တိုကျို၏ အိမ်ခြံမြေဈေးနှုန်းများမှာ အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် နီးစပ်လျက်ရှိနေပြီ

တိုကျို၏ အိမ်ခြံမြေဈေးနှုန်းများမှာ အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် နီးစပ်လျက်ရှိနေပြီ - Property News in Myanmar from iMyanmarHouse.com
20 Feb 2019 11:54 am တွင် တင်ခဲ့သည်
662 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်နိုင်ငံတွင် သွင်းအားစုအရင်းအမြစ်တို့၏ စရိတ်များမြင့်တက်ခြင်း၊ လုပ်သားရှားပါးမှုဆိုးရွားလာခြင်းနှင့် အတိုးနှုန်း နည်းပါးစွာဖြင့် လွယ်လင့်တကူရရှိလာသော ငွေကြေးများသည် တိုကျို၏ အိမ်ခြံမြေဈေးနှုန်းများကို အိမ်ခြံမြေပူပေါင်းပေါက်ကွဲမှုဖြစ်စဉ်ကြီး ဖြစ်ပွားခဲ့စဉ်က ဈေးနှုန်းများနှင့် နီးစပ်လျက်ရှိနေပြီဖြစ်ကြောင်း ဂျပန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြီးခဲ့သောနှစ်အတွင်း တိုကျိုတွင် ကွန်ဒိုခန်းသစ်များ၏ ဈေးနှုန်းများမှာ 1 tsubo ( ၃ ဒသမ ၃ စတုရန်းမီတာ) လျှင် ယန်းငွေ ၂ ဒသမ ၈၇ သန်း (ကန်ဒေါ်လာ ၂၅၉၇၄) အထိ ဈေးပေါက်ခဲ့ကြောင်း ပုဂ္ဂလိက သုတေသနကုမ္ပဏီတစ်ခုဖြစ်သော Real Estate Economic Institute ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဂျပန်တွင် အိမ်ခြံမြေပူပေါင်းပေါက်ကွဲမှုဖြစ်စဉ်ကြီးမပေါ်မီ ၁၉၉၀ ခန့်က ယန်းငွေ ၃ ဒသမ ၀၈ သန်းအထိ ဈေးပေါက်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ၁၉၈၀ ပြည့်လွန် နှောင်းပိုင်းကာလများအတွင်း အိမ်ခြံမြေဈေးနှုန်းများ အလွန်ခေါင်ခိုက်ခဲ့ဖူးသည်။

ဂျပန်၏ လုပ်သားအင်အားရှားပါးမှုကြောင့် ဆောက်လုပ်ရေးကုမ္ပဏီများအတွက် လုပ်သားစရိတ်မြင့်တက်မှုများ၊ ကုန်ကြမ်းပစ္စည်းဈေး မြင့်တက်မှုများ ကြုံလာရသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ မြေနေရာရရှိရေးအတွက် ပြိုင်ဆိုင်ရမှု အလွန်ပြင်းထန်လာခြင်းကလည်း အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာစေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်လာခဲ့သည်။

Bank of Japan က အတိုးနှုန်းနည်းပါးသည့် မူဝါဒကို ၂၀၁၃ ခုနှစ်ကတည်းက အကောင်အထည်ဖော်နေခဲ့ခြင်းမှာ ဈေးကွက်ကို ပုံပျက်သွားစေပြီး ယခုအချိန်တွင် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ငွေကြေးများစွာ စီးဝင်လာကြောင်း Tokai Tokyo သုတေသနစင်တာမှ စီးပွားရေးပညာရှင် ဟီရိုအာခီ မူတိုက ပြောကြားသည်။

“ဒီအခြေအနေက ၂၀၂၁ ခုနှစ်အထိ ဆက်ဖြစ်နေဦးမယ်လို့ ကျွန်တော်ယူဆပါတယ်”ဟု ဟီရိုအာခီမူတိုက ပြောကြားပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးလာခြင်းကြောင့် Bank of Japan အနေဖြင့် အဆိုပါမူဝါဒကို တင်းကြပ်မှု ပြန်လည်ပြုလုပ်ရန် အခက်ကြုံရလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service