အိမ်ခြံမြေအကျိုးဆောင်အချို့ ချမ်းသာကြွယ်ဝမလာကြခြင်း၏ အကြောင်းရင်း

အိမ်ခြံမြေအကျိုးဆောင်အချို့ ချမ်းသာကြွယ်ဝမလာကြခြင်း၏ အကြောင်းရင်း - Property News in Myanmar from iMyanmarHouse.com
7 Feb 2019 12:27 pm တွင် တင်ခဲ့သည်
1152 ကြိမ် ကြည့်ရှု့ပြီး

( luxuryagent.com နှင့် Valore Group (https://www.ipre.com/ ) တို့ကို တည်ထောင်သူ Kevin M. Leonard ရေးသားသော Why most real estate agents never get rich ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

အမေရိကတွင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို ချမ်းသာခြင်းသို့ သွားသောလမ်းကြောင်းတစ်ခုအဖြစ် မှတ်ယူကြခြင်းမရှိချေ။

အမေရိကရှိ အိမ်ခြံမြေအကျိုးဆောင်များ၏ ပျှမ်းမျှဝင်ငွေမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၃၉၈၀၀ သာဖြစ်ရာ အခြားလုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် နည်းပါးသော ဝင်ငွေဖြစ်သည်။

အဆိုပါ ပမာဏမှာ ပျှမ်းမျှတွက်ချက်ထားသည့် ပမာဏသာဖြစ်ပြီး အိမ်ခြံမြေအကျိုးဆောင် အများစုမှာ ထိုမျှပင် ဝင်ငွေမရှိကြ။

သို့သော် ချမ်းသာကြွယ်ဝသွားကြသည့် အိမ်ခြံမြေအကျိုးဆောင်များ မရှိမဟုတ်၊ များစွာရှိနေပါသည်။

ဤတွင် “ဘယ်လိုလုပ်ပြီး ချမ်းသာသွားကြသလဲ”ဟူသော မေးခွန်းပေါ်ပေါက်သည်။

အိမ်ခြံမြေလောကတွင် ချမ်းသာလာစေရန်မှာ ရိုးစင်းသည့်အရှိတရားတစ်ခုကို ရိပ်မိရန် လို၏။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တစ်နှစ်လျှင် ကန်ဒေါ်လာ ၃၉၈၀၀ ဝင်ငွေရရန်အတွက်….

-ပွဲစားခ ကန်ဒေါ်လာ ၂၀၀၀ ရမည့် နေအိမ် အလုံး ၂၀ (သို့မဟုတ်)

-ပွဲစားခ ကန်ဒေါ်လာ ၄၀၀၀ ရမည့် နေအိမ် ၁၀ လုံး (သို့မဟုတ်)

-ပွဲစားခ ကန်ဒေါ်လာ ၁၀၀၀၀ ရမည့် နေအိမ် ၄ လုံး (သို့မဟုတ်)

-ပွဲစားခ ကန်ဒေါ်လာ ၂၀၀၀၀ ရမည့် နေအိမ် ၂ လုံး ပွဲဖြစ်အောင် ရောင်းချပေးနိုင်ရန် လိုအပ်မည် ဖြစ်သည်။

အိမ်ခြံမြေအကျိုးဆောင်အများစု သတိမပြုမိကြသည့်အချက်မှာ တန်ဖိုးနည်းသည့် နေအိမ် အလုံး ၂၀ ရောင်းထွက်အောင် ကြိုးပမ်းရခြင်းမှာ တန်ဖိုးကြီးမားသည့် နေအိမ် ၂ လုံး ရောင်းရခြင်းထက် အလုပ်များ ပိုမိုလုပ်ဆောင်ရသည်ဟူသည့်အချက်ကို သတိမပြုမိကြချေ။

စင်စစ်ကား အကယ်၍သာ တန်ဖိုးနည်းပါးသည့် နေအိမ်များစွာကို ရောင်းထွက်အောင် မနားမနေကြိုးပမ်းနေခြင်းထက် တန်ဖိုးကြီး နေအိမ် ၂ လုံးမျှကို တစ်လအတွင်း ရောင်းထွက်အောင် ကြိုးပမ်းနိုင်ပါက အထက်တွင် ဖော်ပြခဲ့သည့် ကန်ဒေါ်လာ ၃၉၈၀၀ ကို လစဉ် ရရှိနေတော့မည် ဖြစ်၏။

ထိုဝင်ငွေဖြင့်ဆိုပါက သင်၏နှစ်စဉ်ဝင်ငွေမှာ ဒေါ်လာ သန်းဝက်နီးပါး ရှိနေမည် ဖြစ်သည်။

သို့ဆိုလျှင် အိမ်ခြံမြေအကျိုးဆောင်များစွာသည် တန်ဖိုးကြီးမားသည့်နေအိမ်များ ရောင်းချရန် အဘယ့်ကြောင့် မကြိုးပမ်းကြပါသနည်း။

အဖြေမှာ ရိုးရှင်းပါသည်။

ကျွန်ုပ်၏ အတွေ့အကြုံအရ ပြောရမည်ဆိုလျှင် တန်ဖိုးကြီးအိမ်ခြံမြေများကို ကိုင်တွယ်ရန် အိမ်ခြံမြေအကျိုးဆောင်များ မကြိုးစားကြ ခြင်း၏ နံပါတ် ၁ အကြောင်းရင်းမှာ “ကြောက်ရွံ့မှု” ကြောင့် ဖြစ်၏။

အိမ်ခြံမြေအကျိုးဆောင်အများစုမှာ ၎င်းတို့ နေထိုင်သော၊ သဘောတွေ့သော ဒေသများရှိ အိမ်ခြံမြေများကိုသာ ရောင်းချပေးလေ့ ရှိကြသည်။

အကျိုးဆောင်အများစုသည် တန်ဖိုးကြီးနေအိမ်များတွင် နေထိုင်လေ့၊ သွားရောက်လည်ပတ်လေ့၊ ချမ်းသာကြွယ်ဝသူတို့နှင့် လက်တွဲ အလုပ်လုပ်ကိုင်ဖူးလေ့မရှိကြသောကြောင့် တစ်မျိုးတစ်ဖုံအားဖြင့် မိမိမသိသောအရာကို ကြောက်ရွံ့နေခြင်းတစ်မျိုး ဖြစ်၏။

သို့သော် အဆိုပါကြောက်ရွံ့မှုမှာ အရှိတရားတွင် အခြေတည်ပါ၏လော။

နယူးယောက်မဂ္ဂဇင်းကြီးတွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်၌ သုတေသနစာတမ်းတစ်စောင်ကို အကျဉ်းရုံး ပြန်လည်တင်ပြထား သည်ကို ဖတ်ခဲ့ရဖူးရာ သူဌေးသူကြွယ်များကို မျှဝေမခံစားတတ်သူ ၊ ကိုယ်ချင်းမစာသူ၊ အခြားသူများကို လစ်လျူရှုသူများအဖြစ် တွေ့ရှိရသည်ဟု ရှုတ်ချဖော်ပြထားသည်ကို တွေ့ရပါသည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်ုပ်အနေဖြင့်မူ နယူးယောက်မဂ္ဂဇင်းပါ ဆောင်းပါး (သို့မဟုတ်) သုတေသနတွေ့ရှိချက်ဟူသည်ကို လက်မခံနိုင်ပါ။

ကျွန်ုပ်၏ တွေ့ရှိချက်အရ ချမ်းသားကြွယ်ဝသူ အများစုမှာ ရှေးရိုးစွဲ တောသားကြီးများ ဖြစ်ကြပါသည်။

ထို့ကြောင့် သူတို့တွင်လည်း လူတိုင်းနည်းတူ တမူထူးခြားသည့် စိတ်နေသဘောထား၊ အလေ့စရိုက်များ ရှိနိုင်ကောင်းပါသည်။

အကယ်၍ သင့်အနေဖြင့် အိမ်ခြံမြေလောကတွင် ကြီးပွားချမ်းသာလိုသည်ဆိုပါက ချမ်းသာကြွယ်ဝသူတို့နှင့် ပေါင်းသင်းဆက်ဆံ အလုပ်လုပ်တတ်ရန် လိုအပ်ပါသည်။

ချမ်းသာကြွယ်ဝသူများသည် နေအိမ်အတွက် ငွေကြေးများစွာ သုံးစွဲလေ့ရှိကြသည်။

၎င်းတို့ စကားပြောရာတွင် တိုတောင်းကောင်း တိုတောင်းနိုင်ပါသည်။ အဘယ်ကြောင့်ဆိုလျှင် အချိန်သည် ၎င်းတို့အတွက် အလွန် တန်ဖိုးရှိသောကြောင့် ဖြစ်ပါသည်။

အကယ်၍ သင်သည် တန်ဖိုးကြီးအိမ်ခြံမြေများကို ရောင်းချသူဖြစ်လာရန် စိတ်ဝင်စားသည်ဆိုပါက ယနေ့ပင်လျှင် စတင်လုပ်ဆောင်နိုင် သည့် အချက်အချို့ ရှိပါသည်။

၁။ တန်ဖိုးကြီးအိမ်ခြံမြေများကို အကျိုးဆောင်ပြုလုပ်သူတစ်ဦးအဖြစ် လူအများသိမြင်အောင် ပြုလုပ်ပါ

သင်သည် တန်ဖိုးကြီးအိမ်ခြံမြေများကို အရောင်းအဝယ်ပြုလုပ်ပေးနေသည့် အကျိုးဆောင်တစ်ဦးဖြစ်ကြောင်း လူအများမသိပါက ထိုအလုပ်ကို အပ်နှံရန် သင့်ထံရောက်မလာနိုင်ပါ။

၂။ တန်ဖိုးကြီးအိမ်ခြံမြေဈေးကွက်သို့ မိမိကိုမိမိ ပို့ဆောင်ပါ

ဈေးကွက်သို့ တင်ပို့ခြင်းဟူသည်တွင် ပွဲလမ်းများ တက်ခြင်း၊ ကမကထပြုခြင်းများ ပါဝင်ပါသည်။

၃။ ကြောက်ရွံ့စိတ်ကို ကျော်လွှားနိုင်ရမည်

ဒေါ်လာ ၃၀၀၀၀ တန် နေအိမ်တစ်လုံး ရောင်းချရခြင်းသည် ဒေါ်လာ ၃ သန်းတန် နေအိမ်တစ်လုံး ရောင်းရခြင်းထက် ပိုမိုလွယ်ကူမည် ဖြစ်သော်လည်း ဒေါ်လာ ၃ သန်းတန် နေအိမ် ၁  လုံး ရောင်းချရခြင်းသည်  ၃ သိန်းတန် နေအိမ် ၁၀ လုံး ရောင်းရခြင်းထက် အဆများစွာ ပိုမိုလွယ်ကူသည်ဆိုခြင်းကို သတိရပါ။

စင်စစ်ကား တန်ဖိုးကြီးနေအိမ်အရောင်းအဝယ်အချို့မှာ သင်ခန့်မှန်းထားသလောက် မခက်ခဲလှပါ။

ကျွန်ုပ်သည် ရက်အနည်းငယ်အတွင်း တန်ဖိုးကြီးနေအိမ်အချို့ ရောင်းချပေးခဲ့ဖူးပါသည်။

ချမ်းသာကြွယ်ဝပြီး ထက်မြက်သူများနှင့် အလုပ်လုပ်ရခြင်းအပေါ် ကြောက်ရွံ့စိတ်များ မိမိစိတ်အတွင်း အဝင်မခံဘဲ အိမ်ခြံမြေလောက တွင် ချမ်းသာကြွယ်ဝသူဖြစ်လာပုံ စိတ်ကူးများသာ ဝင်နေပါစေ။

မှတ်ချက်။ ။ မိတ်ဆွေသည်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၀၀၀ ) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ ( ၁ ) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ အကျိုးဆောင်လုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service