ပုသိမ်မြို့ ဥမ္မာဒန္တီအိမ်ရာနှင့် ပြည်တော်သာအိမ်ရာများရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများသား ရောင်းချပေးသွားမည်

ပုသိမ်မြို့ ဥမ္မာဒန္တီအိမ်ရာနှင့် ပြည်တော်သာအိမ်ရာများရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများသား ရောင်းချပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
14 Feb 2019 11:12 am တွင် တင်ခဲ့သည်
1087 ကြိမ် ကြည့်ရှု့ပြီး

ပုသိမ်မြို့ရှိ ဥမ္မာဒန္တီအိမ်ရာနှင့် ပြည်တော်သာအိမ်ရာများရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများအား လက်ငင်းငွေချေစနစ်၊ အရစ်ကျငွေချေ စနစ်များဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ သတင်းများအရ သိရသည်။

လက်ငင်းငွေ ချေစနစ်နှင့် ရောင်းချပေးသွားမည်ဖြစ်သကဲ့သို့ တိုက်ခန်းတန်ဖိုး၏ သုံးဆယ်ရာခိုင် နှုန်းမှ ငါးဆယ်ရာခိုင်နှုန်းအား ဆောက်လုပ်ရေး ဝန်ကြီးဌာန CHID Bank တွင်အိမ်ရာငွေစုစာရင်း ဖွင့် လှစ်ထားသူများကိုလည်း ရောင်းချ ပေးသွားမည်ဖြစ်သည်။

လက်ငင်းငွေ ဝယ်ယူ လိုသူများအား ဖေဖော်ဝါရီ ၄ ရက်မှ ၂၈ ရက်အတွင်း ဦးရာသူ စနစ်နှင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဘဏ်ချေးငွေဖြင့် အရစ်ကျဝယ် ယူလိုသူများအနေနှင့် ဖေဖော်ဝါရီ ၄ ရက်မှ ၂၈ ရက်အတွင်း ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ဝယ်ယူလိုသည့် အခန်းတန်ဖိုး၏ သုံးဆယ်ရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင်နှုန်းအထိ ကနဦးပေး သွင်းကြရမည်ဖြစ်သည်။

မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနမှ ဘဏ်စုဆောင်းငွေ စာရင်းအတိုင်း၊ စာရင်းပြန်လည်ပြုစုကာ မတ်လ ၁ ရက်တွင် CHID BanK မှ ပြန်လည် ပေးပို့လာသည့် ဘဏ်စုဆောင်းငွေ စာရင်း အမှတ်စဉ်အလိုက် အဆိုပါ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အခန်းများကို မဲနှိုက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဘဏ်ချေးငွေဖြင့် အရစ်ကျ ဝယ် ယူလိုသူများအနေနှင့် အိမ်ရာစုဆောင်း ငွေဘဏ်စာရင်းဖွင့်လှစ်ထားသည့် အမည်ဖြင့်သာ ဝယ်ယူခွင့်ရရှိမည် ဖြစ်ပြီး အမည်ပြောင်းလဲချေးငွေရယူ ခြင်းကို လုံးဝခွင့်မပြုဟုဆိုသည်။ အဆိုပါ တိုက်ခန်းများအား ပထမဦးစားပေးအဖြစ် လက်ငင်းငွေ အကြေပေးချေသူများ ဒုတိယဦးစား ပေးအဆင့်တွင် တိုက်ခန်းတန်ဖိုး၏ ငါးဆယ်ရာခိုင်နှုန်းပေးသွင်းသူများ၊ တတိယ ဦးစားပေးအဖြစ် တိုက်ခန်းတန်ဖိုး၏ သုံးဆယ်ရာခိုင်နှုန်းပေးသွင်းသူများကို ရောင်းချပေးသွားမည် ဖြစ်သည်။

ဘဏ်ချေးငွေကာလကို အများဆုံး ၁၅ နှစ် သို့မဟုတ် ဝင်ငွေ နှင့် လစဉ်ပေးဆပ်ရမည့် ငွေလျော်ညီ မှုရှိပါက ၁၅ နှစ်အောက်သို့ အဆိုပြု လျှောက်ထားနိုင်ကြောင်း ဘဏ်ချေး ငွေဖြင့် မကြာသေးမီကာလအတွင်း ဝယ်ယူသူများအနေနှင့် မိမိတို့ဝယ်ယူ ထားသည့် တိုက်ခန်းတန်ဖိုးပေါ်တွင် မီးနှင့် သဘာဝဘေးအန္တရာယ်အာမခံ အကာအကွယ်ကိုနှစ်စဉ်ထားရှိရမည် ဖြစ်ပြီး ကျသင့်သည့် ပရီမီယံကြေးကို ငွေချေးသူမှ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာများအား ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနက ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက်တွင် တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာများ တွင် ရှစ်ခန်းတွဲ၊ ခြောက်ထပ်နှင့် ခြောက်ခန်းတွဲငါးထပ်။ တန်ဖိုးသင့် အိမ်ရာများတွင် နှစ်ခန်းတွဲလေးထပ် နှင့် လေးခန်းတွဲ ခြောက်ထပ်အဆောက် အအုံများပါဝင်သည်။

Credit: Myanmar Market Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service