ဇိမ်ခံအိမ်ဈေးဖွံ့ဖြိုးမှု ၂၀၁၉ ၌ ကမ္ဘာတစ်ဝန်းတွင် လျော့ကျမည်

ဇိမ်ခံအိမ်ဈေးဖွံ့ဖြိုးမှု ၂၀၁၉ ၌ ကမ္ဘာတစ်ဝန်းတွင် လျော့ကျမည် - Property News in Myanmar from iMyanmarHouse.com
18 Feb 2019 11:32 am တွင် တင်ခဲ့သည်
603 ကြိမ် ကြည့်ရှု့ပြီး

ယခုနှစ်တွင် ဟောင်ကောင်၊ မွန်ဘိုင်းနှင့် ဒူဘိုင်းတို့၏ ဇိမ်ခံလူနေအိမ်ဈေးဖွံ့ဖြိုးမှု ထက်ဝက်လျော့ကျမည်ဟု ခန့်မှန်းရကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ဇိမ်ခံအိမ်ဈေးများသည် အိမ်ခြံမြေဈေးကွက်စည်းမျဉ်းများ၊ မြင့်တက်လာသော ဘဏ္ဍာရေးကုန်ကျစရိတ်များ၊ ပထဝီနိုင်ငံရေးမတည်ငြိမ်မှုနှင့် ဇိမ်ခံအိမ်သစ်ရောင်းလိုအားမြင့်မားမှုတို့၏ ဖိအားများကို မလွန်ဆန်နိုင်ဘဲ အခြေအနေမကောင်းဘဲရှိနေကြောင်း Knight Frank ၏ ကမ္ဘာလုံးဆိုင်ရာ ၂၀၁၉ အလားအလာအစီရင်ခံစာအရ သိရသည်။

ကမ္ဘာတစ်ဝန်း မြို့ကြီး ၄၃ ခုရှိ ဇိမ်ခံအိမ်ဈေးများကို လေ့လာကာ ထုတ်ပြန်ခဲ့သည့် ၎င်း Knight Frank ၏ ကမ္ဘာ့မြို့ကြီးများမှ ဇိမ်ခံအိမ်ဈေးညွှန်းကိန်းက ၂၀၁၂ ခုနှစ်ကတည်းက အနိမ့်ဆုံးဖွံ့ဖြိုးနှုန်းကို ဖော်ပြလိုက်သည်။

အစီရင်ခံစာတွင် လေ့လာခဲ့သည့် မြို့ကြီးများအနက် ဟောင်ကောင်နှင့် မွန်ဘိုင်းတို့က ၁၀ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းစီဖြင့် ဒီဇင်ဘာာလအထိ ၂၀၁၉ ခုနှစ်အတွင်း ဇိမ်ခံအိမ်ဈေးများ အများဆုံးကျဆင်းမည်ဖြစ်ပြီး ဒူဘိုင်းတွင်လည်း ဇိမ်ခံအိမ်ဈေး ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ဆန့်ကျင်ဘက်အားဖြင့် မက်ဒရစ်၊ ဘာလင်နှင့် ပဲရစ်တို့က အများဆုံးဖွံ့ဖြိုးနှုန်းအဖြစ် ၆ ရာခိုင်နှုန်းစီဖြင့် ဈေးနှုန်းများ ဦးဆောင်မြင့်တက်မည်ဖြစ်ကြောင်း သိရသည်။ စင်္ကာပူနှင့် နယူးယောက်စီးတီးတို့တွင်မူ ယမန်နှစ်ဈေးနှုန်းများအတိုင်း မပြောင်းလဲဘဲဆက်လက်ရှိမည်ဟု ခန့်မှန်းထားသည်။

ယခုအခါ ဇိမ်ခံအိမ်ဈေးများသည် ထင်ရှား၍ အဖိုးတန်ပြီး ဘေးကင်းလုံခြုံသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ကြွယ်ဝချမ်းသာသူများအကြား ရှုမြင်ခံလာရကြောင်း Knight Frank ၏ ဈေးကွက်ဆန်းစစ်လေ့လာသူများက အဆိုပါအစီရင်ခံစာတွင် ရေးသားခဲ့သည်။

ယခုနှစ်အတွက် လာမည့်နှစ်တွင် ထုတ်ပြန်မည့် ဇိမ်ခံအိမ်ဈေးကွက်အဆင့်စာရင်းများတွင် ဟောင်ကောင်၊ စင်္ကာပူ၊ ဗန်ကူးဗားနှင့် နယူးဇီလန်တို့သည် အဆင့်များကျဆင်းဖွယ်ရှိကြောင်းလည်း Knight Frank က ဖော်ပြခဲ့သည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service