နယူးယောက်တွင် အိမ်ငှားရန်အခန်းရှာနေသော ဂျပ်စတင်ဘီဘာနှင့် ဇနီး ဟိုင်လေ ဘော်လ်ဒွင်တို့ စုံတွဲ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူလိုက်ပြီ

နယူးယောက်တွင် အိမ်ငှားရန်အခန်းရှာနေသော ဂျပ်စတင်ဘီဘာနှင့် ဇနီး ဟိုင်လေ ဘော်လ်ဒွင်တို့ စုံတွဲ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
22 Mar 2019 12:49 pm တွင် တင်ခဲ့သည်
1322 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် လူငယ်တေးသံရှင်၊ ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာသည် ဆလီနာဂိုမက်ဇ်နှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်းတွင် ဟိုင်လေ ဘော်လ်ဒွင်နှင့် လက်ထပ်ခဲ့ပြီး နယူးယောက်မြို့တွင် ပြီးခဲ့သော ရက်သတ္တပတ်အတွင်းကပင် နေအိမ်ခန်း ငှားရမ်းရန် လိုက်လံရှာဖွေနေ ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သေးသည်။

အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/814106 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

ယခုအခါတွင်ကား ဂျပ်စတင်ဘီဘာတို့ စုံတွဲသည် လော့စ်အိန်ဂျလိတွင် ချစ်ဗိမ္မာန်တစ်ခု ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။

ဂျပ်စတင်ဘီဘာသည် ကြင်စဦးဇနီးနှင့်အတူ နေထိုင်မည့် ဘီဗာလီဟေးလ်စံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း လော့စ်အိန်ဂျလိတိုင်းမ် သတင်းတစ်ရပ်တွင်လည်း ဖော်ပြသည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်သော ဂျပ်စတင်ဘီဘာသည် လော့စ်အိန်ဂျလိတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော်လည်း ၂၀၁၂ ခုနှစ်တွင် ကာလာဘာဆက်စ်နေအိမ်ကို ရောင်းထုတ်ခဲ့ပြီး ယခုဝယ်ယူမှုမှာ လော့စ်အိန်ဂျလိတွင် ပထမဆုံးပြန်လည်ခြေချခြင်းလည်း ဖြစ်သည်။

စိတ်ဝင်စားဖွယ်ကောင်းသည်ကား ဂျပ်စတင်ဘီဘာ၏ မြေထဲပင်လယ်ဗိသုကာဟန်နေအိမ်ကို ဝယ်ယူခဲ့သူမှာ ခလို ကာဒါရှီယန်ဖြစ်ပြီး ကန်ဒေါ်လာ ၇ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဂျပ်စတင်ဘီဘာ၏ နေအိမ်သည် ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် မွန်တီရေး ကိုလိုနီ ဗိသုကာဟန်ဖြစ်ပြီး မကြာသေးမီကမှ ပြန်လည်မွမ်းမံထားကာ မိသားစုတစ်ခုက နှစ်ပေါင်း ၅၀ ခန့် ပိုင်ဆိုင်ထားခဲ့သည်။နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၆၁၀၀ ခန့်ရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ စာကြည့်တိုက်တစ်ခုနှင့် အိမ်တွင်း ရုပ်ရှင်ရုံတို့ ပါဝင်သည်။

အိမ်တွင်းပိုင်း မွမ်းမံမှုမှာ ကယ်လီဖိုးနီးယားပြည်နယ်၏ ဂန္ထဝင်ဟန်မျိုးမွမ်းမံထားပြီး ငှက်ပျောရွက်ပုံ wallpaper များလည်း တွေ့ရသည်။

မီးဖိုးဆောင်တွင် နောက်ဆုံးပေါ်အဆင့်မြင့်ပစ္စည်းများ ထည့်သွင်းပေးထားပြီး မီးဖိုဆောင်အလယ် ချက်ပြုတ်ရန်နေရာမှာ ကျယ်ဝန်းလှကာ စားသောက်ရန်နေရာကိုလည်း ထည့်သွင်းပေးထားသည်။

ဧည့်သည်များကို ဧည့်ခံရန်အတွက် ဝိုင်သိုလှောင်ခန်းတစ်ခုနှင့် အရက်ဘားတို့လည်း ပါဝင်သည်။နေအိမ်ပြင်ပတွင် နားနေရန်နေရာတစ်ခုနှင့် အကင်ပြုလုပ်ရန် မီးဖိုနေရာတို့ တွေ့ရပြီး ရင်သပ်ရှုမောဖွယ် ရေကူးကန်ကို အပေါ်စီးမှ တွေ့မြင်နေရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

shwe-moe-kaung
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service