အွန်လိုင်းမှတစ်ဆင့် မှတ်ပုံပြန်မတင်သည့်ကုမ္ပဏီ ၁၃,၀၀၀ ကျော်ကို ကုမ္ပဏီစာရင်း ပယ်ဖျက်မည်

အွန်လိုင်းမှတစ်ဆင့် မှတ်ပုံပြန်မတင်သည့်ကုမ္ပဏီ ၁၃,၀၀၀ ကျော်ကို ကုမ္ပဏီစာရင်း ပယ်ဖျက်မည် - Property News in Myanmar from iMyanmarHouse.com
863 ကြိမ် ကြည့်ရှု့ ပြီး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

ပြန်လည်မှတ်ပုံမတင် သည့် ကုမ္ပဏီ ၁၃,၀၀၀ ကျော်ကို ကုမ္ပဏီစာရင်းမှ ပယ်ဖျက်မည် ဖြစ်ပြီး ၂ နှစ်အတွင်း ထိုကုမ္ပဏီ နာမည်ပြန်လည်သုံးစွဲခွင့်ပေးမည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ် ပြန်သည်။

၂၀၁၇ တွင် အတည်ပြု ပြ ဋ္ဌာန်းခဲ့သည့် ကုမ္ပဏီဥပဒေအရ ပြည်တွင်းရှိ ကုမ္ပဏီခြောက်သောင်းကျော်သည် ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရပြီး ယင်းတို့အနက် ကုမ္ပဏီ ၄၇,၀၀၀ ကျော်သာ ပြန်လည်မှတ်ပုံတင်ခဲ့ သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန် ကြားရေးမှူးဦးမျိုးမင်းက ပြောသည်။

ကျန်ရှိသည့် ကုမ္ပဏီများကို ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း ပြန်လည်မှတ်ပုံတင်ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ခိုင်လုံသောအကြောင်းပြချက်ရှိမှသာ ဒဏ်ကြေးပေး၍ ပြန်လည်မှတ်ပုံတင်နိုင်မည် ဖြစ်ကာ ခိုင်လုံသောအကြောင်း ပြချက်မရှိပါက ကုမ္ပဏီစာရင်းကို ပယ်ဖျက်မည်ဖြစ်သည်။

‘‘ စီးပွားရေးဆက်လုပ်ချင် မှတ်ပုံတင်အသစ်တင်လိုက်ပါ။ မြန်မာတွေကရပါတယ်ဆိုတဲ့ အကျင့်ကိုတော့ အချိန်ပေးပြီးဖြစ်လို့ ဒီအချိန်မှာမရတော့ဘူး’’ ဟု ဦးမျိုးမင်းက ပြောသည်။

စာရင်းပယ်ဖျက်ခံရသည့် ကုမ္ပဏီများသည် တရားရုံးဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် ကွန်ပျူတာစနစ်အတွင်း ၂ နှစ်ခန့် သိမ်းထားခံရမည်ဖြစ်ပြီး ထို ၂ နှစ်အတွင်း အဆိုပါအမည်ကို သုံးစွဲခွင့်ပေးမည် မဟုတ်ဟုဆိုသည်။

‘‘ဇန်နဝါရီ ၃၁ ရက်မှာပြီး သွားတော့အခုပြန်လည်စိစစ်နေ ပါတယ်။ မှတ်ပုံတင်တာတွေပယ်ဖျက်သွားတော့မှာပါ’’ ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာမာလာမျိုးညွန့် ကပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်ညဈေးသစ်ရှိ ပိတ်ထားသောဆိုင်ခန်းခများကို ညှိနှိုင်းပေးမည်
ရန်ကုန်ညဈေးသစ်ရှိ ပိတ်ထားသောဆိုင်ခန်းခများကို ညှိနှိုင်းပေးမည်
မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိဟုဆိုခြင်းကို မယုံကြည်ကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ပြောကြား...
မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိဟုဆိုခြင်းကို မယုံကြည်ကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ပြောကြား...
နှာခေါင်းစည်းများဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရန် လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန်တို့တွင် ထုတ်လုပ်ရန်ပြင်ဆင်...
နှာခေါင်းစည်းများဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရန် လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန်တို့တွင် ထုတ်လုပ်ရန်ပြင်ဆင်...
စက်ရုံ၊ အလုပ်ရုံများ ယာယီရပ်ဆိုင်းထားရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရနှင့် ကိုရီးယားတို့ဆွေးနွေး...
စက်ရုံ၊ အလုပ်ရုံများ ယာယီရပ်ဆိုင်းထားရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရနှင့် ကိုရီးယားတို့ဆွေးနွေး...
ကိုရိုနာဗိုင်းရပ်စ်၏ လူသိနည်းသည့် အစောပိုင်းရောဂါလက္ခဏာ ၄ ရပ်
ကိုရိုနာဗိုင်းရပ်စ်၏ လူသိနည်းသည့် အစောပိုင်းရောဂါလက္ခဏာ ၄ ရပ်
ကိုရိုနာဗိုင်းရပ်စ်သည် စကားပြောရာမှပင်လျှင် ကူးစက်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက အိမ်ဖြူတော်သို့ တင်ပြ...
ကိုရိုနာဗိုင်းရပ်စ်သည် စကားပြောရာမှပင်လျှင် ကူးစက်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက အိမ်ဖြူတော်သို့ တင်ပြ...
COVID-19 ကပ်ရောဂါတိုက်ဖျက်ရန် အမေရိကန်က မြန်မာကို ဒေါ်လာ သုံးသန်းကျော်ပေး
COVID-19 ကပ်ရောဂါတိုက်ဖျက်ရန် အမေရိကန်က မြန်မာကို ဒေါ်လာ သုံးသန်းကျော်ပေး
COVID-19 ကြောင့် စိုက်ပျိုးစရိတ်ချေးငွေအတိုးများ လျှော့ချ
COVID-19 ကြောင့် စိုက်ပျိုးစရိတ်ချေးငွေအတိုးများ လျှော့ချ
ပို့ကုန်သွင်းကုန်လိုင်စင်များကို အွန်လိုင်းပေါ်မှ ထုတ်ပေးမှုအား ဧပြီ ၁ ရက်မှစတင် ဆောင်ရွက်သွားမည်...
ပို့ကုန်သွင်းကုန်လိုင်စင်များကို အွန်လိုင်းပေါ်မှ ထုတ်ပေးမှုအား ဧပြီ ၁ ရက်မှစတင် ဆောင်ရွက်သွားမည်...
Lucky Strike စီးကရက်ထုတ်လုပ်သော ကုမ္ပဏီက ဆေးရွက်ကြီးဖြင့် ကိုရိုနာဗိုင်းရပ်စ် ကုသဆေး ထုတ်လုပ်နိုင်တော့မည်၊ ဇွန်လမှ စတင်ပြီး ရက်သတ္တပတ်လျှင် ကုသဆေး ၃ သန်းနှင့်အထက် ထုတ်လုပ်နိုင်မည်...
Lucky Strike စီးကရက်ထုတ်လုပ်သော ကုမ္ပဏီက ဆေးရွက်ကြီးဖြင့် ကိုရိုနာဗိုင်းရပ်စ် ကုသဆေး ထုတ်လုပ်နိုင်တော့မည်၊ ဇွန်လမှ စတင်ပြီး ရက်သတ္တပတ်လျှင် ကုသဆေး ၃ သန်းနှင့်အထက် ထုတ်လုပ်နိုင်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)