ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် အိမ်ခြံမြေလောက၌ ငွေကြေးခဝါချမှုဖြစ်စဉ်များကို ဖြေရှင်းနေရပြီး နှစ်စဉ် ကန်ဒေလာ ၁ ထရီလီယံကျော်ဖိုးရှိနေ

ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် အိမ်ခြံမြေလောက၌ ငွေကြေးခဝါချမှုဖြစ်စဉ်များကို ဖြေရှင်းနေရပြီး နှစ်စဉ် ကန်ဒေလာ ၁ ထရီလီယံကျော်ဖိုးရှိနေ - Property News in Myanmar from iMyanmarHouse.com
20 Feb 2019 11:40 am တွင် တင်ခဲ့သည်
485 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေလောက ငွေကြေးခဝါချမှုဖြစ်ရပ်များကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများမှ ကိုင်တွယ်ဖြေရှင်းနေရပြီး တန်ဖိုးအားဖြင့် နှစ်စဉ် ကန်ဒေါ်လာ ၁ ဒသမ ၆ ထရီလီယံဖိုးခန့်ရှိနေကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြီးခဲ့သောနှစ်အတွင်း ဗင်နီဇွဲလားမှ ရုပ်သံဌာနအကြီးအကဲတစ်ဦး၊ အဇာဘိုင်ဂျန်နိုင်ငံမှ ဘဏ်အရာရှိတစ်ဦးတို့သည် ကမ္ဘာပေါ်ရှိ တန်ဖိုးကြီး အိမ်ခြံမြေအချို့ကို တရားမဝင်ရရှိထားသည့်ငွေကြေးများဖြင့် ဝယ်ယူခဲ့မှုမှာ လူသိများခဲ့သည်။

ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ရှိ ကနေဒါဒေါ်လာ ၂၂ သန်း (ကန်ဒေါ်လာ ၁၆ ဒသမ ၈ သန်း)တန် နေအိမ်တစ်လုံး၊ နယူးယောက်မြို့ မန်ဟက်တန်အရပ်ရှိ ကန်ဒေါ်လာ ၈ ဒသမ ၈၅ သန်းတန် အိပ်ခန်း ၄ ခန်းပါ penthouse ခန်းတစ်ခန်း၊ လန်ဒန်မြို့ နိုက်စ်ဘရစ်ခ်ျအရပ်ရှိ အိပ်ခန်း ၅ ခန်းပါ ပေါင် ၁၁ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်း) တန်ကြေးရှိ နေအိမ်တစ်လုံးတို့ ပါဝင်ခဲ့သည်။

အိမ်ခြံမြေကဏ္ဍမှတဆင့် ငွေကြေးခဝါချခြင်းသည် ကြီးထွားလာနေပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ကာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁ ဒသမ ၆ ထရီလီယံဖိုးခန့်အထိရှိနေကြောင်း Accuity ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

“ဒါမျိုးတွေဟာ သြစတေးလျ၊ အမေရိကနဲ့ ဗြိတိန်လိုနိုင်ငံမျိုးတွေမှာ သိသိသာသာမြင့်တက်လာနေပါတယ်။ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အိမ်ခြံမြေ အများအပြားဟာ နိုင်ငံရေး (ဒါမှမဟုတ်) ရာဇဝတ် လှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်နေပါတယ်”ဟု Accuity ၏ ကူးသန်းရောင်းဝယ်ရေး မဟာဗျူဟာဆိုင်ရာ လက်ထောက်ဥက္ကဌ ပက်ထရစ် ဟင်းချင်က ပြောကြားသည်။

အထက်ပါအကြောင်းရပ်မှာ အိမ်ခြံမြေလောကအနေဖြင့် သတိပြုရမည့်အကြောင်းရပ်ဖြစ်ပြီး ရာဇဝတ်မှုကျူးလွန်သူများသည် ငွေကြေးခဝါချရန်အတွက် အိမ်ခြံမြေကို အနှစ်သက်ဆုံးဖြစ်ကြကြောင်း နယ်သာလန်နိုင်ငံ၊ Utrecht တက္ကသိုလ်မှ ပါမောက္ခ၊ ငွေကြေးခဝါချမှုဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်ဖြစ်သူ ဘရစ်ဂျစ် အန်းဂါက ပြောကြားသည်။

မစ္စက် အန်းဂါသည် ဗန်ကူးဗားမြို့တွင် ခြေရာခံမရနိုင်သော အိမ်ခြံမြေဝယ်ယူမှုများကို မည်သို့စီမံကွပ်ကဲရမည်နှင့် စပ်လျဉ်း၍ အချက်အလက်ရှာဖွေရေးအဖွဲ့တွင် ပါဝင်သူလည်း ဖြစ်သည်။

ထိုသို့ ငွေကြေးခဝါချဝယ်ယူမှုများကြောင့် ဗန်ကူးဗား၏ အိမ်ခြံမြေဈေးနှုန်းများ များစွာမြင့်တက်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရာဇဝတ်မှုကျူးလွန်သူတို့သည် အိမ်ခြံမြေဈေးကောင်းသော မြို့ကြီးများတွင် အမည်ခံကုမ္ပဏီတစ်ခုကို အသုံးပြု၍ အိမ်ခြံမြေများ ဝယ်ယူကြပြီး ပြန်လည်အငှားချထားခြင်း (သို့မဟုတ်) ပြုပြင်မွမ်းမံကာ အမြတ်တင်၍ ပြန်လည်ရောင်းထုတ်လေ့ရှိကြကြောင်း မစ္စက် အန်းဂါက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service