အိမ္ျခံစည္းရုိးကာရံဖို႕အေရး ေထာက္ခံခ်က္ေတြ လိုအပ္ေသး

အိမ္ျခံစည္းရုိးကာရံဖို႕အေရး ေထာက္ခံခ်က္ေတြ လိုအပ္ေသး - Property Knowledge in Myanmar from iMyanmarHouse.com
19 Mar 2019 1:06 pm တွင် တင်ခဲ့သည်
10925 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Zawgyi]

ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယားေရးေကာ္မတီျမိဳ႕ျပစီမံကိန္းနွင့္ ေျမစီမံခန္႕ခြဲမႈဌာနတြင္ ေျမငွါးဂရန္ေလွ်ာက္ထားျခင္း၊ ေျမပံုေျမရာဇဝင္ ေရးကူးေပးပါရန္ ေလွ်ာက္ထားျခင္း၊ ေျမတိုင္းတားျခင္းနွင့္ ေျမကြက္အမည္ေျပာင္းျခင္းကိစၥမ်ားကို ေဆာင္ရြက္လ်က္ရွိေၾကာင္း မၾကာေသးမီက ျမန္မာ့အလင္းနွင့္ ေၾကးမံုသတင္းစာတို႕တြင္ ဖတ္လိုက္ရသည္။

ျပည္သူမ်ားအေနျဖင့္ မလိုအပ္ဘဲ ေငြေၾကးကုန္းက်မႈ မရွိေစရန္နွင့္ အခ်ိန္ၾကန္႕ၾကာမႈ မရွိေစရန္ ျမိဳ႕ေတာ္ခန္းမတြင္ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သတင္းေကာင္းပါလာသျဖင့္ “ ေရကန္အသင့္ ၾကာအသင့္ ”ျဖစ္သြားသည္။ လြန္ခဲ့ေသာနွစ္က စိတ္ကူးကို ယခုအေကာင္အထည္ေဖာ္ရန္ ဆံုးျဖတ္လိုက္သည္။

ပရိတ္ဆိုသည္မွာ အရံအတားျဖစ္သလို ျခံစည္းရုိးဆိုတာလည္း ထို႕အတူပဲ

“ ပရိတ္ ”ဆိုတာ “ အရံအတား ” ျဖစ္တယ္လို႕ ေတာင္တန္းသာသနာျပဳဆရာေတာ္ “ ဦးဥတၱမသာရ ”၏ ပရိတ္တရားေတာ္တြင္ နာၾကားရဖူးသည္။ထို႕အတူ အိမ္ရွိျပီဆိုလွ်င္လည္း အရံအတားျဖစ္ေအာင္ ျခံစည္းရုိးကာရံဖို႕ လိုအပ္သည္။ ျခံစည္းရုိးေကာင္းမွ လံုျခံဳမႈလည္း ရွိႏိုင္သည္ မဟုတ္လား။ သည္လိုအေတြးေပၚသည္မွာ ၾကာေနျပီ။ ဒီေန႕ေတာ့ အိမ္ျခံစည္းရုိးကာရံဖို႕ ျမိဳ႕ေတာ္ခန္းမသို႕ အေရာက္လွမ္းခဲ့သည္။

နံနက္ (၁၁)နာရီ ျမိဳ႕ေတာ္ခန္းမေရာက္္ေတာ့ စာေရးသူကဲ့သို႕ပင္ မိမိတို႕ပိုင္ဆို္င္သည့္ အိမ္ေျမနွင့္ပတ္သက္၍ ေရာင္းရန္ ၊ ဝယ္ရန္ ၊ ေျမတိုင္းရန္ ၊ ဂရန္သစ္ေလွ်ာက္ရန္ ၊ အမည္ေျပာင္းရန္ ကိစၥမ်ားျဖင့္ လာေရာက္ၾကသည့္ ဧည့္သည္မ်ားမွာ ျမိဳ႕ေတာ္ခန္းမ ေျမညီထပ္တြင္ အထူးသည္ကားလွသည္။ တာဝန္က် စားပြဲခံုအသီးသီးတြင္လည္း ေခါင္းမေဖာ္ႏိုင္ေအာင္အလုပ္ရႈပ္ေနၾကသည္ကို ေတြ႕ျမင္ရသည္။

စာေရးသူလည္း အမ်ားနည္းတူ ျခံစည္းရုိးကာရန္ ေလွ်ာက္လႊာတစ္စံုကို ၂၀၀/- ျဖင့္ ဝယ္လိုက္သည္။ေလွ်ာက္လႊာတြင္ အမည္၊ မွတ္ပံုတင္ ၊ အဘအမည္၊ ေျမတိုင္းရပ္ကြက္ ၊ ေျမကြက္အမွတ္ ၊ ဂရနအမည္ေပါက္ စသျဖင့္လိုအပ္သည္မ်ားကို ျဖည့္သြင္းလိုက္သည္။

ထို႕ေနာက္ မိမိအမည္ေပါက္ အနွစ္ (၆၀) ဂရန္ မိတၱဴတစ္စံု ၊ မိမိ၏မွတ္ပံုတင္ မိတၱဴတစ္စံုတို႕ကို တင္ျပျပီး ျခံစည္းရုိးကာရံဖို႕အတြက္ ေျမပံုထုတ္ေပးရန္ ေလွ်ာက္လႊာတင္လိုက္သည္။

ေလွ်ာက္လႊာတင္ျပီး နာရီဝက္ခန္႕ေစာင့္ရသည္။ ဒီေနာက္မွာေတာ့ အလွည့္က်ေခၚသျဖင့္ စာေရးသူ အလွည့္ေရာက္လာသည္။ မွတ္ပံုတင္မူရင္း ၊ ဂရန္မူရင္းမ်ားကို တုိက္ဆိုင္စစ္ေဆးဖို႕ ေကာင္းသည္။ စာေရးသူလည္း အသင့္ပါလာေသာ မွတ္ပံုတင္ ၊ အနွစ္ (၆၀) ဂရန္မူရင္းတို႕ကို ထုတ္ျပရာ မွန္ကန္မႈ ရွိသျဖင့္ မူရင္မ်ားျပန္ေပးျပီး မိတၱဴမ်ားကို လက္ခံထားသည္။ ေနာက္ဆံုးမွာေတာ့ ဂ၇န္ေျမငွါးခ (၃)လ တစ္ၾကိမ္ထုတ္ ေျပစာကို ေတာင္းသည္။ စာေရးသူ အခက္ေတြ႕သြားသည္။ ေရခြန္ ၊ မီးခြန္လည္း မရွိ ၊ ျမိဳ႕နယ္မွဂရန္ေျမငွါးရမ္းခ လာေရာက္ေကာက္ခံခဲ့ဖူးျခင္းလည္း မရွိေၾကာင္း ေျပာျပေတာ့မွ ျမိဳ႕နယ္ တာဝန္ခံ ဌာနမွဴးက………

“ ဒါဆိုရင္ အစ္ကိုေနတဲ့ ျမိဳ႕နယ္စည္ပင္သာယာေရးအုပ္ခ်ဳပ္ေရးမွဴးရုံးမွာ သြားျပီး ေၾကြးက်န္ကင္းရွင္းေၾကာင္းေထာက္ခံခ်က္သြားယူျပီး ျပန္လာခဲ့ပါ။အခုေတာ့ ေျမပံုကူးေလွ်ာက္တဲ့ အမႈကုိ လက္ခံျပီး အမႈတြဲဖြင့္ေပးပါ့မယ္။ ”

“ ေၾကြးက်န္ကင္းရွင္းေၾကာင္းေထာက္ခံခ်က္ေတာင္းတာေတာ့ ဟုတ္ပါျပီ။ ေၾကြးက်န္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ နမူနာျပပါ ” လို႕ ေျပာေတာ့ ဌာနစုမွဴးက နမူနာစာရြက္တစ္ရြက္ ထုတ္ျပသည္။ စာေရးသူ ဖတ္လိုက္ရသည့္ ေထာက္ခံခ်က္ကို စာဖတ္သူမ်ားလည္း သိေစလိုသျဖင့္ ကူးယူေဖာ္ျပလိုက္ပါသည္။

ျမိဳ႕နယ္စည္ပင္သာယာ

အုပ္ခ်ဳပ္ေရးမွဴးရုံး

ေျမာက္ဥကၠလာပျမိဳ႕နယ္ စာအမွတ္၊ / /စည္ပင္(မဥ) ရက္စြဲ ၊ ....ခုနွစ္ ၊ ... လ၊ ... ရက္

သို႕

ဌာနမွဴး ျမိဳ႕ျပစီမံကိန္းနွင့္ ေျမစီခံခန္႔ခြဲမႈဌာနအေၾကာင္းအရာ။ ။ေၾကြးက်န္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္။

အထက္ပါ အေၾကာင္းအရာကိစၥနွင့္ ပတ္သက္၍ ေျမာက္ဥကၠလာပျမိဳ႕နယ္ ၊ …………… ရပ္ကြက္ ၊ …………….. လမ္း ၊ အိမ္အမွတ္ ……….ေန ၊ ပစၥည္းခြန္၊ ေျမခြန္း၊ ေၾကြးက်န္ကင္းရွင္းမႈ ေလွ်ာက္ထားသူ “ ဦးေကာင္းေဖ ” မွတ္ပံုတင္အမွတ္ ………………… သည္ ေပါင္းစည္အခြန္ေၾကြးက်န္ကင္းရွင္းေၾကာင္း ေထာက္ခံအပ္ပါသည္။

အုပ္ခ်ဳပ္ေရးမွဴး

စာေရးသူလည္း ဝါမဆိုမီ အျမန္ဆံုးျခံစည္းရုိး ကာရန္လိုသျဖင့္ အထက္ပါေထာက္ခံခ်က္ရရန္ ျမိဳ႕နယ္စည္ပင္သာယာ အုပ္ခ်ဳပ္ေရးမွဴးရုံးသို႕သြား၍ ေတာင္းယူရပါသည္။

အေထာက္အထားအျဖစ္ ဂရန္မိတၱဴနွင့္ ေလွ်ာက္ထားသူ၏ မွတ္ပံုတင္မိတၱဴျပရသည္။ တစ္ရင္ေစာင့္ရသည္။ေနာက္တစ္ေန႕ မနက္တြင္ ေထာက္ခံခ်က္ ရရွိသျဖင့္ ျမိဳ႕ေတာ္ခန္းမသို႕ လာ၍ ေထာက္ခံခ်က္မူရင္းကို ေပးခဲ့သည္။

အိမ္ေျခရင္း ၊ေခါင္းရင္း နွစ္ဦး၏ေထာက္ခံခ်က္ ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေထာက္ခံခ်က္တို႕ လုပ္ေပးရဦးမည္။ ေျမပံုကူးယူခ တစ္ေသာင္းေက်ာ္ ေပးခဲ့ရသည္။ အားလံုးျပည့္စံုမွ ျခံစည္းရုိးတိုင္းေပးမည္။မွန္ကန္ျပည့္စံုလွ်င္ တစ္လခြဲခန္႕ၾကာလွ်င္ေျမပံုရမည္။ ေျမပံုရလွ်င္ ျခံစည္းရိုးကာခြင့္ရျပီဟု သိရသည္။ သို႕မွသာ စိတ္ေအးရေတာ့မည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက  iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ  09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။

 

သုခီ အတၱာနံ ပရိဟႏၱဳ

Credit: လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ

 

[Unicode]

ရန်ကုန်မြို့တော် စည်ပင်သာယားရေးကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် မြေငှါးဂရန်လျှောက်ထားခြင်း၊ မြေပုံမြေရာဇဝင် ရေးကူးပေးပါရန် လျှောက်ထားခြင်း၊ မြေတိုင်းတားခြင်းနှင့် မြေကွက်အမည်ပြောင်းခြင်းကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း မကြာသေးမီက မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ဖတ်လိုက်ရသည်။

ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ငွေကြေးကုန်းကျမှု မရှိစေရန်နှင့် အချိန်ကြန့်ကြာမှု မရှိစေရန် မြို့တော်ခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါလာသဖြင့် “ ရေကန်အသင့် ကြာအသင့် ”ဖြစ်သွားသည်။ လွန်ခဲ့သောနှစ်က စိတ်ကူးကို ယခုအကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။

ပရိတ်ဆိုသည်မှာ အရံအတားဖြစ်သလို ခြံစည်းရိုးဆိုတာလည်း ထို့အတူပဲ

“ ပရိတ် ”ဆိုတာ “ အရံအတား ” ဖြစ်တယ်လို့ တောင်တန်းသာသနာပြုဆရာတော် “ ဦးဥတ္တမသာရ ”၏ ပရိတ်တရားတော်တွင် နာကြားရဖူးသည်။ထို့အတူ အိမ်ရှိပြီဆိုလျှင်လည်း အရံအတားဖြစ်အောင် ခြံစည်းရိုးကာရံဖို့ လိုအပ်သည်။ ခြံစည်းရိုးကောင်းမှ လုံခြုံမှုလည်း ရှိနိုင်သည် မဟုတ်လား။ သည်လိုအတွေးပေါ်သည်မှာ ကြာနေပြီ။ ဒီနေ့တော့ အိမ်ခြံစည်းရိုးကာရံဖို့ မြို့တော်ခန်းမသို့ အရောက်လှမ်းခဲ့သည်။

နံနက် (၁၁)နာရီ မြို့တော်ခန်းမရောက်တော့ စာရေးသူကဲ့သို့ပင် မိမိတို့ပိုင်ဆိုင်သည့် အိမ်မြေနှင့်ပတ်သက်၍ ရောင်းရန် ၊ ဝယ်ရန် ၊ မြေတိုင်းရန် ၊ ဂရန်သစ်လျှောက်ရန် ၊ အမည်ပြောင်းရန် ကိစ္စများဖြင့် လာရောက်ကြသည့် ဧည့်သည်များမှာ မြို့တော်ခန်းမ မြေညီထပ်တွင် အထူးသည်ကားလှသည်။ တာဝန်ကျ စားပွဲခုံအသီးသီးတွင်လည်း ခေါင်းမဖော်နိုင်အောင်အလုပ်ရှုပ်နေကြသည်ကို တွေ့မြင်ရသည်။

စာရေးသူလည်း အများနည်းတူ ခြံစည်းရိုးကာရန် လျှောက်လွှာတစ်စုံကို ၂၀၀/- ဖြင့် ဝယ်လိုက်သည်။လျှောက်လွှာတွင် အမည်၊ မှတ်ပုံတင် ၊ အဘအမည်၊ မြေတိုင်းရပ်ကွက် ၊ မြေကွက်အမှတ် ၊ ဂရနအမည်ပေါက် စသဖြင့်လိုအပ်သည်များကို ဖြည့်သွင်းလိုက်သည်။

ထို့နောက် မိမိအမည်ပေါက် အနှစ် (၆၀) ဂရန် မိတ္တူတစ်စုံ ၊ မိမိ၏မှတ်ပုံတင် မိတ္တူတစ်စုံတို့ကို တင်ပြပြီး ခြံစည်းရိုးကာရံဖို့အတွက် မြေပုံထုတ်ပေးရန် လျှောက်လွှာတင်လိုက်သည်။

လျှောက်လွှာတင်ပြီး နာရီဝက်ခန့်စောင့်ရသည်။ ဒီနောက်မှာတော့ အလှည့်ကျခေါ်သဖြင့် စာရေးသူ အလှည့်ရောက်လာသည်။ မှတ်ပုံတင်မူရင်း ၊ ဂရန်မူရင်းများကို တိုက်ဆိုင်စစ်ဆေးဖို့ ကောင်းသည်။ စာရေးသူလည်း အသင့်ပါလာသော မှတ်ပုံတင် ၊ အနှစ် (၆၀) ဂရန်မူရင်းတို့ကို ထုတ်ပြရာ မှန်ကန်မှု ရှိသဖြင့် မူရင်များပြန်ပေးပြီး မိတ္တူများကို လက်ခံထားသည်။ နောက်ဆုံးမှာတော့ ဂရန်မြေငှါးခ (၃)လ တစ်ကြိမ်ထုတ် ပြေစာကို တောင်းသည်။ စာရေးသူ အခက်တွေ့သွားသည်။ ရေခွန် ၊ မီးခွန်လည်း မရှိ ၊ မြို့နယ်မှဂရန်မြေငှါးရမ်းခ လာရောက်ကောက်ခံခဲ့ဖူးခြင်းလည်း မရှိကြောင်း ပြောပြတော့မှ မြို့နယ် တာဝန်ခံ ဌာနမှူးက………

“ ဒါဆိုရင် အစ်ကိုနေတဲ့ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးရုံးမှာ သွားပြီး ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်သွားယူပြီး ပြန်လာခဲ့ပါ။အခုတော့ မြေပုံကူးလျှောက်တဲ့ အမှုကို လက်ခံပြီး အမှုတွဲဖွင့်ပေးပါ့မယ်။ ”

“ ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်တောင်းတာတော့ ဟုတ်ပါပြီ။ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် နမူနာပြပါ ” လို့ ပြောတော့ ဌာနစုမှူးက နမူနာစာရွက်တစ်ရွက် ထုတ်ပြသည်။ စာရေးသူ ဖတ်လိုက်ရသည့် ထောက်ခံချက်ကို စာဖတ်သူများလည်း သိစေလိုသဖြင့် ကူးယူဖော်ပြလိုက်ပါသည်။

မြို့နယ်စည်ပင်သာယာ

အုပ်ချုပ်ရေးမှူးရုံး

မြောက်ဥက္ကလာပမြို့နယ်

စာအမှတ်၊ / /စည်ပင်(မဥ) ရက်စွဲ ၊ ....ခုနှစ် ၊ ... လ၊ ... ရက်

သို့

ဌာနမှူး မြို့ပြစီမံကိန်းနှင့် မြေစီခံခန့်ခွဲမှုဌာနအကြောင်းအရာ။ ။ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်။

အထက်ပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် ၊ …………… ရပ်ကွက် ၊ …………….. လမ်း ၊ အိမ်အမှတ် ……….နေ ၊ ပစ္စည်းခွန်၊ မြေခွန်း၊ ကြွေးကျန်ကင်းရှင်းမှု လျှောက်ထားသူ “ ဦးကောင်းဖေ ” မှတ်ပုံတင်အမှတ် ………………… သည် ပေါင်းစည်အခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံအပ်ပါသည်။

အုပ်ချုပ်ရေးမှူး

စာရေးသူလည်း ဝါမဆိုမီ အမြန်ဆုံးခြံစည်းရိုး ကာရန်လိုသဖြင့် အထက်ပါထောက်ခံချက်ရရန် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့သွား၍ တောင်းယူရပါသည်။

အထောက်အထားအဖြစ် ဂရန်မိတ္တူနှင့် လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူပြရသည်။ တစ်ရင်စောင့်ရသည်။နောက်တစ်နေ့ မနက်တွင် ထောက်ခံချက် ရရှိသဖြင့် မြို့တော်ခန်းမသို့ လာ၍ ထောက်ခံချက်မူရင်းကို ပေးခဲ့သည်။

အိမ်ခြေရင်း ၊ခေါင်းရင်း နှစ်ဦး၏ထောက်ခံချက် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်တို့ လုပ်ပေးရဦးမည်။ မြေပုံကူးယူခ တစ်သောင်းကျော် ပေးခဲ့ရသည်။ အားလုံးပြည့်စုံမှ ခြံစည်းရိုးတိုင်းပေးမည်။မှန်ကန်ပြည့်စုံလျှင် တစ်လခွဲခန့်ကြာလျှင်မြေပုံရမည်။ မြေပုံရလျှင် ခြံစည်းရိုးကာခွင့်ရပြီဟု သိရသည်။ သို့မှသာ စိတ်အေးရတော့မည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

 

သုခီ အတ္တာနံ ပရိဟန္တု

Credit: လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service