ်ားအထိ နယ္ပယ္က်ယ္ျပန္႔စြာ လုပ္ကိုင္လာခဲ့သည္။

မၾကာေသးမီရက္ပိုင္းက ထိုရပ္ကြက္ကေလးသို႔ ေရာက္ရွိသြားရာ အဆိုပါအဘြားအိုမွာ ရပ္ကြက္အတြင္းတြင္ ျခံကြက္ ၃ ခု ပိုင္ဆိုင္ေနျပီ ျဖစ္ျပီး ယခင္က က်ဴးေက်ာ္တဲတြင္ ေနထိုင္ရသည့္ဘဝမ်ဳိးမွ ယခုအခါ ပ်ဥ္ေထာင္အိမ္ကေလးတစ္လံုးျဖင့္ ေနထိုင္လ်က္ရွိေနျပီ ျဖစ္သည္ကို ဝမ္းေျမာက္ဖြယ္ရာ ေတြ႔ခဲ့ရပါသည္။

iMyanmarHouse.com အိမ္ျခံေျမ ဝက္ဘ္ဆိုက္ၾကီးသည္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ား၊ ကန္ထရိုက္တာမ်ား၊ ေဆာက္လုပ္ေရး ကုမၸဏီမ်ား (developer) မ်ားကို အကူအညီေပးလ်က္ရွိသည့္ ဝက္ဘ္ဆိုက္ၾကီးျဖစ္ျပီး အိမ္ျခံေျမ ေရာင္းဝယ္ငွား ေၾကာ္ျငာမ်ားကို မိမိကိုယ္တိုင္ အေကာင့္ဖြင့္လွစ္ကာ၊ ေၾကာ္ျငာမ်ား၊ ဓာတ္ပံုမ်ားကိုလည္း မိမိကိုယ္တိုင္ တင္ႏိုင္သည့္ ဝက္ဘ္ဆိုက္ၾကီး ျဖစ္ပါသည္။

အရင္းအႏွီးနည္းပါးသည့္ အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ငန္း လုပ္ကိုင္ရင္း ျမန္မာႏိုင္ငံသားတိုင္း ေနအိမ္ပိုင္ဆိုင္ႏိုင္ၾကပါေစေၾကာင္း iMyanmarHouse.com မွ ဆုမြန္ေကာင္းေတာင္းအပ္ပါသည္။

အသက္ (၃၀) အရြယ္ျဖင့္ မီလ်ံနာျဖစ္ခဲ့ေသာ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ တည္ေထာင္သူျဖစ္သည့္ ကိုေနမင္းသူ၏ ဘဝဇာတ္ေၾကာင္းကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ လူဦးေရ (၂.၄) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္  ဤေနရာကို  ႏွိပ္ပါ

အိမ္ဝယ္ဖို႔အတြက္ ေငြလိုေနပါသလား? ကိုယ္ပိုင္အိမ္တစ္လံုး ပိုင္ဆိုင္ခ်င္ပါသလား? အိမ္ရာေခ်းေငြ ရွိတယ္ေလ။ အိမ္ရာေခ်းေငြ (Home Loan Application) ေလွ်ာက္ထားရန္အတြက္ ဤေနရာကို ႏွိပ္ပါ

ဘဏ္ႏွင့္ခ်ိတ္ဆက္ၿပီး ကိုယ္ပိုင္ေျမေပၚတြင္ အိမ္ေဆာက္လုပ္လိုသူမ်ားအတြက္ အထူးအခြင့္ အေရးရွိပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service