အခွင့်အမိန့်အရ နေထိုင်သူသည် နေထိုင်သည့်ဥပစာတွင် အကျိုးခံစားခွင့်မရှိပါ

အခွင့်အမိန့်အရ နေထိုင်သူသည် နေထိုင်သည့်ဥပစာတွင် အကျိုးခံစားခွင့်မရှိပါ - Property Knowledge in Myanmar from iMyanmarHouse.com
6 Feb 2019 12:49 pm တွင် တင်ခဲ့သည်
1875 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကျွန်တော်၏သူငယ်ချင်း ဒေါ်မြင့်မြင့်မိုး ဖုန်းဆက်လာသည့်အကြောင်းမှာ သူအမွေရထားသည့်အိမ်တွင် သူစိမ်းလင်မယားနှစ်ယောက်အား အိမ်စောင့်ထားပြီး မိဘများ ကွယ်လွန်သော်လည်း မပြောင်းရွှေ့ခိုင်းပေ ။ယခုအိမ်ဆောက်လို၍ ရွှေ့ပြောင်းခိုင်းသည့်အခါမှ အခွင့်အမိန့်ရနေသူတွေဟာ အဲဒီအိမ်မှာနေစဉ် ကျသင့်သည့် လျှပ်စစ်မီတာ ၊ စည်ပင်ခွန်များ ပေးဆောင်ခဲ့ပြီး အိမ်သားတစ်ဦးအဖြစ် နေထိုင်သည်မို့ ဖယ်မပေးနိုင်ကြောင်း ပြောလာသည် ။

ဒေါ်မြင့်မြင့်မိုးမှာ အိမ်ဆောက်ပြီးသားသမီးများကို တစ်ထပ်စီပေးရန် ရည်ရွယ်ထားပြီး အိမ်သစ်ဆောက်ပါကလည်း သူတို့ကိုပင် တစ်ထပ်ပေးရမည့်ဖြစ်ကြောင်း တောင်းဆိုနေ၍ အခက်တွေ့နေကြောင်း အကြံတောင်းလာသည်မို့ ထိုအခါ ကျွန်တော်က တခြားအိမ်တစ်အိမ် ငှါးပေးပြီး အိမ်လခကိုလည်း (၁)နှစ်စာဖြစ်ဖြစ်ပေးလိုက်ဖို့ ပြောရလေသည် ။ထိုအကြောင်းနှင့် ပတ်သက်၍လည်း ဒေါ်မြင့်မြင့်မိုးကိုနားလည်းအောင် ရှင်းပြရလေသည် ။

“ အမှန်တော့ အဲဒီအိမ်စောင့်မိသာစုဟာ လိုချင်တဲ့လောဘဖိစီးသွားပြီ မှားယွင်းစွာ ဆုံးဖြတ်မိကြတာပါ ”

“ ဥပေဒအရဆိုရင် အခွင့်အမိန့်အရနေထိုင်သူဆိုသည်မှာ ခွင့်ပြူသူ၏ ခွင့်ပြုချက်အရ ဥပစာတွင် နေထိုင်ခွင့်ရသူကို ခေါ်ပါသည် ။အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့်ဥပစာတွင် အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရှိနိုင်ပါ ။ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ အငှါးချထားခြင်းတို့တွင် ဝယ်ယူသူ ၊ အပေါင်ခံသူနှင့် ငှါးရမ်းသူတို့သည် ရောင်းချသည့်ပစ္စည်း ပေါင်နှံသည့်ပစ္စည်း ၊ အငှါးချထားသည့်ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့်ကိုရရှိနိုင်ကြပါတယ် ”

“ အခွင့်အမိန့်အရ နေထိုင်သူဟာ ခွင့်ပြုချက်အရ နေထိုင်စဉ် လျှပ်စစ်မီတာအခွန်အခ ၊ စည်ပင်သာယာအခွန်အခများကို ပေးဆောင်ရုံမျှဖြင့် အခွင့်အမိန့်အရ နေထိုင်သည့် ဥပစာတွင် အကျိုးခံစာခွင့်ရရှိမည် မဟုတ်ပါ ။အကျိုးခံစာခွင့် မရှိပါက အခွင့်အမိန့်အရ နေထိုင်သူအဖြစ်မှ ပြောင်းလဲသွားရန် အကြောင်းမရှိပါ ”

“အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့် ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့် မရှိသဖြင့် ခွင့်ပြုသူက ကြည်ဖြူသရွှေသာ ထိုပစ္စည်းပေါ်၌ နေထိုင်ခွင့်ရှိသည် ။ ခွင့်ပြူသူသည် ၄င်း၏ခွင့်ပြုချက်ကို အချိန်မရွေး ရပ်စဲနိုင်တယ် ။ ယင်းသို့ ရပ်စဲလိုက်လျှင် အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့်ပစ္စည်းပေါ်မှ မထွက်ခွာလိုကြောင်း မခုခံနိုင်တဲ့အတွက် ဖယ်ရှားပေးရမှာသာဖြစ်တယ် ”

“ စီရင်ထုံးနဲ့ပြောရရင် “ဒေါ်စောမြင့်ကြည်နှင့် ဦးမြင့်စိုးပါ ၂ ၊ ၂၀၀၀ ပြည့်နှစ် ၊ တရားမအထူးအယူခံမှု အမှတ် ၁၈ ၊ ၂၀၀၁ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာ-၁၅၅ ” မှာဆိုရင် အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့်ဥပစာတွင် အကျိုးခံစားခွင့်တစ်စုံတစ်ရာမရရှိခြင်း ၊ အခွင့်အမိန့်အရ နေထိုင်သူက လျှပ်စစ်မီတာခ ၊ စည်ပင်သာယာအခွန်အခများပေးသွင်းပါက ထိုသူအား အခွင့်အမိန့်အရ နေထိုင်သည်ဟု ဆိုနိုင်ခြင်းရှိမရှိ မြေးဝမ်းကွဲသာတော်စပ်သူသည် ငယ်စဉ်က စ၍အချင်းဖြစ်ဥပစာတွင် နေထိုင်ခဲ့ခြင်းမရှိလျှင်အိမ်သာတစ်ဦးအဖြစ် နေထိုင်ရာမရောက်ခြင်းတို့ကို ဆုံးဖြတ်ထားပါတယ် ။”

“ အမှုဖြစ်စဉ်ကို သူငယ်ချင်း သိအောင် ပြောပြရရင် ဒေါ်စောမြင့်ကြည်က ရန်ကုန်တိုင်း ၊ သာကေတမြို့နယ် ၊ ၂/မြောက်ရပ်ကွက် ၊ ဇင်္ဂမလမ်း ၊ မြေကွက် အမှတ် ၂၁/က ၊ အိမ်အမှတ် ၅၄ တွင် မိဘများဖြစ်ကြသော ဦးဘိုးတူ ၊ ဒေါ်ကြည်တို့နှင့် အတူတကွ နေထိုင်ကြတယ် ။မိဘများရှိစဉ်က ၁၉၈၀ ပြည့်နှစ်တွင် တရားပြိုင်ဦးစိုးမြင့် ၊ ဒေါ်ခင်အေးစန်းတို့က လက်ထပ်ပြီးကာစဖြစ်၍ နေထိုင်စရာမရှိသဖြင့် မေတ္တာဖြင့် နေထိုင်ခွင့်ပြုပါရန် တောင်းခံလာသောကြောင့် တရားလို ဒေါ်စောမြင့်ကြည်မိဘများပိုင်၏ အောက်ထပ်ခြေရင်းခန်းတွင် နေထိုင်ခွင့်ပေးခဲ့ပါတယ် ။ ၁၉၉၃ ခုနှစ်တွင် အောက်ထပ်ခေါင်းရင်းခန်းကိုပါ မိဘများက နေထိုင်ပြုခဲ့ပြန်ပါတယ် ” “ တရားလိုသည် မိဘများ၏ တစ်ဦးတည်းသော သမီးဖြစ်၍ မိဘများကွယ်လွန်သောအခါ မိဘများမှ တရားပြိုင်တို့အား ခွင့်ပြူချက်ဖြင့် ထားခဲ့ခြင်းကိုဆက်ခံခွင့်ရကြောင်း တရားလိုက ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ကို ရုပ်သိမ်းခဲ့ကြောင်းအဆိုပြုတယ် ”

“ တရားပြိုင် ဦးမြင့်စိုးတို့က ဒေါ်ခင်အေးစန်းသည် ကွယ်လွန်သူ ဒေါ်ကြည်၏မြေးဖြစ်ပြီး ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်းမဟုတ်ကြောင်း ၊ ဦးဘိုးတူ ၊ ဒေါ်ကြည်တို့၏ အမွေဆိုင်များဖြစ်၍ ဆိုင်ရေးဆိုင်ခွင့်အရ နေထိုင်ခြင်းကြောင်း ချေပတယ် ”

“ ရန်ကုန်တိုင်းတရားရုံးက တရားလို ဒေါ်စောမြင့်ကြည်သည် ဦးဘိုးတူနှင့်ဒေါ်ကြည်တို့၏ သမီးရင်းဖြစ်ကြောင်း ၊ တရာလိုပြသက်သေများ၏ ထွက်ဆိုချက်အရ ၊ တရားပြိုင်များသည် ဦးဘိုးတူနှင့်တရားလိုတို့ထံ ခွင့်တောင်၍ နေထိုင်ခြင်းဖြစ်ကြောင်း ထောက်ခံထားသောကြောင့် လည်းကောင်း ၊ တရားပြိုင် ဒေါ်ခင်အေးစန်းသည် ဦးဘိုတူ၏ အိမ်ထောင်စုဇယား၌ ပါရှိသူများမဟုတ်၍ အိမ်သာများအဖြစ် နေထိုင်သူများ မဟုတ်ကြောင်း ၊ ထို့ကြောင့် တရားလိုတို့သည် တရားပြိုင်တို့အား အချင်းဖြစ်ဥပစာတွင် ခွင့်ပြုချက်ဖြင့် နေတိုင်ခွင့်ပြုခဲ့သည်မှာ မှန်ကန်ကြောင်း ဆုံးဖြတ်ပါတယ် ”

“ တရားရုံးချုပ်က ဦးမြင့်စိုးတို့ လင်မယာသည် အချင်းဖြစ်အိမ်၌ နေထိုင်စဉ်မီတာခများ ပေးသွင်း ရကြောင်း ၊ မြေငှါးခအခွန်များ ထမ်းဆောင်ရကြောင်း တွေ့ရသည့်အတွက် ၄င်းတို့သည် ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်သည်ဆိုခြင်းထက် ဦးဘိုးတူ ၊ ဒေါ်ကြည် ၊ ဒေါ်စောမြင့်ကြည်တို့နှင့် မိသာစုအသွင် နေထိုင်ခြင်းဖြစ်သည်ဟု ယူဆခဲ့ပါတယ် ”

“ တရားရုံးချုပ်၏ စီရင်ချက်နှင့်ဒီကရီကို ၁၉၈၈ ခုနစ် ၊ တရားစီရင်ရေးဥပဒေပုဒ်မ ၆ အရ ပြန်လည်စစ်ဆေးစီရင်ပေးရန် ဒေါ်စောမြင့်ကြည်က လျှောက်ထား၍ အထူးအယူခံခုံရုံးဖြင့် ကြားနာရန်အထူးအယူခံဝင်ခွင့်ပြုခဲ့တယ် ”

“ ဆုံးဖြတ်ချက်မှာ ဒေါ်ခင်အေးစန်းသည် ဒေါ်ကြည်၏သမီးမဟုတ် ၊ မြေးဝမ်းကွဲတော်စပ်ရုံသာရှိသည့်အပြင် ၊ ငယ်စဉ်ကစ၍ အတူနေထိုင်လာသူမဟုတ်၍ ဦးဘိုးတူ ၊ ဒေါ်ကြည်တို့အိမ်ဥပစာတွင် အိမ်သားတစ်ဦးအဖြစ် နေထိုင်ရာ မရောက်နိုင်သည့်အပြင် တရားရုံးချုပ်၏ သုံးသပ်ချက်သည် မှန်ကန်သည်ဟု မဆိုနိုင်ချေ ။သို့ဖြစ်၍ တရားရုံးချုပ်က တရားပြိုင်များသည် အချင်းဖြစ်နေအိမ် ဥပစာအောက်ထပ်၌ ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်သည်ဆိုခြင်းထက် ၊ မိသာစုအသွင် နေထိုင်ခြင်းဖြစ်သည်ဟု ကောက်ယူဆုံးဖြတ်မှုသည် မှန်ကန်မှု မရှိကြောင်းနှင့် မြေဝမ်းကွဲတော်စပ်သူ က ဘိုးဘွားများအိမ်တွင်နေထိုင်စဉ် အခါအားလျော်စွာ မီတာခများ ၊ မြေငှါးအခွန်များ ထမ်းဆောင်ပေးခြင်းသည် ၊ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်း မဟုတ်ဘဲ မိသာစုအသွင်နေထိုင်သည့်အထောက်အထားမဖြစ်နိုင်ကြောင်း ဆုံးဖြတ်ကာ ဤအထူးအယူခံမှုကို ခွင့်ပြုပြီးတရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကိုပယ်ဖျက်ကာ တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပြန်လည်အတည်ပြုလိုက်ပါတယ် ” “ အဲဒီစီရင်ထုံအရ ဦးမြင့်စိုး ၊ ဒေါ်ခင်အေးစန်းတို့လည်း ဥပစာမှ ထွက်ခွာပေးလိုက်ရတယ် ၊ မိမိုးရေ ၊ သူငယ်ချင်းလည်း ဒီပုံစံအတိုင်းပဲပေါ့ကွယ် ”

ကြယ်နီလေး (ဥပဒေ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
kalaw-garden-valley
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service