စုပေါင်းပိုင်အဆောက်အအုံကို အသစ်ဆောက်လိုရင်... - Property Knowledge in Myanmar from iMyanmarHouse.com
877 ကြိမ် ကြည့်ရှု့ ပြီး

စုပေါင်းပိုင်အဆောက်အအုံကို အသစ်ဆောက်လိုရင်...

ဗဟုသုတ | Posted by နှင်းအိခင် (iMyanmarHouse.com)

စုပေါင်းပိုင်အဆောက်အအုံတစ်ခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတစ်ခုခုကို မိမိတို့ ဆန္ဒအလျောက် ဖြိုဖျက်ပြီးအသစ် ပြန်လည်ဆောက်လုပ်လိုလျှင် အသင်းရဲ့အသင်းသားစုံညီ အစည်းအဝေး သို့မဟုတ် အသင်းသားစုံညီ အစည်းအဝေး အထူးအစည်းအဝေးမှာ အသင်းဝင် (၇၅)ရာခိုင်နှုန်းရဲ့ သဘောတူဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ပါတယ်။

၁။ အမှုဆောင်အဖွဲ့က ပုဒ်မ (၂၈)အရ ချမှတ်တဲ့ သဘောတူဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ သတ်မှတ်ချက်များနဲ့အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို တင်ပြရပါမယ်။

၂။ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက တင်ပြချက်ကို စိစစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနဲ့ညှိနှိုင်းပြီး အတည်ပြုခြင်း ဒါမှမဟုတ် ငြင်းပယ်ခြင်း ပြုနိုင်ပါတယ်။

၃။ အမှုဆောင်အဖွဲ့ဟာ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရဲ့ အတည်ပြုချက်ရရှိပါက သက်ဆိုင်သူများသိရနိုင်ရန် သတင်းစာတွင် ကြေညာရပါမယ်။

၂။ (က) အမှုဆောင်အဖွဲ့ဟာ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ အတည်ပြုတဲ့နေ့မှ ရက်ပေါင်း (၃၀)အတွင်း ယင်းအတည်ပြုချက်မိတ္တူနဲ့ အသင်းသားစုံညီ အစည်းအဝေး သို့မဟုတ် အသင်းသားစုံညီ အထူးအစည်းအဝေးရဲ့ သဘောတူဆုံးဖြတ်ချက်မိတ္တူတို့ကို မှတ်ပုံတင်အရာရှိထံ တင်ပြရပါမယ်။

၂။ (ခ) မှတ်ပုံတင်အရာရှိက သက်ဆိုင်ရာမှတ်ပုံတင်စာအုပ်တွင် လိုအပ်တဲ့ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ရပါမယ်။

၃။ (က) အမှုဆောင်အဖွဲ့ဟာ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရဲ့ အတည်ပြုချက်နဲ့အညီ စုပေါင်းပိုင်းအဆောက်အအုံကို အသစ်ပြန်လည်ဆောက်လုပ်ရာတွင်လည်းကောင်း၊ စုပေါင်းပိုင်းအဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေ ဖြိုဖျက်ပြီး မူလပုံစံအတိုင်း အသစ်ပြန်လည်ဆောက်လုပ်ရာတွင်လည်းကောင်း ယင်းစုပေါင်းပိုင်မြေနဲ့ စုပေါင်းပိုင် အဆောက်အအုံ ဖယ်ရှားပေးရန် ပျက်ကွက်သူတွေရဲ့ စာရင်းကို ဦးစီးဌာနသို့ တင်ပြရပါမယ်။

၃။ (ခ) ဦးစီးဌာနက ပုဒ်မခွဲ(က)အရ တင်ပြချက်နဲ့စပ်လျဉ်း၍ လုံခြုံရေးအတွက် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့အကူအညီကို ရယူဖယ်ရှားနိုင်ပါမယ်။

၎။ (က) စုပေါင်းပိုင်အဆောက်အအုံဟာ ဘေးအန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သက်ဆိုင်ရာကသတ်မှတ်လာရင် သက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ဖြိုဖျက်ရမယ်။

ဖြိုဖျက်ခဲ့တဲ့ စုပေါင်းပိုင်မြေပေါ်မှာ စုပေါင်းပိုင် အဆောက်အအုံအဖြစ် ဆောက်လုပ်တာတွေ သို့မဟုတ် တခြားနည်းလမ်း အသုံးပြုတာကို သတ်မှတ်နည်းလမ်းတွေနဲ့အညီ ဆောင်ရွက်သင့်ကြောင်း သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိုက်ခန်းဝယ်ရင် ဘယ်စာချုပ်အရေးကြီးဆုံးလဲ
အမည်ပေါက်ဆီက ဝယ်မှာလား၊ တစ်ဆင့်ဂရန်ဆီက ဝယ်မှာလား
အိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထားအကြောင်း သိကောင်းစရာ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ဘာကြောင့် အနောက်နဲ့ မြောက်ဘက်အရပ်တွေကို ခေါင်းပြုမအိပ်သင့်လဲ
လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ မြို့တွင်းမြေတွေမှာအဆောက်အအုံ ဆောက်ချင်တယ်ဆိုရင်
လက်ရောက်ရလိုမှုတွင် ဖြစ်ပေါ်လာသည့် ပြဿနာနှင့် ရွေးချယ်မှု
အိမ်မှာ လုံးဝမထားသင့်၊ မလုပ်သင့်တဲ့ ဘုန်းကံနိမ့်စေသော အချက် (၄) ချက်
အဝတ်လျှော်စက်ထားရှိအသုံးပြုရာ၌ သိရှိရမည့်အချက်များ
အရိပ်ကုထုံးနှင့် မြန်မာ့အိမ်ရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine