ကွန်ဒိုစီမံခန့် ခွဲမှုကော်မတီက နှစ်လအတွင်းစီမံကိန်း (၁၉) ခုကို လိုင်စင်ထုတ်ပေး - Property News in Myanmar from iMyanmarHouse.com
452 ကြိမ် ကြည့်ရှု့ ပြီး

ကွန်ဒိုစီမံခန့် ခွဲမှုကော်မတီက နှစ်လအတွင်းစီမံကိန်း (၁၉) ခုကို လိုင်စင်ထုတ်ပေး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီကနှစ်လအတွင်း ကုမ္ပဏီပေါင်း ၁၉ ခုကို လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက ဖွဲ့ စည်းခဲ့တဲ့ ကွန်ဒိုမီနီယံ စီမံခန့် ခွဲရေးကော်မတီက ကုမ္ပဏီပေါင်း ၁၉ ခုကို လိုင်စင်ထုတ်ပေးခဲ့ခြင်းလည်းဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံဥပဒေပေါ်ပေါက်ပြီးနောက် လိုအက်နေတဲ့ ကွန်ဒိုမီနီယံစီမံခန့် ခွဲရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကဖွဲ့ စည်းပေးခဲ့ခြင်းဖြစ်ကာ ကွန်ဒိုတည်ဆောက်မည့်သူများ၏ အရေအသွေးသတ်မှတ်ချက်များကိုစိစစ်ပြီး အဆိုပါကော်မတီက ခွင့်ပြုနေခြင်းလည်းဖြစ်ပါတယ်။

 

ခွင့်ပြုလိုက်တဲ့ အဆောက်အအုံတွေထဲမှာ နာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီတွေရေအထပ်မြင့်စီမံကိန်းတွေပါဝင်လာပြီး ရန်ကုန်မြို့ ရဲ့ အချက်အချာနေရာတွေမှာ တည်ဆောက်ခွင့်ရရှိသွားတာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ(ကွန်ဒို) မှတ်ပုံတင်ရုံးကိုဖေဖော်ဝါရီလ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူလုပ်ငန်းလိုင်စင် လျှောက်ထားလာသည့် ကုမ္ပဏီများမှာလည်း များပြားလာခဲ့ပါတယ်။

လက်ရှိမှာစုပေါင်းပိုင်အဆောက်အအုံဥပဒေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ နည်းဥပဒေ ထွက်ပေါ်လာခြင်းမရှိသေးတာကြောင့် နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချမည့်သူများမှာ စောင့်ဆိုင်နေရခြင်းလည်းဖြစ်သည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တန်းလျားအိမ်တန်းရှည် အခန်းဖွဲ့ ငှါးစားမယ်လေ
ဒေါ်လာဈေးကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ စောင့်ကြည့်ရအုံးမယ်
မြို့ကြီး သုံးမြို့က အငှားအိမ်ရာ (၈၀၀)ကျော် အောက်တိုဘာအပြီး တည်ဆောက်မည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စံအိမ်များ
ဟိုတယ်ဈေးကွက် ဒစ်ဂျစ်တယ်မားကက်တင်း လိုအပ်နေ
မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဂျပန်ယန်းဘီလျံ ၈၀ ကျော်ချေးရန် လွှတ်တော်ခွင့်ပြု
နွေရာသီအပန်းဖြေလိုသူများအား ခရီးစရိတ်၊ တည်းခိုနေထိုင်ရန် အခမဲ့အပြင် ယူရို ၉၀၀ ထောက်ပံ့ပေးမည်...
နိုင်ငံခြားဘဏ်ခွဲများ ထပ်မံခွင့်ပြုဦးမည်
ECO Green City လုပ်ငန်းများ စတင် တန်ဖိုးနည်းအိမ်ရာများ ပါဝင်
မြို့သစ်တည်ဆောက်မှုတွေနဲ့ အတူ အိမ်ရာတွေပေါ်ပေါက်လာမှာလား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine