မိတ္တီလာမြို့ပေါ်ရပ်ကွက် (၇)ခုအတွင်း ဂရန်ထုတ်ပေးနိုင်ရန် မြေတိုင်းမည်

မိတ္တီလာမြို့ပေါ်ရပ်ကွက် (၇)ခုအတွင်း ဂရန်ထုတ်ပေးနိုင်ရန် မြေတိုင်းမည် - Property News in Myanmar from iMyanmarHouse.com
24 Apr 2019 11:45 am တွင် တင်ခဲ့သည်
857 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးတိုင်း မိတ္တီလာမြို့တွင်ရှိ မြို့ပေါ်ရပ်ကွက် (၁၄) ခု ရှိရာတွင် ရပ်ကွက်ခုနစ်ခုအတွင်းရှိ မြေ ၈၂၇ ဧကကို မြေငှားဂရန်ထုတ်ပေးနိုင်ရန် မြေတိုင်းတာခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က ပြောကြားသည်။

“မိတ္ထီလာမြို့နယ်မှာ မြို့တွင်းလယ်ယာမြေ ဖြစ်နေတာ ဧရိယာ (၈၂၇) ဧက ရှိတယ်။ မြို့မြေ အဖြစ်ခွင့်ပြုချက်က ကျပြီးသား။ ဒါပေမဲ့ လယ်ယာမြေ အခြားနည်းခွင့်ပြုချက်မကျသေးတဲ့အတွက် မြို့တွင်းလယ်ယာမြေအဖြစ် ကျန်နေတာ။ ဒီမြို့တွင်းလယ်ယာမြေတွေကို မြေတိုင်းတာမယ်ဆိုရင် ကုန်ကျစရိတ်က (ကျပ်) ၂၅၃ သိန်း။ ဒီ ၂၅၃ သိန်းကိုလည်း သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနက ရန်ပုံငွေရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။ အဓိကကတော့ သူတို့ငွေလည်း မကျသေးဘူး။ ခွင့်တော့ခွင့်ပြုတယ် အစိုးရအဖွဲ့က လုပ်လို့ ပြောထားပြီးပြီ”ဟု ၎င်းက ပြောကြားသည်။

မြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် ပထမအဆင့်အဖြစ် မြေတိုင်းတာရန် မြို့နယ်အုပ်ချုပ်ရေးမှူးက နယ်နိမိတ်သတ်မှတ်ရေးအရာရှိ၊ မြို့နယ်မြေစာရင်းဦးစီးမှူးက နယ်နိမိတ်ကြပ်မတ်ရေး အရာရှိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်လံစိစစ်ပြီး စည်းကမ်းနှင့်ညီညွတ်လျှင် ဂရမ်ထုတ်ပေးမည်ဖြစ်ကြောင်း ဦးချမ်းငြိမ်းအောင်က ပြောကြားသည်။

မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည့် ရပ်ကွက်ခုနစ်ခုမှာ ရန်မျိုးအောင်၊ ကျီတော်ကုန်း၊ အောင်ဇေယျာ၊ ပေါက်ချောင်း၊ နန်းတော်ကုန်း၊ ဝန်ဇင်း၊ အောင်ဇေယျာရပ်ကွက်တို့ဖြစ်ပြီး စုစုပေါင်း (၈၂၇) ဧကအတွင်း တိုက် (၁၅၆၀) လုံး၊ ပျဉ်ထောင်အိမ်က (၁၀၇) အိမ်၊ ထရံအိမ် (၅၉၇၈) အိမ်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

“တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်တင်တယ်ကြားလို့ သတင်းတွေရှာပြီးဖတ်တယ်။ ကျွန်တော်က အခုစားသောက်ဆိုင်လုပ်ငန်းလုပ်တယ်။ မြေဂရမ်က မထွက်သေးဘူး။ ဟိုတယ်ထပ်ဆောက်ဖို့ ထပ်ပြီးရင်းနှီးမြုပ်နှံဖို့ ငွေမရှိတာ ဂရမ်မရှိလို့ ဘဏ်ပေါင်ချင်ရင်တောင် ပေါင်လို့မရဘူး။ အဲဒါကြောင့် မြေဂရမ်ကို စိတ်လည်းဝင်စားတယ်။ လိုလည်း လိုချင်တယ်။ သူတို့ လာစစ်ပြီးရင်တော့ ကိုယ့်ဘာသာကိုယ် ဂရမ်သွားလျှောက်ရမှာပေါ့။ ဂရမ်ထုတ်ပေးဖို့ လုပ်ငန်းတွေ အမြန်ဆုံးလုပ်နိုင်ရင်တော့ ကျွန်တော်တို့ မြို့ခံလူထု အများကြီး အဆင်ပြေသွားမယ်”ဟု မိတ္တီလာမြို့ သီရိမင်္ဂလာရပ်ကွက်နေ ဦးကျော်က ဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န

ဒေါ်လာဈေးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ အလျင်အမြန်တည်ဆောက်နေရ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်

ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service