နယူးယောက်တွင် ကန်ဒေါ်လာ ၂၅ ဘီလီယံအကုန်အကျခံဆောက်လုပ်နေသော Hudson Yards မြို့သစ်၏ တစိတ်တဒေသ စတင်ဖွင့်လှစ်

နယူးယောက်တွင် ကန်ဒေါ်လာ ၂၅ ဘီလီယံအကုန်အကျခံဆောက်လုပ်နေသော Hudson Yards မြို့သစ်၏ တစိတ်တဒေသ စတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
15 Mar 2019 12:10 pm တွင် တင်ခဲ့သည်
2011 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်၊ မန်ဟက်တန်အရပ်တွင် ကန်ဒေါ်လာ ၂၅ ဘီလီယံအကုန်အကျခံ ဆောက်လုပ်နေ သော Hudson Yards မြို့သစ်၏ တစိတ်တဒေသဖြစ်သော Vessel ဟု ခေါ်သည့် အဆောက်အအုံကြီးတစ်ခုကို လာမည့်သောကြာနေ့ တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားသည်။

Hudson Yards စီမံကိန်းသည် နယူးယောက်တွင် World Trade Center ကြီးပြန်လည်ဆောက်လုပ်သည့် စီမံကိန်းပြီးလျှင် အကြီးမားဆုံး စီမံကိန်းကြီးတစ်ခုဖြစ်လာသည်။

အပြီးသတ်ဆောက်လုပ်ပြီးစီးပါက မြေအကျယ်အဝန်း ၂၈ ဧက (၁၁ ဟက်တာ) ရှိသည့် စီမံကိန်းတွင် လူနေအိမ်နှင့် ရုံးခန်းများအတွက် တာဝါ ၁၆ ခု၊ ဟိုတယ်တစ်လုံး၊ စာသင်ကျောင်းတစ်ခု၊ အနောက်ပိုင်းတစ်ခွင်တွင် အမြင့်မားဆုံးဖြစ်လာမည့် ရှုမျှော်ခင်းကြည့်ရန်နေရာတို့ ပါဝင်မည့်အပြင် အနုပညာစင်တာတစ်ခုနှင့် ဈေးဝယ်စင်တာတစ်ခုလည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်း၏ ထက်ဝက်ခန့်မှာ အပြီးသတ်နေပြီဖြစ်ပြီး ကျန်ရှိသည်များကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။

ယခုဖွင့်လှစ်လိုက်သော ကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံဆောက်လုပ်ထားသည့် Vessel နှင့် ဝန်းကျင်မှာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်မည့်နေရာတစ်ခုဖြစ်လာဖွယ်ရှိသည်။

ယခင်က ထိုနေရာသည် မီးရထားဝန်းတစ်ခုဖြစ်ပြီး ကားရပ်နားသည့်နေရာလည်းဖြစ်ကာ ခြုံထူလှသော လူသွားလမ်းများမှာ ပြည့်တန်ဆာတို့ ကျက်စားရာအရပ် ဖြစ်ခဲ့သည်။

တန်ချိန် ၃၂၀၀ ခန့်ရှိသည့် အဆောက်အအုံကြီးဖြစ်ပြီး လိုအပ်သည့် စတီးနှင့် ကွန်ကရစ်အစိတ်အပိုင်းများကို အီတလီမှ မှာယူတင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့မှာ ဗဟိုချက်နေရာတစ်ခု ရှိဖို့လိုပါတယ်။ ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခု ရှိဖို့လိုပါတယ်။ ငါတို့ဘယ်မှာတွေ့ကြမယ်…လို့ ချိန်းဆိုတွေ့ဆုံကြမယ့်နေရာမျိုးပေါ့ ”ဟု ယခုစီမံကိန်းကို Oxford Properties Group နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ခဲ့သည့် Related Hudson Yards ၏ ဥက္ကဌ ဂျေးခရော့စ်က ပြောကြားသည်။

ဝင်ကြေးမှာ အခမဲ့ဖြစ်သော်လည်း တန်းစီရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် ကြိုတင်လက်မှတ်များ ရယူနိုင်သည်ဟု ဆိုသည်။

နာမည်ကျော် ကုမ္ပဏီကြီးများဖြစ်သော CNN ၊ ဇိမ်ခံကုန်ပစ္စည်းများ ထုတ်လုပ်သည့် Coach ၊ ဝါနာ မီဒီယာတို့လည်း Hudson Yards စီမံကိန်းတွင် ရုံးစိုက်ရန် စီစဉ်နေကြသည်။

လက်ရှိအားဖြင့် Hudson Yards မှ အရောင်းဈေးကွက်တင်ထားသော ဇိမ်ခံလူနေခန်း ၃၀၀ နီးပါးအနက် ၆၀ ရာခိုင်နှုန်းခန့်မှာ ရောင်းထွက်ခဲ့ပြီးဖြစ်သည်။

ရှုမျှော်ခင်းကြည့်သည့်နေရာကို ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး Hudson Yards ၏ အမြင့်မားဆုံး အဆောက်အအုံများ အနက်မှ အဆောက်အအုံတစ်ခု၏ အထပ် ၁၀၀ မြောက်တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်ရှိသည့် အဆိုပါနေရာသည် ကမ္ဘာကျော် အင်ပိုင်ယာစတိတ်အဆောက်အအုံကြီး၏ ၈၆ ထပ်မြောက်နေရာ ထက် ပေ ၁၀၀ ခန့် ပိုမိုမြင့်မားမည် ဖြစ်ကာ နယူးယောက်မြို့ကြီးနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ငှက်တစ်ကောင်၏ မြင်ကွင်းမျိုးဖြင့် တွေ့မြင်ရမည် ဖြစ်သည်။

The Shed ဟု အမည်ပေးထားသော အနုပညာစင်တာမှာ စတုရန်းပေ ၂၀၀၀၀၀ ( ၁၈၅၈၀ စတုရန်းမီတာ) အကျယ်အဝန်းရှိကာ လာမည့် ဧပြီလ ၅ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service