သီလဝါအထူးစီးပွားရေးဇုန်ရှိ ဧက ၆,၀၀၀ တွင် စမတ်စီးတီးဖော်ဆောင်မည်

သီလဝါအထူးစီးပွားရေးဇုန်ရှိ ဧက ၆,၀၀၀ တွင် စမတ်စီးတီးဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
21 Jan 2019 10:34 am တွင် တင်ခဲ့သည်
3353 ကြိမ် ကြည့်ရှု့ပြီး

သီလဝါအထူးစီးပွားရေး ဇုန်ရှိ မြေဧက ၆,၀၀၀ တွင် စမတ်စီးတီးအကောင်အထည်ဖော်ရန် မဟာဗျူဟာစီမံကိန်း (Master Plan) ရေးဆွဲမည်ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောသည်။

၂၀၁၅ တွင် စတင်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်စဉ် ဧက ၆,၀၀၀ ကို အပိုင်းလိုက် အကောင်အထည်ဖော်ရန် စီစဉ်ထား သော်လည်း အောင်မြင်မှုများရရှိ နေ၍ ဧရိယာ အကုန်လုံးကို အကောင်အထည်ဖော်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

‘‘တခြားနိုင်ငံတွေမှာ အောင် မြင်ဖို့က အချိန် ၁၀ နှစ်လောက် ကြာတယ်။ ဒီမှာက သုံးနှစ်အတွင်းမှာ ဝင်လာတာ တော်တော်များတယ်။ ဇုန်အေ (အပိုင်း−က) က ၉၅ ရာခိုင်နှုန်းပြီးတော့။ ဇုန်ဘီ (အပိုင်း−ခ)လုပ်တယ်။ အခြေခံအဆောက်အအုံတောင် မပြီးသေး ဘူး။ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုကထက်ဝက်ကျော်နေတော့ အောင်မြင်မှုက တော်တော်ကြီးမားပါ တယ်’’ဟု ဒေါက်တာရွှေဟိန်းက ပြောသည်။

ယခုရေးဆွဲမည့် မဟာဗျူဟာစီမံကိန်းတွင် သီလဝါအထူး စီးပွားရေးဇုန်ကို လူမှုစီးပွားတစ်ခု လုံး အထောက်အကူပြုရန် နေချင်စဖွယ် စမတ်စီးတီးတစ်ခုအဖြစ် ဖော်ဆောင်မည်ဖြစ်သည်။ သီလ ဝါအထူးစီးပွားရေးဇုန်ကို ဒေသအတွင်း အကြီးဆုံးစီမံကိန်းတစ်ခု အဖြစ် အကောင်အထည်ဖော်ရန် ဂျပန်အစိုးရက စီစဉ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အသံ အမတ်က ဇန်နဝါရီ ၁၂ ရက်၌ ပြောကြားခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် ကို အပိုင်း (က)၊ (ခ)၊ (ဂ) သာမက ယခင်အစိုးရသတ်မှတ်ထားသည့် မြေဧက ၆,၀၀၀ (ဟက်တာ ၂,၄၀၀)စလုံး ဆက်လက်ဆောင်ရွက်မည်ဟု ဆိုသည်။

သီလဝါအထူးစီးပွားရေးဇုန် ကို အကောင်အထည်ဖော်ရန် ၂၀၁၂ ဒီဇင်ဘာတွင် မြန်မာ-ဂျပန်နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

ဟက်တာ ၄၀၀ ကျော်ရှိ သည့် အပိုင်း (က)ကို ၂၀၁၅ တွင် စတင်ခဲ့ပြီး ၂၆၂ ဟက်တာရှိသည့်အပိုင်း (ခ)ကို ဆက်လက်ဆောင် ရွက်ပြီး အပိုင်း (ဂ)ကို အကောင် အထည်ဖော်ရန် စီစဉ်နေသည်။

သီလဝါအထူးစီးပွားရေးဇုန် ကို မြန်မာအစိုးရနှင့် ဂျပန်အစိုးရ တို့က ၁၀ ရာခိုင်နှုန်းစီ၊ မြန်မာ ပုဂ္ဂလိကကုမ္ပဏီများက ရှယ်ယာ ၄၁ ရာခိုင်နှုန်းနှင့် ဂျပန်ကုမ္ပဏီ သုံးခုက ရှယ်ယာ ၃၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service