ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ နေအိမ်အတွင်း လူတစ်ဦးဝင်လာကာ တစ်ညလုံးနေထိုင်သွားခြင်းကြောင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်လျက်ရှိ

ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ နေအိမ်အတွင်း လူတစ်ဦးဝင်လာကာ တစ်ညလုံးနေထိုင်သွားခြင်းကြောင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
17 Jan 2019 12:02 pm တွင် တင်ခဲ့သည်
1014 ကြိမ် ကြည့်ရှု့ပြီး

တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့

ခေါ်ဈေး- ကန်ဒေါ်လာ ၇ ဒသမ ၄၉၅ သန်း

အကျယ်အဝန်း- ၇၁၃၀ စတုရန်းပေ၊ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်း

ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ မေလအတွင်းက အီဒွါဒို လီယွန်ဟူသော အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ရီဟားနား၏ လော့စ်အိန်ဂျလိနေအိမ်ခြံစည်းရိုးကို ခုန်ကျော်ဝင်ရောက်ကာ အိမ်တွင်း၌ ၎င်း၏ ဖုန်းကိုပင် အားသွင်းခဲ့ပြီး တစ်ညလုံးနေထိုင်ခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

လီယွန်က ရဲတပ်ဖွဲ့ထံ ထွက်ဆိုရာတွင် ရီဟားနားနှင့် လိင်ဆက်ဆံရန် ရည်ရွယ်ကာ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားအပြီး ၇ လကျော်အကြာ ယခုအခါတွင် ရီဟားနားက အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၄၉၅ သန်း ဈေးခေါ်ကာ အရောင်းဈေးကွက်တင်လာသည်။

ရီဟားနားသည် ယခင်ကလည်း နေအိမ်ရှေ့တွင် တနေကုန် လာရောက်ကြည့်ရှုသူများ အလွန်များပြားလှသောကြောင့် လော့စ်အိန်ဂျလိမြို့ ပင်လယ်ကမ်းခြေနေအိမ်ကြီးကို ရောင်းထုတ်ခဲ့ဖူးသည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/545164 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)

ဂရမ်မီဆု ၉ ကြိမ်ရရှိထားသူ ရီဟားနားသည် အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်ပြီး စုစုပေါင်းအကျယ်အဝန်း ၇၁၃၀ စတုရန်းပေရှိသည်။

ပင်မ ၃ ထပ်နေအိမ်အပြင် ရေကန်ဘေးတွင် ဧည့်ဂေဟာအိမ်တစ်လုံးနှင့် ကား ၂ စင်းဆန့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

kalaw-garden-valley
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service