ရန်ကုန်မြို့တွင် Serviced Apartment အခန်း ၂၂၄၀ ဝန်းကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် အခန်းငှားရမ်းခ သုံးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ ကျဆင်း

ရန်ကုန်မြို့တွင် Serviced Apartment အခန်း ၂၂၄၀ ဝန်းကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် အခန်းငှားရမ်းခ သုံးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ ကျဆင်း - Property News in Myanmar from iMyanmarHouse.com
18 Feb 2019 11:50 am တွင် တင်ခဲ့သည်
1057 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့တွင် Serviced Apartment (အဆင့်မြင့်ဝန်ဆောင်မှုပါသော တိုက်ခန်း) အခန်း ၂၂၄၀ ဝန်းကျင်ရှိလာပြီး ၂၀၁၈ ခုနှစ်အတွင်း အခန်းသစ်ထွက်ရှိမှုနည်းပါးခဲ့သော်လည်း အခန်းငှားရမ်းခများ သုံးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဈေးကွက်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Collier International (Myanmar) မှ ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်ဈေးကွက် အစီရင်ခံစာအရ သိရသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ Kantharyar Serviced Residences သည် ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ဈေးကွက်ဝင်ခဲ့ခြင်းကြောင့် ယခင်သုံးလပတ်ထက် အခန်းအရေအတွက် ၁၄ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အခန်းပေါင်း ၂၂၄၀ ဝန်းကျင်ရှိလာခဲ့သည်။ လာမည့်သုံးနှစ်အတွင်း ပျမ်းမျှတိုးတက်မှုနှုန်း ၁၆ ရာခိုင်နှုန်းရှိမည်မျှော်မှန်းထားပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တည်ဆောက်ဆဲ စီမံကိန်း ၁၀ ခုမှအခန်းပေါင်း ၂၄၀၀ ဝန်းကျင် ထပ်မံထွက်ရှိနိုင်သည်။

အဆင့်မြင့်ဝန်ဆောင်မှုတိုက်ခန်းဈေးကွက်သည် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသင့်တင့်သည့် ဝန်ဆောင်မှုတိုက်ခန်းများအား ငှားရမ်းလိုသူပိုမိုများပြားလာသည်။ ငှားရမ်းလိုသူအချို့က ကုန်ကျစရိတ်လျှော့ချသည့်အနေဖြင့် အခန်းငယ်များကို ပိုမိုရွေးချယ်မှုများ လာရာ အိပ်ခန်းတစ်ခန်း၊ အိပ်ခန်းနှစ်ခန်းနှင့် Penthouse တိုက်ခန်းများ ပိုမိုဈေးကွက်ဝင်လာသည်။

ဝန်ဆောင်မှု တိုက်ခန်းငှားရမ်းမှုနှုန်းထားသည် လက်ရှိအတိုင်းဆက်သွားမည်မျှော်မှန်းထားသော်လည်း အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသည့်အခန်းများ ပိုမို အလားအလာကောင်းနေသည်။ အခန်းအရေအတွက်လည်း ဆက်လက်တိုးတက်နေမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အခန်းပေါင်း ၃၀၀၀ ဝန်းကျင်၊ ၂၀၂၂ ခုနှစ်တွင် အခန်းပေါင်း ၄၈၀၀ ဝန်းကျင်အထိရှိလာမည်ဟု မျှော်မှန်းထားသည်။

၂၀၂၀ ပြည့်နှစ်တွင် အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းများ၏ ၆၇ ရာခိုင်နှုန်းသည် ရန်ကုန်မြို့အချက်အချာနေရာများတွင် တည်ရှိမည်ဟု မျှော်မှန်းထားပြီး ဗဟန်းနှင့် ရန်ကင်းမြို့နယ်တို့သည် ရေပန်းအစားဆုံးဖြစ်သည်။ လက်ရှိအဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းများ ၏ ၃၄ ရာခိုင်နှုန်းသည် အိပ်ခန်းတစ်ခန်းပါအခန်းများဖြစ်ပြီး အိပ်ခန်းနှစ်ခန်းပါအခန်း မှာ ၃၃ ရာခိုင်နှုန်း၊ အိပ်ခန်းသုံးခန်းပါအခန်းမှာ ၂၆ ရာခိုင်နှုန်း၊ အိပ်ခန်းလေးခန်းပါအခန်းမှာ လေးရာခိုင်နှုန်းနှင့် Studio အခန်းမှာ သုံးရာခိုင်နှုန်းရှိသည်။

ငှားရမ်းမှုနှုန်းထားအနေဖြင့် ၂၀၁၇ ခု နှစ် ဒုတိယသုံးလပတ်တွင် ၈၇ ဒသမ ၂ ရာ ခိုင်နှုန်း၊ တတိယသုံးလပတ်တွင် ၇၇ ဒသမ ၉ ရာခိုင်နှုန်း၊ စတုတ္ထသုံးလပတ်တွင် ၈၁ ရာ ခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် ၈၂ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ဒုတိယသုံးလ ပတ်တွင် ၈၃ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်တွင် ၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၇၉ ရာခိုင် နှုန်းအထိရှိခဲ့သည်။

ငှားရမ်းခအနေဖြင့် ၂၀၁၈ ခုနှစ် စတုတ္ထ သုံးလပတ်တွင် အိပ်ခန်းတစ်ခန်းပါအခန်း၊ အိပ်ခန်းနှစ်ခန်းပါအခန်း၊ အိပ်ခန်းလေးခန်းပါ အခန်းများ ယခင်သုံးလပတ်နှင့်ယှဉ်ပါက ဈေးနှုန်းများ သုံးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်း အထိကျဆင်းခဲ့သည်။ လက်ရှိ ပျမ်းမျှတစ်လ ငှားရမ်းခနှုန်းများမှာ Studio ခန်းမှာ ဒေါ်လာ ၂၀၀၀၊ အိပ်ခန်းတစ်ခန်းပါအခန်းမှာ ဒေါ် လာ ၃၅၀၀၊ အိပ်ခန်းနှစ်ခန်းပါအခန်းမှာ ဒေါ်လာ ၄၅၀၀၊ အိပ်ခန်းသုံးခန်းပါ အခန်းမှာ ဒေါ်လာ ၅၅၀၀၊ အိပ်ခန်းလေးခန်းပါအခန်းမှာ ဒေါ်လာ ၇၀၀၀ ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service