The Day After Tomorrow သရုပ်ဆောင် ဒင်းနစ် ကွိတ်က လော့စ်အိန်ဂျလိရှိ စံအိမ်ကို ကန်ဒေါ်လာ ၆ သန်းခန့်ဖြင့် ရောင်းချ

The Day After Tomorrow သရုပ်ဆောင် ဒင်းနစ် ကွိတ်က လော့စ်အိန်ဂျလိရှိ စံအိမ်ကို ကန်ဒေါ်လာ ၆ သန်းခန့်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
15 Mar 2019 11:28 am တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ရုပ်ရှင်သရုပ်ဆောင် ဒင်းနစ်ကွိတ်၏ အမည်ရင်းမှာ ဒင်းနစ် ဝီလျံ ကွိတ်ဖြစ်ပြီး တက္ကဆပ်ပြည်နယ်၊ ဟတ်စတန်မြို့တွင် ၁၉၅၄ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် မွေးဖွားသည်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး Dragonheart (၁၉၉၆) ၊ The Day After Tomorrow (၂၀၀၄) ၊ G.I. Joe: The Rise of Cobra (၂၀၀၉)တို့မှာ ထင်ရှားသည်။

ယခုနှစ်အတွင်းတွင်လည်း ဒင်းနစ်ကွိတ် ပါဝင်သရုပ်ဆောင်ထားသော A Dog's Journey ၊ The Intruder နှင့် Midway ဇာတ်ကားများ ထွက်ရှိလာမည် ဖြစ်သည်။

ယခုအခါ ဒင်းနစ်ကွိတ်က လော့စ်အိန်ဂျလိမြို့အနောက်ဘက် ဆန်းဆက် ဘိုလဗာ့ဒ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် ရောင်းချလိုက်သည်ဟု သတင်းထွက်ပေါ်လာသည်။

ဒင်းနစ်ကွိတ်၏ စံအိမ်ကို စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၅ ဒသမ ၁ သန်း ပေးခဲ့ရသည်ဟုဆိုရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်ပါက ကန်ဒေါ်လာ ၈ သိန်းခန့် မြတ်စွန်းမည် ဖြစ်သည်။

၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောနေအိမ်ဖြစ်ပြီး ပြင်ပဗိသုကာလက်ရာမှာ များစွာ စိတ်ကူးယဉ်ဆန်လှသော လက်ရာမျိုးဖြစ်သည်။

မျက်နှာစာကို အသေးစိတ်မွမ်းမံထားရာ ပြတင်းပေါက်အသွင်စုံလင်ခြင်း၊ အင်္ဂတေ သရွတ်နုတို့၏ နူးညံ့ပျော့ပျောင်းသော လက်ရာ၊ စပိန်တောင်ပိုင်း အန်ဒါလူးရှားလက်ရာဟန်များ၊ ဆေးရေးမှန်များ တွေ့ရသည်။နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၆၁၀၀ ခန့်ရှိသည်။

ကျယ်ဝန်းသည့်နေရာရှိသော်လည်း အိပ်ခန်း ၃ ခန်းသာ ပါဝင်သည်။

ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ထားသော်လည်း မူရင်းလက်ရာများစွာကိုလည်း မူရင်းမပျက်ထိန်းသိမ်းထားရာ အဟောင်းနှင့် အသစ်တို့ ဟန်ချက်ညီမှု အလှကို တွေ့ရမည် ဖြစ်သည်။

နေအိမ်အတွင်း မျက်နှာကြက်ထုတ်တန်းတို့ လှစ်ဟဆောက်လုပ်ထားမှု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင်သာထွက်သော ရှားပါးသစ်တစ်မျိုးဖြစ်သည့် redwood ၊ ပျဉ်ကြမ်းခင်းများ၊ မှန်များ အလျှံအပယ်အသုံးပြုထားခြင်း၊ ထုံးကျောက်ဖြင့်ပြုလုပ်ထားသော မီးလင်းဖိုတစ်ခု၊ နေအိမ်တစ်ခုလုံးနှင့် ကွဲပြားနေသော နံရံတစ်ခုတို့ ထည့်သွင်းဆောက်လုပ်ထားသည်။

ညစာစားခန်းတွင် နံရံပြင်ပသို့ ခုံးထွက်ဆောက်လုပ်ထားကာ ဆေးရေးမှန်များ တပ်ဆင်ထားသည့် bay window အမျိုးအစား ပြတင်း၊ ညစာစားခန်းနှင့် မီးဖိုဆောင်ကို ပေါင်းစည်းထားသည့်အခန်းတို့ကို တွေ့ရသည်။ရုပ်ရှင်ကြည့်ခန်းတွင်လည်း bay window အမျိုးအစား ပြတင်းနှင့် ရောင်စုံမှန်များ တပ်ဆင်ပေးထားသည်ကို တွေ့ရ၏။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service