ကမ္ဘာကျော်အီတလီဖက်ရှင်အမှတ်တံဆိပ် Prada နှင့် ပြင်သစ်အမှတ်တံဆိပ် Dior တို့၏ မော်ဒယ်အဖြစ် လူသိများသူ နာမည်ကြီး ရုရှားမော်ဒယ် ပီဗိုဗာရိုဗာက အမေရိကန်ရှိ နေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၇၀၀၀ ဖြင့် အငှားဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
390 ကြိမ် ကြည့်ရှု့ ပြီး

ကမ္ဘာကျော်အီတလီဖက်ရှင်အမှတ်တံဆိပ် Prada နှင့် ပြင်သစ်အမှတ်တံဆိပ် Dior တို့၏ မော်ဒယ်အဖြစ် လူသိများသူ နာမည်ကြီး ရုရှားမော်ဒယ် ပီဗိုဗာရိုဗာက အမေရိကန်ရှိ နေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၇၀၀၀ ဖြင့် အငှားဈေးကွက်တင်

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

ရုရှားမော်ဒယ် ဆာရှာ ပီဗိုဗာရိုဗာသည် ကမ္ဘာကျော်အီတလီဖက်ရှင်အမှတ်တံဆိပ် Prada နှင့် ပြင်သစ်အမှတ်တံဆိပ် Dior တို့၏ မော်ဒယ်အဖြစ် လူသိများသူဖြစ်သည်။

ပီဗိုဗာရိုဗာသည် အဆိုပါအမှတ်တံဆိပ်များအပြင် Chanel, Yves Saint Laurent,Chloé, Hugo Boss, Giorgio Armani,Denim,Shiseido, Olay တို့အပြင် အခြား ကမ္ဘာကျော်အမှတ်တံဆိပ်များစွာ၏ ကြော်ငြာများတွင်လည်း ပါဝင်ခဲ့ဖူးသည်။

အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ ပဲရစ်၊ ရုရှား၊ ဂျပန်၊ ကိုရီးယား၊ မက္ကဆီကို၊ တရုတ်နှင့် သြစတေးလျတို့တွင် ထုတ်ဝေသော Vogue မဂ္ဂဇင်းများ၏ မျက်နှာဖုံးများတွင် ပါဝင်ခဲ့ဖူးသည်။

ယခုအခါ ပီဗိုဗာရိုဗာက အမေရိကန်ပြည်ထောင်စုရှိ သူ၏ triplex နေအိမ်ကို အငှားဈေးကွက်တင်လာသည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ ဝီလျံစ်ဘာ့ဂ်ျမြို့၊ ဘရော့ဝေးလမ်း၊ အမှတ် ၁၃၈ တွင် တည်ရှိသည်။

ဝီလျံစ်ဘာ့ဂ်ျသည် အမေရိကန်တော်လှန်ရေးသမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ၁၆၉၉ ခုနှစ်မှ ၁၇၈၀ ပြည့်နှစ်အထိ ပြည်နယ်မြို့တော်ဖြစ်ခဲ့ဖူးသည်။

ပီဗိုဗာရိုဗာသည် ပန်းချီဆရာမတစ်ဦးလည်းဖြစ်ပြီး ဝီလျံစ်ဘာ့ဂ်ျမြို့ရှိ နေအိမ်တွင် ခင်ပွန်းဖြစ်သူ ဓာတ်ပုံဆရာ အိုင်ဂေါ ဗစ်ရှ်ညာကော့ဗ် နှင့်အတူ ၁၀ နှစ်ခန့် နေထိုင်ခဲ့ဖူးသည်။

အဆိုပါနေအိမ်တွင်ပင် သမီးဖြစ်သူ မီယာကို ပြုစုပျိုးထောင်ခဲ့သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၅၀၀ ရှိပြီး ငှားရမ်းခအဖြစ် တစ်လလျှင် ကန်ဒေါ်လာ ၇၀၀၀ ဈေးခေါ်ထားသည်။

လမ်းထောင့်တွင် တည်ရှိသော အဆောက်အအုံဖြစ်ပြီး လူနေရန်နှင့် အရောင်းပြခန်းများ ပြုလုပ်နိုင်သည်။

မျက်နှာကြက်များမှာ ၁၅ ပေခန့်မြင့်မားပြီး၊ သစ်မာသားကြမ်းခင်းများ၊ ကော်လံတိုင်များ၊ နံရံကပ်ပုံစံ မီးဖိုဆောင်၊ ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းပေါက်များဖြင့် ဖွဲ့စည်းထားသည်။

၁၈၈၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး အပြာရောင် သံကြွပ်မျက်နှာစာ တပ်ဆင်ထားမှုမှာ ထင်ရှားသည့် အမှတ်အသားတစ်ခု ဖြစ်၏။ အမိုးပေါ်တွင် လသာဆောင်ကျယ်တစ်ခု ထည့်သွင်းပေးထားရာ မန်ဟက်တန်နှင့် ဘရွတ်ကလင်းအရပ်တို့၏ မြင်ကွင်းကျယ်အလှများ တွေ့မြင်ခံစားနိုင်သည်။

မြေညီထပ်တွင် ပန်းဥယျာဉ်တစ်ခု ထည့်သွင်းပေးထားပြီး အထပ်တိုင်းတွင် အဝတ်လျှော်ခန်း ပါဝင်သည်။

ပီဗိုဗာရိုဗာသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဟန်ရပြီး သူ၏နေအိမ်အတွင်း ဗုဒ္ဓဆင်းတုတော်တစ်ခုလည်း တွေ့ရသည်။

အိပ်ခန်းဆောင်ကို မွမ်းမံထားမှုမှာလည်း ရှေးဟောင်းအရှေ့တိုင်းဟန်ဖြင့် တွေ့ရသည်။

ဈေးကွက်တင်ပေးသည်မှာ Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သင်္ကြန်ကာလအပြီး ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ ရှယ်ယာရောင်းဝယ်မှု ဧပြီလဆန်းကထက် ရာခိုင်နှုန်း ၈၀ ကျော် ကျဆင်း...
ပြင်သစ်နိုင်ငံ၏ အချမ်းသာဆုံးမိသားစု ၃ ခုက နော်တာဒိမ်းဘုရားကျောင်းကြီး ပြန်လည်ဆောက်လုပ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ရန်ပုံငွေမတည်...
တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည့်စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးစေရန် ရေးဆွဲထားသည့် စက်မှုဇုန်ဥပဒေ(မူကြမ်း)ကို ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား...
Face/Off နှင့် Mission: Impossible 2 ရုပ်ရှင်ဇာတ်ကားများဖြင့် လူသိများသူ ဒါရိုက်တာ ဂျွန်ဝူး၏ လော့စ်အိန်ဂျလိနေအိမ် ရောင်းထွက်...
ကမ္ဘာကျော် ပေါ့ပ်ဂီတအဖွဲ့ Maroon 5 ၏ ရှေ့ထွက်အဆိုတော် အဒမ် လာဗင်းက လော့စ်အိန်ဂျလိရှိ ကမ္ဘာကျော်များစုဝေးရာ ဘီဗာလီဟေးအရပ်ရှိနေအိမ်ကို ကန်ဒေါ်လာ ၄၇ သန်းကျော်ဖြင့် ဈေးကွက်တင်...
ဧပြီလကုန်တွင် ဖွင့်လှစ်မည်ဟု သိရသော မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ ဂျိုင်းမြစ်ကူး ပွန်တွန်းတံတားသစ်...
မြေလွတ်၊ မြေလပ်များတွင် မြို့၊ ရွာစီမံချက် ဖော်ဆောင်ပေးရေးအဆို ပြည်သူ့လွှတ်တော်အတည်ပြု
အစိုးရခွင့်ပြုချက်ဖြင့် ပြန်လည်အရောင်းဖွင့်ခဲ့သည့် စစ်တွေမြေဖို့မြေယာ စီမံကိန်းအရောင်းပြပွဲ...
ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ဆက်ရှိပြီး ရုံးခန်းငှားရမ်းမှုနှုန်း ၇၂ ရာခိုင်နှုန်းရှိကာ ငှားရမ်းခ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း...
သင်္ကြန်မဏ္ဍပ်တွေ သတ်မှတ်ရက်အတွင်းမဖျက်သိမ်းရင်ဒဏ်ကြေးဆောင်ရမယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine