Face/Off နှင့် Mission: Impossible 2 ရုပ်ရှင်ဇာတ်ကားများဖြင့် လူသိများသူ ဒါရိုက်တာ ဂျွန်ဝူး၏ လော့စ်အိန်ဂျလိနေအိမ် ရောင်းထွက်

Face/Off နှင့် Mission: Impossible 2 ရုပ်ရှင်ဇာတ်ကားများဖြင့် လူသိများသူ ဒါရိုက်တာ ဂျွန်ဝူး၏ လော့စ်အိန်ဂျလိနေအိမ် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
23 Apr 2019 11:35 am တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် တရုတ်နိုင်ငံသား၊ ဟောင်ကောင်ရုပ်ရှင် ဒါရိုက်တာ၊ သရုပ်ဆောင် ဂျွန်ဝူးက အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိရှိ နေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄၂ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

ဂျွန်ဝူးသည် အဆိုပါနေအိမ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် အရောင်းကွက်တင်ထားခဲ့ပြီး ရောင်းမထွက်ခဲ့ဘဲ ယခုအခါ ကန်ဒေါ်လာ ၂ သန်းကျော် လျှော့ချပေးလိုက်မှ ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။

ဈေးကွက်တင်ပေးသည့်အကျိုးဆောင်များမှာ Coldwell Banker မှ အလီ ရာဆက်ခီနှင့် Omega Realty Co. မှ တိုနီယာတို့ ဖြစ်ကြပြီး တိုနီယာမှာ ဝယ်လက်ဘက်မှ အကျိုးဆောင်ဖြစ်သည်။

ဝယ်လက်မည်သူဖြစ်သည်ကိုမူ မသိရသေးဘဲ ဂျွန်ဝူး၏ လော့စ်အိန်ဂျလိအခြေစိုက် Lion Rock Productions ကုမ္ပဏီကလည်း သတင်းစုံစမ်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်း မရှိသေးဟုဆိုသည်။

မစ္စတာ ရာဆက်ခီက ပြောကြားရာတွင် ပစိဖိတ်ပါလစ်ဆိတ်၌ တန်ဖိုးကြီးဒေသတစ်ခုဖြစ်သော Riviera ရှိ နေအိမ်ကို ဂျွန်ဝူး ဝယ်ယူခဲ့ ရခြင်း၏ အကြောင်းရင်းမှာ စည်းရိုးခတ် အိမ်ရာဝန်းတစ်ခုအတွင်း တည်ရှိခြင်းကြောင့် တစ်ကိုယ်ရည်လုံခြုံမှု အပြည့်ရှိသည့် အပြင် တောင်ကုန်းကလေးတစ်ခုပေါ်တွင် တည်ရှိခြင်းကြောင့် အိမ်နီးချင်းနေအိမ်များထက် ပိုမိုမြင့်မားနေရာ ပင်လယ်နှင့် မြို့ကြီး၏ ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်သည့် အခွင့်အလမ်းရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဂျွန်ဝူးသည် ဟောင်ကောင်နှင့် ဟောလိဝုဒ် ရုပ်ရှင်နယ်နှစ်ခုလုံးတွင် ကျင်လည်ခဲ့ပြီး ဟောလိဝုဒ်တွင် ထုတ်လုပ်ခဲ့သော “Broken Arrow” (၁၉၉၆ ခုနှစ်) “Face/Off” (၁၉၉၇) နှင့် “Mission Impossible II” (၂၀၀၀) တို့မှာ ကမ္ဘာကျော်သည်။

ဟောင်ကောင်ရုပ်ရှင်လောကတွင် သူ၏အထင်ရှားဆုံးရုပ်ရှင်များမှာ “A Better Tomorrow” (၁၉၈၆) နှင့် မကြာသေးမီက ထုတ်လုပ်ခဲ့သော “Red Cliff” (၂၀၀၉) တို့ ဖြစ်ကြသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄၅၅၅ ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်ကာ ၁၉၅၅ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ခြံဝန်းအကျယ်မှာ တစ်ဧက၏ သုံးပုံတစ်ပုံခန့်ရှိပြီး မီးလင်းဖို၊ ရေချိုးခန်းတို့ ပါဝင်သော ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သေးသည်။

နေအိမ်အတွင်း ဘုရားကျောင်းမျက်နှာကြက်ဟန် ဆောက်လုပ်ထားသည့် ကြီးမားသောဧည့်ခန်း၊ လသာဆောင်တစ်ခုသို့ ရောက်ရှိနိုင်သည့် ညစာစားခန်း၊ မီဒီယာခန်းမ၊ ယောဂခန်းမ၊ မီးလင်းဖိုတစ်ခုပါသည့် မိသားစုနားနေခန်းနှင့် တွဲလျက်တည်ရှိသော master bedroom ၊ အဝတ်အစားထားသိုခန်းများ၊ ပင်လယ်နှင့် လော့စ်အိန်ဂျလိကို စီးမိုးတွေ့မြင်နိုင်သည့် လသာဆောင်တစ်ခုတို့လည်း ပါဝင်သည်။

အိမ်ခြံမြေ မှတ်တမ်းများအရ ဂျွန်ဝူး (ယခုအခါ အသက် ၇၂ နှစ်ရှိပြီဖြစ်) သည် အဆိုပါနေအိမ်ကို ၂၀၀၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဂျွန်ဝူးသည် ၂၀၁၃ ခုနှစ်အတွင်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဘရန့်ဝုဒ်ရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖြင့် ရောင်းချခဲ့သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service