La La Land ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ အမေရိကန်သရုပ်ဆောင်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိစံအိမ် အရောင်းဈေးကွက်ဝင်လာ

La La Land ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ အမေရိကန်သရုပ်ဆောင်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိစံအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
22 Mar 2019 12:55 pm တွင် တင်ခဲ့သည်
779 ကြိမ် ကြည့်ရှု့ပြီး

တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်

ဈေးနှုန်း-ကန်ဒေါ်လာ ၃ ဒသမ ၈၉၉ သန်း

အကျယ်အဝန်း- စတုရန်းပေ ၃၈၆၂ ၊ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း

La La Land ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆုရခဲ့သူ အမေရိကန်သရုပ်ဆောင်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိစံအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

အင်မာစတုန်းကို အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့တွင် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် မွေးဖွားသည်။

ကလေးဘဝကတည်းကပင် သရုပ်ဆောင်လောကသို့ စတင်ခြေချခဲ့သူ အင်မာစတုန်းသည် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အော်စကာဆု၊ BAFTA ဆု၊ ရွှေကမ္ဘာလုံးဆုတို့ အပါအဝင် ဆုပေါင်းများစွာရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် သရုပ်ဆောင်ကြေး အမြင့်မားဆုံးရုပ်ရှင်မင်းသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်များတွင် Forbes Celebrity 100 စာရင်းတွင် ဖော်ပြခံရပြီး တိုင်းမ်မဂ္ဂဇင်းကြီးကလည်း ကမ္ဘာပေါ်တွင် သြဇာအလွှမ်းဆုံး ပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းတွင် အင်မာစတုန်းကို ထည့်သွင်းဖော်ပြခဲ့ကြသည်။

အင်မာစတုန်း၏ ယခုရောင်းချသည့် လော့စ်အိန်ဂျလိနေအိမ်တွင် အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၄ ခန်းပါဝင်ပြီး ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄၇၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၈၆၂ ရှိပြီး ကန်ဒေါ်လာ ၃ ဒသမ ၈၉၉ သန်းဈေးခေါ်ထားသည်ဟု ဆိုသည်။

အဆိုပါနေအိမ်တွင် အင်မာစတုန်းမတိုင်မီက ဗြိတိသျှရုပ်ရှင်မင်းသား ဂျူဒလေမိုးလည်း နေထိုင်ခဲ့ဖူးသည်။

မြင့်မားသည့် အုတ်တံတိုင်းကာရံထားပြီး ကင်မရာများ၏ ရန်မှအကာအကွယ်ပေးပြီး ဂိတ်တံခါးလည်း ထားရှိထားပြီး ဆိတ်ငြိမ်အေးချမ်းသည့်နေရာတစ်ခု ဖြစ်သည်။

ယင်းနေအိမ်ကို အင်မာစတုန်းအား ရောင်းချခဲ့သူမှာ အော်စကာဆုရ သြစတေးလျ ရုပ်ရှင်တည်းဖြတ်သူ ကာ့ခ် ဘက်ဇ်တာဖြစ်သည်။

ထိုအချိန်က အင်မာစတုန်းသည် ၂၀၁၉ ခုနှစ်အတွက် အော်စကာဆု အမည်စာရင်းတင်သွင်းခံထားရသူ ရုပ်ရှင်သရုပ်ဆောင် အင်ဒရူး ဂါးရ်ဖီးနှင့် ချစ်ကြိုက်နေချိန်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service