မိုးထိဘနန်းကမ္ဘာ့အမြင့်မားဆုံးရုပ်တု

မိုးထိဘနန်းကမ္ဘာ့အမြင့်မားဆုံးရုပ်တု - Property News in Myanmar from iMyanmarHouse.com
21 Jan 2019 12:08 pm တွင် တင်ခဲ့သည်
997 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ Gujarat ပြည်နယ် Sardar Sa-rovar ရေကာတာအနီး၊ Sadhu Bet ကျွန်း ပေါ်တွင်၊ Narmada မြစ်ကို မျက်နှာမူ လျက်၊ တည်ဆောက်ထားသော Sardar Valabhbhai Patel ပုံတူရုပ်တုမှာ အံ့ချီး ဖွယ်ရာပင် ဖြစ်ပါ၏။ မိုးထိဘနန်း မြင့်မားလွန်းပြီး ကမ္ဘာအမြင့်မားဆုံး ရုပ်တု ကြီးဖြစ်သည်ဟု ဆိုကြသည်။

ဤရုပ်တုကို အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ကိုယ်တိုင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ဖွင့် လှစ်ဂုဏ်ပြုခဲ့သည်။  အိန္ဒိယလေတပ် တိုက်လေယာဉ်များပေါ်မှ ပန်းများကြဲချ ကာ ဂုဏ်ပြုကြိုဆိုအလေးပြုခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားမှာ ထိုက်ထိုက်တန်တန် ကြီးကျယ်သားနားလှပါ၏။

အောက်ခြေအပါအ၀င် ရုပ်တု တစ်ခုလုံး၏အမြင့်မှာ ၁၈၂ မီတာရှိသည်။ ဤရုပ်တုကို စည်းလုံးညီညွတ်မှုရုပ်တု Statue of Unity ဟု အမည်သညာပေး ထားသည်။ နာရန်ဒရာမိုဒီဂူဂျာရပ်ပြည် နယ် ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်နေ စဉ် ၂၀၁၀ ပြည့်နှစ်က ဤရုပ်တုတည် ဆောက်ရန် စိတ်ကူးရခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မိုဒီက ယုံကြည်အပ်နှံမှုလုပ် ငန်းအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Sardar Vall- abhbhai Patel Rashtriya Ekta Trust (SVPRET) ကို ထူထောင်ခဲ့သည်။ ထို အဖွဲ့မှနေ၍ ရုပ်တုအောက်ခံအဆောက် အအုံတည်ဆောက်နိုင်ရန် ပြည်နယ်အသီး သီးရှိ ရွာပေါင်း ၁၆၉၀၀၀ ရွာတွင်နေ ထိုင်ကြသော လယ်သမား သန်း ၁၅၀ ထံမှ သံတိုသံစ စုစုပေါင်း မက်ထရစ် တန်ချိန် ၁၂၉ တန်ကို စုဆောင်ရယူခဲ့ ကြသည်။ တကယ်တွင် ဤလုပ်ရပ်မှာ အိန္ဒိယနိုင်ငံ တစ်ဝန်းက ပြည်သူအားလုံး အင်တိုက်အားတိုက် လိုလိုလားလား ပါဝင်ကြသည်ဆိုသော သင်္ကေတတစ်ရပ် ကို ရုပ်လုံးဖော်ခြင်းသာဖြစ်၏။ အဘယ် ကြောင့်ဆိုသော ဤရုပ်တု တည်ဆောက် ရေးအတွက် ကုန်ကျမည့်ငွေကြေးအား လုံးကို ဂူဂျာရပ်ပြည်နယ်အစိုးရက ကျခံ ရန် ဆုံးဖြတ်ချက်ချမှတ်ပြီးသောကြောင့် ဖြစ်ပါ၏။

ဂူဂျာရပ်ပြည်နယ်အစိုးရအနေ ဖြင့် ရုပ်တု ပရိုဂျက် စီမံချက်တစ်ခုလုံး အတွက် ရူပီးငွေ ၃၀၅၀ ကုဋေကုန်ကျ မည်ဟု ခန့်မှန်းထားသည်။ ရုပ်တုတည် ဆောက်ရန် လျာထားငွေမှာ ရူပီး ၂၄၀၀ ကုဋေဖြစ်ပြီး ထိန်းသိမ်းခ လျာထားငွေ မှာ ရူပီး ၆၅၀ ကုဋေဖြစ်သည်။ ယင်း လုပ်ငန်းကို ၂၀၁၅ ခုနှစ် မေလတွင် စတင်ခဲ့ပြီး ၄၂ လအကြာတွင် ပြီးစီးခဲ့ သည်။

အဆောက်အအုံတစ်ခုလုံးကို  Larsen & Toubro (L&T) က တာဝန်ယူ တည်ဆောက်ပေးသည်။ ကနဦးတွင် ကြေးသွန်းပညာရှင် Ram V.Sutar က Sardar Patel ၏ ၁၉၄၉ ခုနှစ် ဓာတ်ပုံ ကို အခြေခံပြီး ၁၈ ပေ အမြင့်ရှိ ပုံတူ ကြေးရုပ်တစ်ရုပ်ကို ပုံဖော်သွန်းလုပ်ခဲ့ သည်။ ထိုကြေးရုပ်ကို Patel ၏ မွေးရပ် မြေသို့ ယူဆောင်သွားခဲ့ပြီး၊ Patel နှင့် တွေ့ဖူးမြင်ဖူးသူများအား စစ်ဆေးအကဲ ဖြတ်စေသည်။ ထိုပုဂိ္ဂုလ်များ၏ အကြံ ပေးချက်များနှင့် ထင်မြင်ချက်များပေါ် အခြေခံလျက်၊ ထပ်မံပြီး ပုံတူကြေးသွန်း ရုပ်တုတစ်ခု ပြုလုပ်သည်။ ဤကြေးသွန်း ရုပ်မှာ ပေ ၃၀ခန့်မြင့်မားပြီး အများ သဘောတူအတည်ပြုခဲ့ကြသည်။

ဤတွင် ပြဿနာတစ်ရပ်တက် လာသည်။ သွန်းလုပ်ရမည့် ကြေးရုပ်တု မှာ ခြေဆုံးခေါင်းဆုံး ၁၅၇ မီတာမြင့် သည်ဖြစ်ရာ ဤမျှမြင့်မားသည့် ကြေး ရုပ်တုကို သွန်းလုပ်နိုင်သည့် သတ္တုပုံ လောင်းစက်ရုံ တစ်ရုံမျှ အိန္ဒိယပြည်တွင်း ၌ မရှိခြင်းပင်ဖြစ်သည်။ အိန္ဒိယရှိ နာမည် ကြီး သတ္တုပုံလောင်းစက်ရုံ ၁၅ ရုံစလုံး က သူတို့မလုပ်နိုင်ကြောင်း ခေါင်းခါပြ ခဲ့ကြသည်။ သို့ဖြစ်၍ ကြေးရုပ်တု သွန်း လောင်းမည့်ကိစ္စကို တရုတ်ပြည်မှ သတ္တု ပုံလောင်းကုမ္ပဏီ Jiangxi Toqine Company (JTQ) သို့ လွှဲအပ်လိုက်ကြရ သည်။

အိန္ဒိယပြည်တွင်း၌ပင် အောက် ခြေအဆောက်အအုံနှင့် ရုပ်တုကို တပ် ဆင်အကောင်အထည်ဖော်ရန် အင်ဂျင် နီယာ ၃၀၀ အပါအ၀င် လုပ်သားအင်အား ၃၀၀၀ ဖြင့် လုပ်ဆောင်ခဲ့ကြရသည်။ L& T ပရိုဂျက်တာဝန်ခံမှာ Mukesh Raval ဖြစ်၏။ အိန္ဒိယ ကြေးသွန်းပညာ ရှင် Sutar နှင့် L&T မှ တာဝန်ခံပုဂ်္ဂိုလ် များသည် တရုတ်ပြည် JTQ သတ္တုပုံသွင်း စက်ရုံသို့ အကြိမ်ကြိမ်သွားရောက်ပြီး ရုပ်တုပုံလောင်းဖြစ်စဉ်ကို အနီးကပ် စစ် ဆေးကြည့်ရှုခဲ့ကြရသည်။ ကြေးရုပ်တုကို အစိတ်အပိုင်းငယ် ၇၀၀၀ ခန့်ခွဲခြမ်းကာ သွန်းလုပ်ခဲ့ကြရပါ၏။

ထို့နောက် သွန်းလုပ်ပြီးသမျှ အစိတ်အပိုင်းငယ်များကို တရုတ်ပြည်မှ အိန္ဒိယသို့ သင်္ဘောဖြင့် ပို့ဆောင်ခဲ့ကြရ သည်။ ရေကြောင်းဖြင့် ရောက်ရှိလာသမျှ အခေါက်ခေါက် အခါခါသော ရုပ်တု၏ ကြေးသွန်းအပိုင်းအစငယ်များကို အိန္ဒိယ နိုင်ငံတွင် အစိတ်အပိုင်းကြီး ၅၅၀ဖြစ်လာ အောင် ပေါင်းစပ်ဂဟေဆော်ကြရသည်။ ထိုအစိတ်အပိုင်းကြီးတစ်ခုချင်းကို စပ် ဟပ်ချိတ်ဆက်ပြီး ရုပ်တုကြီးအဖြစ် ပုံဖော် ဖန်ဆင်းကြရသည်။

ရုပ်တုတည်ဆောက်ရာတွင်မှာ အဆင့်သုံးဆင့်ပါဝင်သည်။ ပထမအဆင့် အတွင်းပိုင်းအကျဆုံးတွင် အားဖြည့် ဘိလပ်မြေကွန်ကရစ် reinforced cement concrete (RCC) ဖြင့် ဆောက်လုပ်ထား သည့် ၁၂၇ မီတာအမြင့်ရှိ မိုးမျှော် အဆောက်အအုံနှစ်ခုပါဝင်သည်။ ဤသည် မှာ ရုပ်တု၏ရင်ဘတ်အထိမြင့်မားသည်။ မိုးမျှော်တိုက်နှစ်ခုပါဝင်သည်။ ဤသည် မှာ ရုပ်တု၏ရင်ဘတ်အထိမြင့်မားသည်။ မိုးမျှော်တိုက်နှစ်ခုကိုလည်း ချိတ်ဆက် ထားသည်။ ဒုတိယအဆင့်မှာ ရုပ်တု တပ်ဆင်နိုင်ရန် သံမဏိကွန်ရက်ပုံဖော် ဖန်ဆင်ခြင်းဖြစ်သည်။ နောက်ဆုံးအဆင့် ကား ရုပ်တု ရုပ်လုံးဖော်ကြေးသွန်းအစိတ် အပိုင်းများကို အပြင်ဘက်၌ တပ်ဆင်မှု (cladding) ဖြစ်၏။

ဤအဆောက်အအုံ တစ်ခုလုံးကို အသံလှိုင်းနှင့် တုန်ခါမှု ဒဏ်ခံနိုင်ရန်လည်း ကိရိယာများတပ်ဆင် ထားပါ၏။

RCC မိုးမျှော်တိုက်နှစ်ခု၏ အောက်ခြေများသည် ရုပ်တု၏ ခြေထောက် နှစ်ချောင်းဖြစ်သည်။ ခြေထောက်တစ် ဘက်စီတွင် ဓာတ်လှေကားနှစ်စီးပါရှိ သည်။ ဓာတ်လှေကား တစ်စင်းစီတွင် လူ ၂၆ ဦးလိုက်ပါနိုင်ပြီး၊ အဆောက်အအုံ ၏ ထိပ်ဆုံးသို့ မိနစ်ဝက်ဖြင့် ရောက်ရှိ နိုင်သည်ဟု ဆိုပါ၏။ ခြေထောက်တစ်ခု စီတွင် အရေးပေါ်လှေကားများလည်း တပ်ဆင်ထားပါသေး၏။ အဆောက်အအုံ ၏ ၁၃၅ မီတာအမြင့်တွင် လာရောက် ကြသူများ ပတ်ဝန်းကျင်သဘာဝအလှ ရှုခင်းကို ကြည့်ရှုခံစားနိုင်ရန် အစီအရီ ဖောက်လုပ်ထားသော ပြတင်းပေါက် ကလေးများပါရှိသည့် ဂယ်လာရီ (gallery) ခန်းမဆောင်တစ်ခုရှိသည်။ တစ်ကြိမ် လျှင် လူ ၂၀၀ ခန့် ၀င်ရောက်နိုင်သည်။ တစ်နေ့လျှင် ကမ္ဘာလှည့်ခရီးသည် ၃၀၀၀ ခန့် လာရောက်ကြည့်ရှုလိမ့်မည်ဟု ခန့် မှန်းထားကြပါ၏။

ရုပ်တုကြီး ရပ်တည်လျက်ရှိ သည့် အောက်ခြေအဆောက်အအုံမှာ ကြီးမားခိုင်ခံ့ပြီး ၂၅ မီတာခန့်မြင့်သည်။ တစ်နည်းပြောရလျှင်၊ ရှစ်ထပ်အဆောက် အဦတစ်ခုလောက်မြင့်သည်။ ယင်း အဆောက်အအုံတွင် ပြခန်းများနှင့် ရုပ်ရှင် ရုံများလည်း ရှိသည်။ အထူးသဖြင့် Sardar Patel ၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် အိန္ဒိယပြည်ထောင်စုကြီး ဖြစ်ပေါ်လာ ရေးအတွက် သူ၏ကြိုးပမ်းမှုများကို ဖော်ကျူးထားသည့် ပြကွင်းပြကွက်များကို လည်း ခမ်းခမ်းနားနား ပြသထားမည် ဖြစ်သည်။ ထို့ပြင် အဆိုပါ အဆောက်အအုံအတွင်း ဧရာမ ပလာဇာကြီးများ စား သောက်ဆိုင်များလည်း ရှိမည်ဖြစ်၏။ ဤရုပ်တုကြီး ပေါ်ထွက်လာသည့်အတွက် တိုက်ရိုက်အလုပ်အကိုင် ၂၀၀၀ ကျော် နှင့် သွယ်ဝိုက်အလုပ်အကိုင် ၅၀၀၀ ကျော်ထွက်ပေါ်လာမည်ဖြစ်သည်။

ရုပ်တုကြီး၏ နီးနားဝန်းကျင် တွင် ကြယ်သုံးပွင့်ဟိုတယ်တစ်ခု ဆောက် လုပ်လျက်ရှိသည်။ ထို့ပြင် နီးနားဝန်းကျင် ၌ နေထိုင်ကြသော လူမျိုးနွယ်စုများ အတွက် စားသောက်ဆိုင်များ ဖွင့်လှစ် ရောင်းချခွင့်ပြုမည့်အပြင် အိန္ဒိယပြည်နယ်အသီးသီးမှ တည်းခိုခန်းများ၊ ဆိုင်ခန်းများနှင့် ပြခန်းများ ဖွင့်လှစ်လိုလျှင် မြေနေရာများ သတ်မှတ်ပေးမည်ဖြစ် ကြောင်း ကြေညာထားသည်။ ရုပ်တုကြီး အနီးရှိ သဘာဝသစ်တောအတွင်း၌ ရွက်ဖျင်တဲများထိုးထားသည့်မြို့ (tented city) တစ်မြို့ကိုလည်း ကမ္ဘာလှည့်ခရီးသည် များအတွက် ဖော်ထုတ်ဖန်ဆင်းမည်ဟု ဆိုပါ၏။

လောလောဆယ် ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် ရုပ်တုရှိသည့် နေရာသို့ သွားရောက်လိုလျှင် Vadodara မြို့သို့ လေယာဉ် သို့မဟုတ် ရထားဖြင့် လာရောက်ကြရပြီး ထိုမှတစ်ဆင့် ကား ဖြင့် ခရီးဆက်ကြရသည်။ သို့သော် ယခု အခါ Vadodara မှ ရုပ်တုရှိရာသို့ လေး လမ်းသွားလမ်းမကြီးတစ်ခု ဖောက်လုပ် နေပြီဖြစ်သည်။ နောင်တစ်ချိန်တွင် ဤ ရုပ်တုရှိသည့်နေရာသည် တိုးရစ်အများ အပြားလာရောက်ပြီး အလွန်သိုက်မြိုက် စည်ကားဝင်ငွေကောင်းသည့် နေရာ တစ်ခုဖြစ်လာမည်ဟု ဂူဂျက်ရက်ပြည်နယ် အစိုးရက မျှော်လင့်ထားပါ၏။

အချုပ်ဆိုရလျှင် ကမ္ဘာအမြင့် ဆုံးရုပ်တုကို အောက်ခြေအဆောက်အအုံ မှ ရုပ်တုထိပ်ပိုင်းအထိ တည်ဆောက်ခဲ့ ရာတွင် အသုံးပြုခဲ့ကြရသည့် ပစ္စည်းပစ္စယ မှာ ကွန်ကရစ်ကုဗမီတာ ၂၁၀,၀၀၀၊ အားဖြည့် သံမဏိမက်ထရစ်တန်ချိန် ၁၈၅၀၀၊ တည်ဆောက်မှုသုံး သံမဏိမှာ မက်ထရစ်တန်ချိန် ၆၅၀၀ ဘိလပ်မြေ မက်ထရစ်တန်ချိန် ၇၀၀၀၀ နှင့် ကြေး ဖြင့်ပုံဖော်တပ်ဆင်မှုမှာ မက်ထရစ်တန် ချိန် ၁၇၀၀ ရှိသည်။ ရုပ်တုဒီဇိုင်းရေးဆွဲ ရန် ၁၃ လကြာမြင့်ခဲ့ပြီး တည်ဆောက်ခဲ့ ရသည့်အချိန်ကာလမှာ ၃၁ လဖြစ်သည်။

ကမ္ဘာ့အမြင့်ဆုံးရုပ်တု

Sardar Patel ၏ စုစုပေါင်း အမြင့်မှာ ၁၈၂ မီတာရှိသည်ဆိုသော် လည်း အောက်ခြေအဆောက်အအုံ အမြင့် ၂၅ မီတာကို ဖယ်လိုက်လျှင်၊ အမှန် တကယ်ရုပ်တု၏ ခြေဆုံးခေါင်းဆုံးအမြင့် သည် ၁၅၇ မီတာရှိသည်။ ထိုအမြင့်သည် ပင်လျှင် ကမ္ဘာပေါ် ၌ ရှိရှိသမျှသော ရုပ်တု များထဲတွင် အမြင့်မားဆုံးရုပ်တုအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါ၏။ Patel ၏ ရုပ်တုမတိုင်မီက အချို့သော နိုင်ငံများတွင် မြင့်မားသော ရုပ်တုများရှိခဲ့ပါသည်။ တရုတ်ပြည်က Spring Temple Buddha မည်သော ဗုဒ္ဓ ဆင်းတုတော်မှာ ၁၅၃ မီတာမြင့်သည်။ မြန်မာနိုင်ငံမှ လေးကျွန်းစကြာမြတ်စွာ ဘုရားဆင်းတုတော်မှာ ၁၁၆ မီတာမြင့် သည်ဟု ဆိုသည်။ ဂျပန်နိုင်ငံက Ushiku Daibutsu ဗုဒ္ဓဆင်းတုတော်မှာ ၁၁၀ မီတာ မြင့်သည်။ ထို့ပြင် အမေရိကန် နိုင်ငံ နယူယောက်မြို့ လောဘာတီရုပ်တု (Statue of Liberty) မှာ ၉၇ မီတာမြင့် ပါ၏။ ထိုင်းနိုင်ငံရှိ The Great Buddha ဆင်းတုတော်မှာ ၉၁ မီတာသာမြင့်ပြီး ရုရှားက The Motherland Calls ရုပ်တု မှာ ၈၇ မီတာသာမြင့်သည်။ ဘရာဇီးနိုင်ငံ က Christ The Redeemer ခရစ်တော် မှာ ၃၈ မီတာသာရှိပါ၏။

Sardar Patel ဘယ်သူလဲ

အကြမ်းမဖက်သောနည်းဖြင့် ဗြိတိသျှအုပ်ချုပ်ရေးအား ဆန့်ကျင်တော်လှန်သည့် အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော Gandhi ၏ သြ၀ါဒကို ခံယူလျက်၊ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ ကြသူများထဲတွင် ပါဝင်ခဲ့သူတစ်ဦးမှာ Sardar Vallabhbhai Patel ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့တင် သူသည်ပထမဆုံး ပြည်ထဲ ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ရသည်။ ယနေ့ခေတ် မြင်တွေ့နေကြရ သည့် အိန္ဒိယပြည်ထောင်စုသည် သူ ပြည်ထဲရေးဝန်ကြီးဘ၀က ဆောင်ရွက်ခဲ့ မှု၏ အသီးအပွင့်များဖြစ်သည်ဟု ဆိုနိုင် သည်။ အိန္ဒိယ လွတ်လပ်ရေးရခါစ ကာလ တွင် အိန္ဒိယပြည်တွင်း၌ ကိုယ့်နယ်မြေ ကိုယ့်ဒေသများကို သူတစ်လူ ငါတစ်မင်း အုပ်ချုပ်နေကြသော မင်းမျိုးမင်းနွယ် ပေါင်း ၅၀၀ ကျော်ရှိသည်။ ၎င်းတို့အား အိန္ဒိယပြည်ထောင်စုဖွဲ့စည်းရာတွင် ပူး ပေါင်းပါဝင်ရန် အောင်မြင်စွာ စည်းရုံး သိမ်းသွင်းနိုင်ခဲ့သူမှာ Sardar Patel ပင် ဖြစ်ပါ၏။ ထိုသို့ စည်းရုံးသိမ်းသွင်းရ သည်မှာ ထိုစဉ်က လွယ်ကူသည့် ကိစ်္စ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော မင်းမျိုးမင်းနွယ်များအနေဖြင့် လွတ်လွတ် လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိသောကြောင့် ဖြစ်၏။ ၎င်းင်းတို့အနေဖြင့် ပါကစ်္စတန်နှင့် ပူးပေါင်းချင်လျှင် ပူးပေါင်းခွင့်ရှိသည်။ အိန္ဒိယနှင့် ပူးပေါင်းလိုကလည်း ပူးပေါင်း နိုင်သည်။ သို့မဟုတ် သီးခြားလွတ်လပ် သော တိုင်းပြည်တစ်ခုအဖြစ် နေလိုက နေနိုင်သည်။

Sardar Patel သည် ယင်းသို့ အုပ်ချုပ်နေကြသူများကို တစ်ဦးတစ်လေ မှအပ အားလုံးကို ပြောဆိုစည်းရုံးနိုင်ခဲ့ သည်။ သို့သော် အိန္ဒိယ၏အလယ်ဗဟို လောက်တွင် တည်ရှိပြီး၊ စတုရန်းမိုင် ပေါင်း ၈၀၀၀၀ ကျော် ကျယ်ပြန့်သော Hyderabad နယ်ပယ်ကို အုပ်ချုပ်သော Nizam of Hyderabad  က သီးခြားလွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်လိုသည်။ Hyderabad ၌ နေထိုင်ကြသူအများစု မှာ ဟိန္ဒူများဖြစ်ပြီး အုပ်ချုပ်သူအသိုင်း အ၀ိုင်းမှာ လူနည်းစု အစ္စလာမ်များဖြစ် ရာ၊ Sardar Patel က ၁၉၄၈ စက်တင် ဘာလတွင် အိန္ဒိယစစ်တပ်ဖြင့် လျှပ်တစ် ပြက် ၀င်ရောက်သိမ်းပိုက်ခဲ့ရသည်။ ထို့ ကြောင့် အချို့က သူ့ကိုသံမဏိလူသား ဟု ခေါ်ဆိုဂုဏ်ပြုခဲ့ကြသည်။

Patel သည် အမျှော်အမြင် ကြီးမားသော နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူ၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ စည်းလုံးခိုင်ခံ့သည့် အိန္ဒိယနိုင်ငံ တည်ဆောက်ရေးဖြစ်၏။ သူကားမျိုးချစ် စိတ်ထက်သန်သည်။ လူအများကို ဆွဲဆောင်ဖျောင်းဖျစည်းရုံးနိုင်စွမ်းရှိသည်။ တရားမျှတမှုကို လိုလားသည်။ ပြည်သူ့ ဘက်တော်သား တစ်ဦးဖြစ်၏။ ရိုးသားသည်။ ကိုယ်ကျိုးဖက်ခြင်း အလျင်းမရှိ။ တိုင်းပြည်အတွက် အနစ်နာခံဆောင်ရွက်ရာ၌ ရှေ့တန်းက ပုဂ္ဂိုလ်ဖြစ်၏။ လွတ်လပ်ရေးလွန် အိန္ဒိယတွင် တိုင်းပြည်အတွက် အဓိက အလုပ်အကျွေး ပြုခဲ့သူ ပုဂ်္ဂိုလ်လေးဦးရှိခဲ့ပါသည်။ တစ် ဦးမှာ အိန္ဒိယလွတ်လပ်ရေး၏ဖခင် Mahatma Gandhi ၊ နောက်တစ်ဦးမှာ အိန္ဒိယ၏ ပထမဆုံး ၀န်ကြီးချုပ် Jawaharlal Nehru အခြားတစ်ဦးမှာ အိန္ဒိယဖွဲ့စည်း ပုံကို အဓိကရေးဆွဲခဲ့သော ထိုစဉ်က ဥပဒေရေးရာဝန်ကြီး Dr.B.R Ambedkar နှင့် အိန္ဒိယ၏ ပထမဆုံးပြည်ထဲရေး ၀န်ကြီး Sardar Patel တို့ဖြစ်ပါ၏။ ယခု အခါ လက်ရှိ အိန္ဒိယ၀န်ကြီးချုပ် နာရန် ဒရာ မိုဒီက သမိုင်းထဲ၌ တိမ်မြုပ်ပျောက် ကွယ်နေခဲ့သော အိန္ဒိယပြည်ထောင်စု ဖန်တီးရှင် Sardar Patel အား မိုးထိဘနန်း ကမ္ဘာအမြင့်ဆုံး ရုပ်တုတည်ဆောက် ကာ ဂုဏ်ပြုလိုက်ခြင်းဖြစ်ပါ၏။

Ref: 1. Special report: statue of Unity HIGH AND MIGHTY; by Uday Mahrkar. INDIA TODAY, Oct 29,2018. 2. The Unifier of modern India; by M.Venkaiah Naidu, (the Vice-Pre-sident of India). The Hindu, Oct 31,2018

 

မင်းရွှေမောင်  ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service