မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကင်းလွတ်ခွင့်ကာလ နှင့် မြေခွန်နှုန်းထားများ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကင်းလွတ်ခွင့်ကာလ နှင့် မြေခွန်နှုန်းထားများ - Property Knowledge in Myanmar from iMyanmarHouse.com
18 Jan 2019 12:25 pm တွင် တင်ခဲ့သည်
1203 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေခွန်ကင်းလွတ်ခွင့်ကာလကို စတင်ခွင့်ပြုသည့်နေ့မှစ၍ လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုးအစားအလိုက် အောက်ပါအတိုင်း သတ်မှတ်ခွင့်ပြုပေးနိုင်သည်-

(က) စိုက်ပျိုးရေးလုပ်ငန်းတွင်

(၁) နှစ်ရှည်ပင် စိုက်ပျိုးမြေဖြစ်လျှင် - ၅ နှစ် (၂) ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမြေဖြစ်လျှင် - ၃ နှစ် (၃) ရာသီးသီးနှံ၊ စက်မှုကုန်ကြမ်း ရာသီသီးနှံ စိုက်ပျိုးမြေဖြစ်လျှင် - ၂ နှစ်

(ခ) မွေးမြူရေးလုပ်ငန်းတွင်

(၁) ငါး၊ ပုဇွန်၊ ဂဏန်း မွေမြူရေးဖြစ်လျှင် - ၂ နှစ် (၂) တိရစ္ဆာန်မွေးမြူရေးဖြစ်လျှင် -

(ကက) ကျွဲ၊ နွား၊ မြင်း မွေးမြူရေး လုပ်ငန်းတွင် အသုံးပြုပါက - ၂ နှစ်

(ခခ) သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုပါက - ၂ နှစ်

(ဂဂ) ကြက်၊ ဝက်၊ ဘဲ၊ ငုံးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုပါက - ၁ နှစ်

(၃) နည်းဥပဒေခွဲ (ခ) ၊ နည်းဥပဒေခွဲငယ် (၁)နှစ် (၂)နှစ် တို့တွင် အကျုံးမဝင်သော မွေးမြူရေးလုပ်ငန်းဖြစ်ပါက အမျိုးတူ မွေးမြူရေးလုပ်ငန်းအလိုက် သင့်လျော်သည့်ကာလ။

(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းတွင် မြန်မာ့သတ္တုတွင်း ဥပဒေအရ ပြည်တောင်စုအစိုးရ သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့်ကာလ၊

(ဃ) အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီးညွတ်သည့်အခြားလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့်ကာလ၊ မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီးနောက်ပေးဆောင်ရမည့်အခွန်နှုန်းထားများ

မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသည့်နေမှစ၍ တစ်နှစ်လျှင်တစ်ကြိမ် အောက်ပါနှုန်းထားအတိုင်း ပေးသွင်းရမည်

(က) စိုက်ပျိုးရေးလုပ်ငန်းတွင်

(၁) နှစ်ရှည်ပင်စိုက်ပျိုးမြေဖြစ်လျှင် အမှန်စိုက်ပျိုးဧက တစ်ဧကအတွက် ကျပ် ၃၀၀၀ နှုန်း (၂) ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမြေဖြစ်လျှင် အမှန်စိုက်ဧက တစ်ဧကအတွက် ကျပ် ၂၀၀၀ နှုန်း (၃) ရာသီးသီးနှံ စက်မှုကုန်ကြမ်း ရာသီသီးနှံစိုက်ပျိုးမြေဖြစ်လျှင် အမှန်စိုက်ဧက တစ်ဧကအတွက် ကျပ် ၁၀၀၀ နှုန်း

(ခ) မွေးမြူရေးလုပ်ငန်းတွင်

(၁) ငါး၊ ပုဇွန်၊ ဂဏန်း မွေးမြူရေးလုပ်ငန်း အသုံးပြုမည်ဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၃၀၀၀ နှုန်း

(၂) တိရစ္ဆာန်မွေးမြူရေးဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၁၀၀၀ နှုန်း

(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း အသုံးပြုမြေဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၅၀၀၀ နှုန်း

(ဃ) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ အသုံးပြုမြေဖြစ်ပါက ပြည်တောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့် အခွန်နှုန်း

(င) အထက်ပါ သတ်မှတ်နှုန်းထားများကို ငွေကြေးတန်ဖိုးပြောင်းလဲမှုအပေါ်မူတည်၍ လိုအပ်ပါက ပြည်တောင်စုအစိုးရအဖွဲ.၏ သဘောတူညီချက်ဖြင့် ပြင်ဆင်သတ်မှတ်သည့်အခွန်နှုန်း

 

Credit: Winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service