မလေးရှားအစိုးရက နေအိမ်ဝယ်ယူလိုသည့် ဝင်ငွေနည်းပါးသော နိုင်ငံသားများကို ကူညီရန်အတွက် ရင်းဂစ် ၁ ဘီလီယံ ရန်ပုံငွေမတည်ပေး

မလေးရှားအစိုးရက နေအိမ်ဝယ်ယူလိုသည့် ဝင်ငွေနည်းပါးသော နိုင်ငံသားများကို ကူညီရန်အတွက် ရင်းဂစ် ၁ ဘီလီယံ ရန်ပုံငွေမတည်ပေး - Property News in Myanmar from iMyanmarHouse.com
7 Feb 2019 11:02 am တွင် တင်ခဲ့သည်
615 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားအစိုးရသည် ဝင်ငွေနည်းပါးသည့်နိုင်ငံသားများအား အိမ်ခြံမြေချေးငွေများ ထုတ်ပေးနိုင်ရန်အတွက် ရင်းဂစ်ငွေ ၁ ဘီလီယံ (ကန်ဒေါ်လာ ၂၄၃ သန်း) ရန်ပုံငွေ မတည်ပေးလိုက်ပြီ ဖြစ်သည်။

တချိန်တည်းမှာပင် ရောင်းလိုအား ပိုလျှံနေခြင်းကို ဖြေရှင်းပေးနိုင်ရန်လည်း ရည်ရွယ်ခြင်း ဖြစ်သည်။

တန်ဖိုးသင့်အိမ်ရာ ရန်ပုံငွေအဖွဲ့ Affordable Housing Fund မှ ထုတ်ပေးသော ချေးငွေအပြင် လိုအပ်သည့်ကျန်ငွေများကို အခြားသော ငွေချေးပေးမည့်သူခြောက်ခုတို့မှ ကူညီမည်ဖြစ်ကာ Malayan Banking နှင့် CIMB Group Holdings တို့ ပါဝင်သည်။

တန်ဖိုးသင့်အိမ်ရာရန်ပုံငွေအဖွဲ့ဖြင့် အစီအစဉ်ဖြင့် ရောင်းချသော အိမ်ရာများ၏ ချေးငွေအတွက် ရင်းဂစ် ၁၅၀၀၀၀ တန် နေအိမ်များအတွက် အတိုးနှုန်းမှာ ၃ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း မလေးရှားဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

“အခုလို ရန်ပုံငွေ မတည်ပေးတာဟာ ကာလတစ်ခုအတွက် ယာယီပဲဖြစ်တယ်လို့ ရှုမြင်ထားရမှာ ဖြစ်ပါတယ်။ တန်ဖိုးသင့်အိမ်ရာ ကိစ္စဟာ အဖွဲ့အစည်းပေါင်း အများအပြား ပါဝင်နေတာဖြစ်တာကြောင့် အချိန်တိုအတွင်းမှာ ဖြေရှင်းဆောင်ရွက်တာမျိုးပဲ လုပ်လို့ရမှာ ဖြစ်ပါတယ်”ဟု Bank Negara Malaysia ၏ အကြီးအကဲ နော် ရှမ်စီယာ ယူနပ်စ်က ပြောကြားသည်။

မလေးရှား၏ မြို့ပြများတွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ကာ လူနေမှုစရိတ်ကြီးမြင့်လာခြင်းနှင့် လုပ်ခတိုးတက်နှုန်း နှေးကွေးမှုတို့ ပေါ်ပေါက်နေချိန်တွင် ယခုကဲ့သို့ တန်ဖိုးသင့်အိမ်ရာရန်ပုံငွေ တည်ထောင်ပေးလာခြင်း ဖြစ်သည်။

မလေးရှားစီးပွားရေးမှာ နှေးကွေးနေပြီး စားသုံးသူတို့သည် အိမ်ခြံမြေကဲ့သို့ ငွေကြေးများစွာသုံးစွဲ ဝယ်ယူရမည့်အရာများတွင် သုံးစွဲရန် လက်တွန့်နှေးကွေးလျက်ရှိနေကြသည်။

အိမ်ခြံမြေဈေးကစားမှုများကို ထိန်းချုပ်ရန်အတွက် ချေးငွေလုပ်ထုံးလုပ်နည်း တင်းကျပ်ခဲ့မှုများကြောင့် အရှေ့တောင်အာရှ၏ တတိယအကြီးမားဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ မလေးရှားတွင် ရောင်းမထွက်သည့် အိမ်ခြံမြေများစွာ စုပုံနေသည်။

ယခုအခါ မလေးရှားအာဏာပိုင်တို့က ရောင်းမထွက်ဘဲရှိနေသော နေအိမ်ပေါင်း ၃၀၀၀၀ (တန်ဖိုးအားဖြင့် ရင်းဂစ် ၂၂ ဒသမ ၅ ဘီလီယံ) ကို ရှင်းထုတ်ရန် စီစဉ်လာနေသည်။

“တကယ်လို့ အခွင့်အလမ်းရှိမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ဒီရန်ပုံငွေကို ရည်မှန်းထားတဲ့ ၂ နှစ်ကာလထက် ပိုမိုတိုးချဲ့သွားမှာပါ။ ဒါက ဝယ်လိုအားအပေါ် မူတည်ပါတယ်”ဟု မလေးရှားဘဏ္ဍာရေးဝန်ကြီး လင်ကွမ်းအန်က ပြောကြားသည်။

မလေးရှားအစိုးရက အမျိုးသား အိမ်ခြံမြေမူဝါဒတစ်ရပ်ကို ပြီးခဲ့သော တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာ နယ်ပယ် ၅ ရပ်၊ မဟာဗျူဟာ ၁၆ ရပ်၊ အကောင်အထည်ဖော်ရေးစီမံကိန်း ၅၇ ရပ်တို့ ချမှတ်ထားပြီး စီမံကိန်းကာလမှာ ၂၀၂၅ ခုနှစ်အထိ ဖြစ်သည်။

B40 ဟုခေါ်သော အောက်ခြေ ၄၀ ရာခိုင်နှုန်းအတွက် လာမည့် ဆယ်စုနှစ်အတွင်း တန်ဖိုးသင့်လူနေခန်းပေါင်း တစ်သန်းခန့် ဆောက်လုပ်သွားရန်လည်း မလေးရှားအစိုးရက ရည်မှန်းထားသည်။

“အစိုးရအနေနဲ့ စီမံကိန်းကို M40 (အလယ်အလတ် ၄၀) အုပ်စုအထိ ချဲ့ထွင်သွားနိုင်ရန် ကောင်းပါတယ်”ဟု RHB သုတေသန အင်စတီကျုမှ သုတေသီ လောင်းကွပ်ဝမ်က ပြောကြားသည်။

“ဒီမူဝါဒဟာ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဖြစ်သင့်ပြီး တခြားအုပ်စုတွေရဲ့ လိုအပ်ချက်တွေအတွက်လည်း ဆောင်ရွက်ပေးသင့်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

(မှတ်ချက်။ မလေးရှားတွင် ပြည်သူတို့၏ ဝင်ငွေအပေါ်မူတည်ပြီး အစိုးရက အုပ်စုကြီး ၃ ခု ခွဲခြား သတ်မှတ်ထားသည်။ အဆိုပါ အုပ်စု ၃ ခုကို T20 ၊ M40 နှင့် B40 ဟု အသီးသီး အမည်ပေးထားသည်။ T20 ဟူသည်မှာ ဝင်ငွေမြင့်မားသူ ပြည်သူ ၂၀ ရာခိုင်နှုန်းကို ဆိုလိုသည်။ M40 မှာ အလယ်အလတ်ဝင်ငွေရှိသူ ၄၀ ရာခိုင်နှုန်းသော ပြည်သူများကို ရည်ညွှန်းပြီး B40 မှာ အောက်ဆုံးအဆင့် ဝင်ငွေနည်းပါးသည့် ၄၀ ရာခိုင်နှုန်း ပမာဏရှိသော ပြည်သူများကို ဆိုလိုခြင်း ဖြစ်သည်။ အနည်းဆုံးရင်းဂစ် ၁၃၁၄၈ ဝင်ငွေရှိသည့် မိသားစုများကို ဝင်ငွေမြင့်မားသူအဖြစ် သတ်မှတ်ပြီး ရင်းဂစ် ၆၂၇၅ အနည်းဆုံးရှိလျှင် အလယ်အလတ်ဝင်ငွေရှိသူဟု သတ်မှတ်ကာ ရင်းဂစ် ၃၀၀၀ မှာ ဝင်ငွေနိမ့်ပါးသူအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ သို့ရာတွင် ပြည်နယ်အလိုက် သတ်မှတ်ချက် ကွဲပြားမှုများလည်း ရှိသည်။)

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service