၂၀၁၉ ခုနှစ်အတွင်း သြစတေးလျသည် ကမ္ဘာကျော်တွင် အိမ်ခြံမြေဈေးနှုန်း အကျဆင်းဆုံးနိုင်ငံဖြစ်လာမည်ဟုဆို

၂၀၁၉ ခုနှစ်အတွင်း သြစတေးလျသည် ကမ္ဘာကျော်တွင် အိမ်ခြံမြေဈေးနှုန်း အကျဆင်းဆုံးနိုင်ငံဖြစ်လာမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Jan 2019 11:07 am တွင် တင်ခဲ့သည်
731 ကြိမ် ကြည့်ရှု့ပြီး

သြစတေးလျနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၉ ခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းဖွယ်ရာရှိနေရာ တစ်ကမ္ဘာလုံးရှိ ဈေးကွက်များတွင် အကြီးမားဆုံးကျဆင်းမှုဖြစ်ကြောင်း Citi Research က ထုတ်ပြန်သည်။

“စောင့်ကြည့်လေ့လာခဲ့သော ဈေးကွက်ပေါင်း ၆၀ ခန့်အနက် ဈေးကွက် ၁၁ ခုမှာ လာမည့် ၁၂ လအတွင်း အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာကျဆင်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ယင်းတို့အနက် သြစတေးလျမှာ ၁၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းဖွယ်ရာရှိနေသည်”ဟု Citi Research ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမှုဖြစ်ပေါ်စေခြင်း၏ အကြောင်းအချက်များမှာ ငွေချေးမှုစံနှုန်းများ ပိုမိုတင်းကြပ်လာခြင်း၊ နိုင်ငံခြား ဝယ်လက်တို့၏ လှုပ်ရှားမှု ကျဆင်းလာခြင်းနှင့် ရောင်းလိုအားမြင့်တက်လာခြင်းတို့ကြောင်းဖြစ်ကြောင်းလည်း Citi Research က သုံးသပ်ထားသည်။

Citi Research ၏ ဖော်ပြချက်အရ အိမ်ခြံမြေဈေးနှုန်းများစွာကျဆင်းမည့် နိုင်ငံများမှာ သြစတေးလျအပြင် ဆွီဒင်နှင့် တောင်ကိုရီးယား တို့လည်း ထိပ်ဆုံးမှ ပါဝင်နေသည်။

“တရုတ်အစိုးရက အရင်းအနှီးသွင်းအားစု စီးထွက်မှုများကို တင်းကြပ်မှုများပြုလုပ်လာခြင်းနှင့် လူနေအိမ်ခြံမြေဈေးကွက်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အခွန်ပြောင်းလဲခြင်းများရှိလာမှုတို့ကြောင့် ပြည်ပဝယ်လိုအားမှာ ကျဆင်းလာခဲ့သည်” ဟု Citi Research က ထုတ်ပြန်သည်။

“ထို့အပြင် အိမ်ခြံမြေဝယ်လိုအားကောင်းနေခြင်းအပေါ် ရောင်းလိုအားဖြည့်တင်းပေးနိုင်မှုမှာလည်း နောက်ကျစွာပေါ်ပေါက်ခြင်းမျိုးကို သြစတေးလျတွင် အထင်ရှားဆုံးတွေ့ရသည်”ဟုလည်း Citi Research က ထောက်ပြသည်။

တရုတ်စီးပွားရေးမှာ ထင်ထင်ရှားရှား အရှိန်အဟုန်ကျဆင်းလာခြင်းမှာလည်း သြစတေးလျအပါအဝင် ကုန်စည်တင်ပို့သည့် နိုင်ငံများအတွက် အထိနာစေလျက်ရှိရာ အိမ်ခြံမြေဈေးနှုန်းများအပေါ်လည်း ဂယက်ရိုက်လာဖွယ်ရှိနေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

kalaw-garden-valley
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service