တစ်နိုင်ငံလုံးရှိ အစိုးရစီမံကိန်းများကို တစ်ထိုင်တည်း ရင်းနှီးမြှုပ်နှံ ခွင့်ပေးမည့် Invest Myanmar Summit 2019 ကျင်းပမည်

တစ်နိုင်ငံလုံးရှိ အစိုးရစီမံကိန်းများကို တစ်ထိုင်တည်း ရင်းနှီးမြှုပ်နှံ ခွင့်ပေးမည့် Invest Myanmar Summit 2019 ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
21 Jan 2019 11:29 am တွင် တင်ခဲ့သည်
2708 ကြိမ် ကြည့်ရှု့ပြီး

တစ်နိုင်ငံလုံးရှိ အစိုးရစီမံကိန်း လုပ်ငန်းများ ကို Invest Myanmar Summit 2019 တွင် ချပြပြီး နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို တစ်ထိုင်တည်း ရင်းနှီးမြှုပ်နှံခွင့် ပေး မည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲကို ဇန်နဝါရီ ၂၈ ရက် မှ ၂၉ ရက်အထိ နေပြည်တော် MICC-2 တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်ဖြစ်ကာ ပြည်ထောင် စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များအားလုံး တက်ရောက်မည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက တစ်နိုင်ငံလုံးရှိ စီမံကိန်းလုပ်ငန်းများကိုချပြရှင်းလင်းကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးက ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။

"အရင်လို ဟောပြောပြီး ပြန် သွားမယ့်ပွဲမဟုတ်ပါဘူး။ အခုက ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း သူမှာရှိတဲ့ စီမံကိန်းတွေချပြမယ်။တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ က သူတို့ဆီက စီမံကိန်းတွေ ချပြမယ်။ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အခွန်တို့၊ ရင်းနှီး မြှုပ်နှံမှုကော်မရှင်တို့စတဲ့ ဝန်ကြီး ဌာနတွေက တစ်ခါတည်းအသင့်ရှိနေတယ်။ ရင်းနှီးမြှုပ်နှံသူ က ကြိုက်ရင် တစ်ခါတည်းအလုပ် ဖြစ်မယ့်ပွဲပါ" ဟု ၎င်းင်းက ပြောသည်။

ယင်းပွဲသို့ နိုင်ငံပေါင်းစုံရှိ ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင် တစ်ထောင်ကျော် တက်ရောက် ရန်ရှိပြီး နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများလည်း တက်ရောက် ကြမည်ဖြစ်ကြောင်း ၎င်းင်းက ဆက် လက် ပြောကြားသည်။

"အပေါ်ထပ်မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ရင်းနှီမြှုပ်နှံနိုင်မယ့် စီမံကိန်းတွေကို ရှင်းပြနေတဲ့ အချိန်မှာ အောက်ထပ် အစည်းအဝေးခန်းမတွေမှာလည်း ကိုယ်ရင်းနှီးမြှုပ်နှံလိုတဲ့ကိစ္စတွေကို သေချာ ဆွေးနွေးညှိနှိုင်းနိုင်မယ်။ ပြီးတော့ သက်ဆိုင်ရာဌာနဆိုင်ရာ ပေါင်းစုံလည်း အဆင်သင့်ရှိတော့ တစ်ခါတည်းပြီးမယ့် ရင်းနှီးမြှုပ်နှံမှုပွဲပါ" ဟု ၎င်းကပြောသည်။

Invest Myanmar Summit 2019 ၏အဓိကရည်ရွယ်ချက် မှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရများ နှင့် စီးပွားရေးအသိုက်အဝန်းကို ဆက်သွယ်ပေးမည့် လမ်းကြောင်းတစ်ခု ဖန်တီးရန်ဖြစ်ကြောင်း၊ ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရများက လည်း မိမိတို့ဒေသ၏ စီးပွားရေး အခွင့်အလမ်းများ ပြသနိုင်မည်ဖြစ်ပြီး နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ရှာဖွေတွေ့ရှိနိုင်မည်ဖြစ် ကြောင်း ၎င်းကရှင်းပြသည်။

ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဌေးဝင်း ယင်းပွဲတွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကမ်းခြေပတ်လမ်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ ဟိုက်ဝေးလမ်း စသော အခြေခံအဆောက်အအုံ စီမံကိန်းများအပြင် အခြားသော ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၏စီမံကိန်းများကို ရင်းနှီးမြှုပ်နှံသူ များအား တင်ပြမည်ဖြစ်သည်။

" စီမံကိန်းတွေက လက်တလော လုပ်လို့ရတဲ့ ရေတိုစီမံကိန်းတွေ၊ ရှိပြီးသားစီမံကိန်းတွေနဲ့ ရေရှည်စီမံကိန်းတွေ ရှိတယ်။ ရေတိုစီမံကိန်း တွေနဲ့ ရှိပြီးသားစီမံကိန်းတွေကို ရင်းနှီးမြှုပ်နှံမယ့်သူက ကြိုက်ရင် တစ်ခါတည်းစာချုပ်ချုပ်လို့ရနိုင်တယ်။ ရေရှည်စီမံကိန်းတွေ ကို တော့ ကြိုက်တယ်ဆိုရင် ဖြစ်နိုင် ခြေတွေကို ကြိုတင်လေ့လာတာ တွေ လုပ်နိုင်တာပေါ့ " ဟု ၎င်းက ပြောသည်။

ယင်းပွဲရှိ စီမံကိန်းပေါင်း ၁၂၀ ကျော်၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော် တန်ဖိုးရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန် ထားသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service